Chapter 5

312 44 0
                                    

ငပျင်းတစ်ကောင်ရဲ့စွန့်စားခန်း
ဘာသာပြန် - မြူခိုး
အပိုင်း (၅)
နောက်ဆုံးတော့အပြင်ရောက်လာပြီပဲ

ခြောက်လခန့်ကြာသော်

"မင်္ဂလာပါ စနစ်ရှင်"

"မင်္ဂလာပါ အာဒါ"

"စနစ်ရှင် သင်မွေးဖွားဖို့မိနစ်ပိုင်းသာလိုပါတော့တယ်"

"မင်းငါ့ကို စနစ်ရှင်လို့ခေါ်တာရပ်ပေးလို့ရမလား။ ငါ့ကို
Onni chan လို့ Hikari Congue"

"Onni chan"

"ဟုတ်ပြီကွ"

" တကယ်ကြီးလားကွာ"

ရဲ့ဟန်တစ်ယောက်သူ့ရဲ့အိပ်မက်ဆန်တဲ့ကံတရားကိုမယုံကြည်နိုင်သေးပေ။ သူသည်အမြဲတမ်းသာယာပျော်ရွှင်ဖွယ်ကောင်းသောမိသားစုလေးကိုပိုင်ဆိုင်နိုင်ရန် မျှော်လင့်ခဲ့သည်။အတိတ်ဘဝက ရဲ့ဟန်သည်မိဘမဲ့တစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာသာကြီးပြင်းခဲ့ရသူဖြစ်သည်။ သို့သော်သူ၏IQမှာအလွန်မြင့်ကာထူးချွန်သောကြောင့်စကောလားရှစ်ရကာကျောင်းတက်နိုင်ခဲ့လေသည်။

သူနောက်ထပ်သတိရသည့်ပျော်ရွှင်ဖွယ်အချိန်တစ်ခုကတော့
သူ၏ညီမငယ်လေးကသူ့ကိုOnniChanလို့ခေါ်ချိန်ပင်ဖြစ်သည်။ နောက်ဆုံးတော့လည်း သူ၏ညီမငယ်လေးမှာအချစ်ကို ဖွေတွေ့ရှိသွားပြီး သူနှင့်ဝေးကွာသွားတော့သည်။သူတစ်ယောက်သာ ခုချိန်ထိရည်းစားမရှိသဖြင့် လွန်စွာစိတ်ဓာတ်ကျခဲ့ရလေ၏။

ဆယ့်လေးနှစ်အရွယ်တွင်တော့
မိဘမဲ့ဂေဟာကထွက်ခဲ့ပြီးအစိုးရကသူ့ကိုအရစ်ကျပေးချေမှုနဲ့ထောက်ပံ့ပေးသည့်အခန်းကျဉ်းလေးကိုပြောင်းနေခဲ့ရသည်။
အနာဂတ်မျိုးဆက်သစ်programကထောက်ပံပေးတဲ့ပိုက်ဆံများကိုအသုံးပြုကာတိုက်ခန်းဖိုးအားအရစ်ကျပေးချေရလေသည်။သူ့ကိုဂရုစိုက်ကြင်နာပေးမယ့်သူတစ်ယောက်မှမရှိတာကြောင့်ရဲ့ဟန်ဟာသူ့ရဲ့ဘဝကိုအထီးကျန်စွာဖြတ်သန်းခဲ့ရလေသည်။တစ်နေ့လမ်းလျှောက်ထွက်ရင်းကာတွန်းကားတစ်ကားကြည့်မိရာမှအစပြုကာရှန်းရှ ၊mangaတွေကြားပျော်မွေ့ကာနေထိုင်ခဲ့သော်လည်းမိသားစု၏ချစ်မေတ္တာကိုမရခဲ့သဖြင့်လွန်စွာဝမ်းနည်းခဲ့ရလေသည်။

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now