Chapter 8

276 40 0
                                    

ငပျင်းတစ်ကောင်ရဲ့စွန့်းစားခန်း
အပိုင်း၈မိသားစုစကားဝိုင်း

မတော်မဆဖြစ်ပွားပြီးရက်

အနည်းငယ်ခန့်အကြာ
ရဲ့ဟန်တစ်ယောက်ရဲ့မိုင်လီရဲ့ဘေးမှာအိပ်ပျော်နေလေသည်။ရဲ့မိုင်လီသည် သူမ၏ချစ်လှစွာသောသားလေး တစ်ခုခုထပ်ဖြစ်မည်ကို စိုးရိမ်ကာ သူ့ရဲ့ဘေးမှာ၂၄နာရီ၇ရက်တစ်ပတ်လုံး ခြေတစ်ဝါးမှမခွာဘဲ နေလေသည်။ရဲ့ဟန်လည်း သူ၏အမေ သူ့ဘေးနားတွင်ရှိနေစဉ် အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားမည်စိုးသဖြင့် ကျင့်ကြံမှုကို ထပ်မလုပ်တော့ချေ။သို့အတွက်သူ့အနေဖြင့်လွန်စွာမပျော်မရွှင်ဖြစ်ရလေသည်။

သူ့အတွက်ကံကောင်းစေသည့်အချက်ကတော့ သူရဲ့ခန္ဓာကိုယ်အား
စစ်ဆေးလိုက်ချိန်တွင်သူတွေ့ရှိခဲ့သည့်အရာပင်ဖြစ်သည်။

သူကျင့်ကြံနိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ အိပ်စက်ခြင်းဖြစ်ကြောင်းသူရှာဖွေတွေ့ရှိခဲ့လေသည်။
*ဟ ဟဘယ်လောက်မိုက်လိုက်သလဲ။ငါပိုအိပ်လေ ပိုသန်မာလေပဲကွ။ငါရဲ့အရင်ဘဝကမဟာရည်မှန်းချက်ဖြစ်တဲ့ အိပ်စက်ခြင်းက ငါ့အတွက်အခုဘဝမှာလည်းသန်မာစေမှာကွ။ သောက်ရမ်းကြမ်းတဲ့ ကျင့်ကြံနည်းဟ*

သူအိပ်စက်နေစဉ်မှာသူရဲ့စိတ်ဝိညာဉ်နဲ့ ကောင်းကင်ဘုံ စာကြည့်တိုက်တွင်းလည်ပတ်ကာသူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို သန်မာတိုးတက်အောင်လုပ်ဆောင်ပေးနိုင်မည့် ကျင့်ကြံခြင်းနည်းလမ်းများကိုရှာဖွေနေလေသည်။

*ဟ မိုက်တယ်ဟ ကျင့်စဉ်တွေကသန်းနဲ့ချီတယ်ဟ။ငါဘယ်ဟာကိုလေ့ကျင့်သင့်လဲ။ဟုတ်ပြီကွ ကျန်းရွှမ်ရဲ့နည်းအတိုင်းပေါ့။ကဲ ပေါင်းစည်းစမ်း*

မူလစိတ်ဝိဉာဏ်ကျင့်စဉ်အညွှန်း
အဆင့်-မသတ်မှတ်နိုင်

ဖော်ပြချက်။
ဒီကျင့်စဉ်ဟာစိတ်ဝိဉာဏ်ကျင့်စဉ်အမျိုးအစားသန်းပေါင်းများစွာကိုတစ်ခုထဲအဖြစ်ပေါင်းစပ်ထားတာဖြစ်ပါတယ်။ဒီကျင့်စဉ်ကိုကျင့်ကြံပြီးရလာမဲ့စိတ်ဝိညာဉ်ချီကိုမူလဘူတချီလို့ခေါ်ပါတယ်။မူလဘူတချီဆိုတာဟာကမ္ဘာကြီးရဲ့မူလအသက်စွမ်းအင်ကနေထွက်ပေါ်လာတာဖြစ်ပါတယ်။အခုတည်ရှိနေတဲ့ကမ္ဘာကြီးရဲ့အခြေ ခံစွမ်းအင်လည်းဖြစ်ပါတယ်။
အကျိုးသက်ရောက်မှုများ

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now