Chapter-{27.1}

10.1K 2.1K 121
                                    

Unicode

အိပ်ချင်ယောင်ဆောင်ပြီး အနမ်းခံဖို့စောင့်နေတဲ့ဗိုလ်ချုပ်ကြီး

ညရောက်တော့ လုမျန်ကပြတင်းပေါက်နားမှာ၂နာရီလောက်ရပ်ကာ လေညှင်းခံနေလေသည်။
အပြင်ဘက်မှအမှောင်ထုကိုကြည့်ကာ လွန်ခဲ့တဲ့၁နာရီလောက်က ဧည့်ခန်းမှာလုပ်ခဲ့တဲ့သူ့ရဲ့စိတ်လိုက်မာန်ပါလုပ်ရပ်ကိုပြန်တွေးနေမိပြီးမျက်မှောင်ကျုံ့ကာ စိတ်ရှုပ်ထွေးနေသည်။
 
ထိုအချိန်တွင် အခန်းတံခါးခေါက်သံပေါ်လာကာ နာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီဖြစ်သည်။
စုန့်ဟွိုင်ကတံခါးအပြင်ဘက်မှာရပ်နေကာ အိပ်ရာ၀င်အနမ်းလာတောင်းတာဖြစ်ကြောင်းသိလိုက်သည်။
လုမျန်အနဲငယ်ရင်ခုန်မိသွားကာ တံခါးလက်ကိုင်ကိုကြည့်လိုက်ပေမယ့် ပြတင်းပေါက်နားကတော့မခွာသေးပေ။

.

လုမျန်က တံခါးခေါက်သံရပ်သွားမည့်အချိန်ကိုစောင့်နေရင်း စုန့်ဟွိုင်သူ့အခန်းသူပြန်သွားမှာကိုစောင့်နေမိသည်။
၁မိနစ်လောက်ကြာတော့ တံခါးခေါက်သံရပ်တန့်သွားသည်။
ကြည့်ရတာစုန့်ဟွိုင်က သူအိပ်ပျော်နေတယ်လို့ယူဆပြီးဆက်မခေါက်တော့တာဖြစ်ရမယ်...
 
သူအခုလုံး၀ကိုတံခါးဖွင့်ပေးချင်စိတ်မရှိပေ။
ဒါပေမယ့် ကောင်လေးအခန်းဆီပြန်တော့မှာကိုစဥ်းစားမိပြီး သူစိတ်မကြည်ဖြစ်သွားပြန်သည်။
လုမျန်ကတံခါးနားကိုလျှောက်လာကာ ခဏလောက်တုံ့ဆိုင်းနေပြီးမှ လက်ကိုင်ကိုလှည့်ကာတံခါးဖွင့်လိုက်သည်။

စုန့်ဟွိုင်တံခါးခေါက်လိုက်ပေမယ့် ဘာမှတုံ့ပြန်သံမကြားရပေ။
သူကတော့ လုမျန်အိပ်ပျော်နေတယ်လို့ထင်လိုက်သည်။
သူအခန်းရှေ့မှာခဏလောက်ရပ်နေသေးပေမယ့် ခဏကြာတော့သူ့အခန်းဆီပြန်သွားဖို့လုပ်မှသူ့ရှေ့မှ အခန်းတံခါးကပွင့်သွားသည်။
စုန့်ဟွိုင်ကပျော်သွားပေမယ့် လုမျန်ရဲ့အေးစက်စက်မျက်နှာထားကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူတွန့်သွားသည်။
လုမျန်ရဲ့အမူအရာက အရမ်းကြောက်ဖို့ကောင်းနေသည်လေ.....

စုန့်ဟွိုင်ရဲ့လက်တဖက်မှာ သစ်သီးပန်းကန်ကိုင်ထားပြီး နောက်တဖက်မှာရေနွေးကြမ်းခွက်ကိုကိုင်ထားကာ လုမျန်အား
"ဟိုလေ အန်တီကခင်ဗျားညစာနဲနဲပဲစားတယ်ဆိုလို့ ခင်ဗျားဗိုက်ဆာနေမှာစိုးပြီးသစ်သီးလေးတွေလာပို့တာ...
ပြီးတော့ အဲ့ဂန္ဓာမာပန်းရေနွေးကြမ်းကလည်းကျွန်တော်တို့အိမ်ကနာနီကြီးကိုယ်တိုင်လုပ်ထားတာ...ခင်ဗျားနဲနဲစိတ်ဆိုးနေတယ်လို့ခံစားရလို့ယူလာပေးတာ...အဲ့ရေနွေးကြမ်းကစိတ်ကြည်စေတယ် သိလား"
ကောင်လေးကဒီနေ့လုမျန်ရဲ့အပြုအမူတွေကြောင့် သူစိတ်ဆိုးနေတယ်ထင်ပြီး ရေနွေးကြမ်းတွေဘာတွေတောင်လာတိုက်နေလေရဲ့။
 
တကယ်တော့လုမျန်လည်း နဲနဲဒေါသထွက်နေမိတယ်ဆိုပါတော့...
လုမျန်က စုန့်ဟွိုင်တကိုယ်လုံးကိုကြည့်လိုက်ပြီး ကောင်လေးယူလာပေးတဲ့သစ်သီးနဲ့ရေနွေးကြမ်းကိုလှမ်းယူလိုက်သည်။
စုန့်ဟွိုင်ကတော့ ဒီတိုင်းလက်လေးတွေလိမ်ယှက်ကာရပ်နေပြီး ဘာမှမပြောလာတော့ လုမျန်ရဲ့ငြိမ်သက်နေစဒေါသတွေ ပြန်မြင့်တက်လာပြီး
"ရပြီ၊စောစောအနားသွားယူတော့"
 
တံခါးပြန်ပိတ်တော့မယ့်အချိန်မှ စုန့်ဟွိုင်ကရုတ်တရက်တံခါးရွက်ကိုလက်၂ဖက်နဲ့လှမ်းကိုင်လိုက်သည်။
တံခါးကြားမှတဆင့် စုန့်ဟွိုင်ရဲ့ရိုးသားဖြူစင်လှတဲ့မျက်၀န်းတစုံကိုမြင်လိုက်ရသည်။
ထို့နောက် စုန့်ဟွိုင်က မ၀ံ့မရဲလေသံလေးနဲ့
"ဒီမနက်အစောကြီးကျောင်းကိုလာဖို့ ဆရာနျိုကပြောလို့...ပြီးတော့ ကောလိပ်ပေါင်းစုံပြိုင်ပွဲမှာပါ၀င််ဖို့ တနေ့လုံးစာစစ်မေးခွန်းတွေထိုင်ဖြေနေရလို့ပါ"
စုန့်ဟွိုင်ရဲ့လေသံနဲ့စကားလုံးတွေက ဒီနေ့ဖြစ်ခဲ့တာတွေကို သေချာရှင်းပြနေဟန်...
ထိုအခါ လုမျန်ရဲ့ခက်ထန်နေတဲ့အမူအရာကပြေလျော့သွားသည်။
ဒါပေမယ့် မျက်နှာထားကတည်နေဆဲဖြစ်ကာပုံမှန်လေသံနဲ့
"ဂုဏ်ပြုပါတယ်"
 
စုန့်ဟွိုင်ကမျှော်လင့်တကြီးအကြည့်တွေနဲ့ဆက်ကြည့်နေတော့ လုမျန်ကဘာကြောင့်မှန်းနားမလည်ပေမယ့်
"မင်းအမှတ်ကောင်းကောင်းရပါစေ"

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now