Chapter-{23.1}

10.7K 2.1K 83
                                    

Unicode

ကျွန်တော့်ကိုဒီညအနမ်းမပေးရသေးဘူးလေ

နောက်တစ်နေ့တွင် စုန့်ဟွိုင်အဖျားကျသွားပြီဖြစ်ကာ သူ့မျက်လုံးတွေဖွင့်လိုက်တာနဲ့ ဘေးမှာတစ်ယောက်ယောက်ရှိနေတာကိုခံစားလိုက်ရသည်။
လက်တစ်ဖက်ကသူ့ကိုစောင်ခြုံပေးလိုက်ပြီး လုမျန်ရဲ့တိုးဖွပြီးအက်ရှတဲ့အသံထွက်လာသည်
"နိုးပြီလား"
လုမျန်လက်ဖ၀ါးကြီးက စုန့်ဟွိုင်နဖူးကိုလာထိတာကြောင့် စုန့်ဟွိုင်တောင့်သွားသည်။

"ကိုယ်ပူကျသွားပြီပဲ"
လုမျန်ကတစ်ညလုံးမအိပ်ဘဲ စုန့်ဟွိုင်နားမှာပဲစောင့်နေခဲ့တာဖြစ်သည်။
သူ့ပုံစံကအရင်လိုခန့်ညားနေဆဲဖြစ်ပေမယ့် မျက်လုံးတွေအနဲငယ်နီကာအသံကအက်ရှနေသည်။
ထိုလူရဲ့မျက်နှာချောချောလေးကခုလိုဖြစ်နေတာမြင်တော့ စုန့်ဟွိုင်ရင်နာသွားသည်။
·
လုမျန်အနားယူရန်သူ့အခန်းသူလည်းပြန်သွားတာနဲ့ စုန့်ဟွိုင်ကကုတင်ပေါ်မှဆင်းလာသည်။
သူအခုအဖျားကျကာခေါင်းကြည်နေပြီဖြစ်တာကြောင့် မနေ့ညကအဖြစ်အပျက်တွေကိုသတိရလာသည်။
မနေ့ညကလုမျန်လက်မောင်းထဲမှာ သူငိုယိုနေတာတွေ၊လုမျန်ကသူ့ကိုဖက်ပြီးချော့မော့နေတာတွေ၊သူကယောင်ကတမ်းနဲ့စိတ်ထဲရှိတဲ့စကားတွေထုတ်ပြောမိတာတွေပေါ့...
အိမ်း.....
စုန့်ဟွိုင်သူ့မျက်နှာသူအုပ်လိုက်မိသည်။
သူဘာတွေလုပ်ခဲ့မိပါလိမ့်....

စုန့်ဟွိုင်ကရုတ်တရက် သူ့နဖူးနဲ့နှာခေါင်းထိပ်ကနွေးထွေးမှုကိုသတိရလိုက်သည်။
လုမျန်သူ့ကိုနမ်းခဲ့တာပဲ...
ဒါပေမယ့် စုန့်ဟွိုင်အနေနဲ့ဒါကသူဖျားနေလို့ကယောင်ကတမ်းခံစားမိတာမျိုး ဖြစ်မှာစိုးရွံ့နေမိသည်။
ဒီနေ့ကအားလပ်ရက်ဖြစ်ပြီး ကျောင်းမတက်ရပေ။
ကုရန်က ဘတ်စကက်ဘောကစားရန်စုန့်ဟွိုင်ကိုအဖော်ခေါ်သည်။

[အေးစက်ခက်ထန်တဲ့သခင်လေးရန်-မင်းပဲ ဒီပတ်ပိတ်ရက်ဘတ်စကက်ဘောကစားမယ်ဆို...လီဇီချင်းလည်းရောက်နေပြီ]

[တုတု-အိမ်မှာကိစ္စလေးရှိလို့ လာလို့မရတော့ဘူး...နောက်တပတ်မှအတူသွားကြမယ်လေနော်]
ကုရန်ကိုစာပြန်ပြီးတာနဲ့ စုန့်ဟွိုင်မီးဖိုချောင်ဆီဆင်းလာလိုက်သည်။
လုမျန်ကတစ်ညလုံး သူ့ကိုပြုစုပေးထားတာကြောင့် သူလည်းလုမျန်ကိုပြန်ပြီးဂရုစိုက်ပေးချင်သည်။
ဒီနေ့ကျမှ ထမင်းချက်အန်တီကြီးကလည်းခွင့်ယူထားသည်။
ထို့ကြောင့်စုန့်ဟွိုင်ကိုယ်တိုင်ပဲ အေပရွန်၀တ်ပြီးသူ့လက်စွမ်းပြရန်ဆုံးဖြတ်လိုက်သည်။
ယောကျာ်းတစ်ယောက်ရဲ့နှလုံးသားကိုပိုင်ဆိုင်ချင်ရင် သူ့အစာအိမ်ကိုအရင်သိမ်းပိုက်ဆိုတဲ့စကားပုံတောင်ရှိသေးတာပဲ...
·
လုမျန်အခန်းထဲမှာအိပ်နေတုန်း အောက်ထပ်မှပေါက်ကွဲသံကြားလိုက်ရသည်။
အသံကသိပ်မကျယ်ပေမယ့် လုမျန်ကစစ်ပွဲအတွေ့အကြုံများလှတာကြောင့် နားပါးသည်။
လုမျန်အပေါ်ကုတ်တစ်ထည်အမြန်၀တ်ပြီး အောက်ထပ်ကိုဆင်းလာချိန် မီးဖိုချောင်ဘက်မှမီးခိုးငွေ့တွေထွက်နေတာမြင်လိုက်ရသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now