Chapter 2

377 55 9
                                    

Zawgyi

ငပျင်းတစ်ကောင်ရဲ့စွန့်စားခန်း
အပိုင်း - (2)
ဘာသာပြန် - မြူခိုး

နတ်ဘုရားဆိုတဲ့အဘိုးကြီးက သူ့ကိုအတင်းနှိုးပြီး ပြောလိုက်တဲ့စကားတွေကြောင့် ရဲ့ဟန်တစ်ယောက် မျက်လုံးပြူးသွာပြီး အံသြတကြီးဖြစ်သွားရပါပြီ။

"ဘာ ဆုခုနှစ်ခုတောင်းလို့ရတယ်၊ ဟုတ်လား။ ပြီးတော့ ငါပြန်ဝင်စားချင်တဲ့နေရာကို ကိုယ်တိုင်ရွေးလို့ရတယ်ပေါ့။ ဟုတ်လား" ရဲ့ဟန် ကြိတ်ပျော်သွားပါပြီ။

'မဖြစ်ဘူး ငါငမ်းငမ်းတက်ဖြစ်နေလို့ မဖြစ်ဘူး။ ဟန်ဆောင်ပန်ဆောင် အထင်ကြီးအောင်နေရမယ်'

ရဲ့ဟန်တစ်ယောက် မျက်မှောင်ကြီးကြုတ်ကာ စဉ်းစားချင်ယောင်ဆောင်ပါတော့သည်။

"ဟုတ်တယ် ဟုတ်တယ်။ မင်း ဆုခုနှစ်ခု တောင်းလို့ရတယ်။ မင်းအံသြနေတာရပ်ပြီး မင်းဆုတောင်းတွေက ဘာတွေလဲဆိုတာ မြန်မြန်ပြော။ ငါ့အချိန်တွေက အင်မတန် တန်ဖိုးကြီးတယ်ကွ။ ငါအခြားသူတွေကိုလည်းသွားပြီး စီရင်ချက်ချပေးရဦးမှာ။ မြန်မြန်လုပ်"

နတ်ဘုရားအိုကြီးလည်း ရဲ့ဟန်စဉ်းစားနေတာ ကြည့်ပြီး အင်မတန်မှ စိတ်ပျက်လာလေသည်။ ရဲ့ဟန်တစ်ယောက် နောက်ဆုံးတော့ သူဘယ်ကမ္ဘာကို သွားသင့်တယ်ဆိုတာ တော်တော်စဉ်းစားလိုက်ရသည်။

"ငါ စိတ်ဝိညာဉ်ကမ္ဘာမှာ ပြန်လည်မွေးဖွားချင်တယ်"

"ဟိုးး မင်းကဘာလို့အဲ့မှာပြန်လည်မွေးဖွားချင်ရတာလဲ။"

"ငါက ရှန်းရှတွေ manga တွေဖတ်တာ တကယ့် pro ကြီးဖြစ်နေပြီလေ။ အဲ့နေရာကိုလည်း သဘောကျတယ်"

"စိတ်ဝင်စားစရာပဲ။ ဟ ဟ။ မင်းရဲ့အခြားဆုတောင်းတွေက ဘာလဲ"

"ငါ့ရဲ့ပထမဆုတောင်းက ငါ့မှာထန်စန်းလို အမွှာသိုင်းဝိဉာဏ် ရှိရမယ်။ အဲ့သိုင်းဝိဉာဏ်ကလည်း ငါစိတ်တိုင်းကျ ရွေးချယ်ထားတာဖြစ်ရမယ်"

"မင်း ဘယ်လိုစိတ်ဝိဉာဏ်တွေ လိုချင်တာလဲ။ ပြော"

"ငါရဲ့စိတ်ဝိဉာဏ်တစ်ခုက ငါသဘောကျတဲ့ ဘယ်အရာမဆို ဖန်ဆင်းနိုင်စွမ်းရှိရမယ်။ နောက်ပြီး သိုင်းဝိဉာဏ်က ငါ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်ရမယ်"

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now