Chapter 14

432 42 8
                                    

Zawgyi

ငပျင်းတစ်ကောင်ရဲ့စွန့်စားခန်း
အပိုင်း(၁၄)နော့ဒင်းကျောင်းတော်သို့

စိတ်ဝိညာဉ်တက်လှမ်းခြင်းနယ်မြေတွင်နာရီအနည်းငယ်ခန့်ကြာပြီးနောက်ရဲ့ဟန်မှာဝိတ်ဝိညာဉ်ကွင်းများကိုစုပ်ယူခြင်းပြီးဆုံးစွားပြီဖြစ်လေသည်။ထို့နောက်တွင်သူ၏အချက်အလက်များကိုထပ်မံစစ်ဆေးလိုက်လေသည်။

l "အခြေအနေ"

အမည်-ရဲ့ဟန်

အသက်: ၆ နှစ်

ဝိညာဉ်အဆင့်- ၁၅ (ဝိညာဉ်တော်သခင်)

ခန္ဓာကိုယ်ကျင့်စဉ်- မူလဘူတခန္ဓာကျင့်စဉ် (အသေးစားအောင်မြင်မှု)

စိတ်ဝိညာဉ် -ပန်ဒါဝက်ဝံ၏သားမွေးသံချပ်ကာချပ်ဝတ်တန်ဆာ အသက်-နှစ်၃၀၀ (ပေါင်းစည်းမှု = ခွန်အား၊ အရှိန်၊ ကာကွယ်ရေး၊ ပြန်လည်ကုသမှု၊ ဝိညာဉ်စွမ်းအား တို့ကို၆၀%တိုးစေသည်။)

ဝိညာဉ်စွမ်းရည်-

ပထမစိတ်ဝိညာဉ်ကွင်း- ကိုယ်ပွားခြင်း (သက်တမ်းနှစ်တစ်သောင်း- မူလခန္ဓာကိုယ်၏ စွမ်းအားရှိသော၃၀%ပါရှိသော ကိုယ်ပွား ကိုထုတ်လုပ်နိုင်သည်။

ဝိညာဉ်- ဖန်ဆင်းရှင်၏ ptop (ထူးခြားသော) အခြေအနေ

*မိုက်တယ်ဟစိတ်ဝိညာဉ်ကွင်းတွေကိုစုပ်ယူလိုက်တာနဲ့ပဲချပ်ဝတ်တန်ဆာဝိညာဉ်ရဲ့ပေါင်းစပ်စွမ်းအားက၄၀%ကနေ၆၀%ကိုမြင့်သွားတာပဲ"

ထို့နောက်တွင်တော့သူသည်အဆုံးမဲ့နတ်ဘုရားစိတ်ဝိညာဉ်နယ်မြေသို့ပြန်ရောက်လေသည်။အစက ကျင့်ကြံမည်ဟုဆုံးဖြတ်ထားသော်လည်းလေတဖြူးဖြူးနှင့်ဖဲမွေ့ယာနှင့်ခေါင်းအုံးတို့ကရဲ့ဟန်အားအိပ်စက်ခြင်းဆီသို့ဆွဲခေါ်သွားလေတော့သည်။

ရဲ့ဟန်လည်းအိပ်ရာထသည့်အချိန်တွင်တော့အခန်းထဲသို့ပြန်ရောက်နေပြီဖြစ်သည်။ရဲ့ဟန်လည်းရေချိုးရန်အတွက်ရေချိုးခန်းထဲသို့ဝင်သွားလေသည်။ငါးမိနစ်ခန့်အကြာတွင်မူရဲ့မိုင်လီရောက်လာပြီးရဲ့ဟန်ယခုဝတ်ဆင်မည့်အဝတ်အစားများကိုအဆင်သင့်ပြင်ထားပေးပြီးကျောင်းသို့ယူသွားမည့်အရာများကိုပြင်ဆင်ထုပ်ပိုးပေးနေလေသည်။နာရီအနည်းငယ်ကလျှင်မြန်စွာကုန်လွန်သွားပြီးနောက်ရဲ့ဟန်လည်းကျောင်းသွားရန်အတွက်အဆင့်ဖြစ်နေပြီဖြစ်သည်။
"သားလေး၊ မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်။ထမင်းကိုအချိန်မှန်မှန်စား။ကျောင်းမသွားခင်နဲ့ကျောင်းကပြန်လာရင်ရေချိုးနော်။ညဘက်စောစောအိပ်"
ရဲ့မိုင်လီသည်ရဲ့ဟန်အားတစ်နာရီခန့်ကြာအောင်သြဝါဒခြွေပြီးနောက်တွင်တော့ရဲ့ဟန်အားပွေ့ဖက်ကာငိုကြွေးလေတော့သည်။
"မမေ့ပါဘူး အမေ။"
ရဲ့ဟန်တစ်ယောက်သူ့အဖေနဲ့အတူကျောင်းကိုသွားနေရင်းရင်ထဲတွင်တစစကြေကဲပီးဝမ်းနည်းစိတ်များတဖြည်းဖြည်းထွက်ပေါ်လာလေသည်။ကျောင်းဟန်ကတော့ရဲ့ဟန်ကိုကားထက်မြန်သည့်အချိန်ဖြင့်သယ်ကာကျောင်းကိုသွားနေလေပြီ။မွေးကတည်းကတစ်ဖဝါးမှမခွာနေထိုင်ခဲ့တော်အိမ်တော်ရာကိုသတိရလာသည်။သူ့အမေကိုချက်ကျွေးသောအစားအသောက်များကိုလွမ်းဆွတ်မိလာသည်။နော့ဒင်းအကယ်ဒမီကိုရောက်ရန်အတွက်အချိန်တစ်ခဏသာယူလိုက်ရလေသည်။
နော့ဒင်းအကယ်ဒမီတွင်ရဲ့ဟန်အားမည်သည့်အတန်းတွင်ထားရန်ဆုံးဖြတ်ဖို့ရဲ့ဟန်၏စိတ်ဝိညာဉ်မှတ်ကိုစစ်ဆေးလေရာလွန်စွာတောက်ပသောစိတ်ဝိညာဉ်ပတ်လမ်းကြောင်းနှင့်အတူစိတ်ဝိညာဉ်စွမ်းရည်မှတ်၁၅ဆိုသည်ကိုတွေ့ရသောကြောင့်ဆရာများမှာလွန်စွာအံသြတကြီးဖြစ်သွားလေသည်။ထို့အတွက်ကြောင့်ရဲ့ဟန်အားအလယ်တန်းတွင်စထားဖို့ဆုံးဖြတ်ကြလေသည်။
[ရေးသားသူ- ကျောင်း၊ မူလတန်း၊ အလယ်အလတ်နှင့် အဆင့်မြင့် အဆင့် ၃ ဆင့်ရှိသည်။  မူလတန်းတွင် ဘွဲ့ရရန်အတွက် သင်သည် ဝိညာဉ်မှတ် 10 သို့ရောက်ရှိရန် လိုအပ်ပြီး၊ အလယ်အလတ်အဆင့်တွင် ဘွဲ့ရရန် သင်သည် ဝိညာဉ်အမှတ် 20 သို့ရောက်ရှိရန် လိုအပ်ပြီး ဒုတိယဝိညာဉ်တော်အဆင့်သို့ ရောက်ရှိရန် ဒုတိယဝိညာဉ်တော်မဟာမာစတာထံသို့ ရောက်ရှိရန် လိုအပ်သည်၊ ဘွဲ့ရရန်အတွက် အဆင့် ၃၀ သို့ရောက်ရှိရန် လိုအပ်ပြီးတတိယမြောက်စိတ်ဝိညာဉ်ကွင်းကိုရယူကာစိတ်ဝိညာဉ်အကြီးအကဲအဆင့်သို့ရောက်ရှိမည်ဖြစ်ပေသည်။)
ကျောင်းဟန်တစ်ယောက်ရဲ့ဟန်ကိုကျောင်းသားစာရင်းသွင်းပြီးချိန်တွင်တော့ရဲ့ဟန်ရဲ့စိတ်ဝိညာဉ်အမှတ်၁၅ရှိသည်ကိုလွန်စွာဂုဏ်ယူနေလေသည်။သို့သော်သူ၏ပထမဆုံးစိတ်ဝိညာဉ်ကွင်းအကြောင်းကိုမေးလာသည့်အခါတွင်တော့အမှန်အတိုင်းပြောရန်မဖြစ်နိုင်သဖြင့်စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်ကိုလုပ်ကြံပြောဆိုလိုက်ရတော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 29, 2022 ⏰

Add this story to your Library to get notified about new parts!

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now