Chapter-{35.1}

10.3K 2K 220
                                    

Unicode

မင်းရဲ့လူက အိပ်ရာပေါ်မှာမစွမ်းဆောင်နိုင်ဘူး
 
တိတ်ဆိတ်မှုတို့ကြီးစိုးနေတဲ့ ရေချိုးခန်းထဲတွင်ရေချိုးဇလုံထဲမှရေသံကလွဲရင် မည်သည့်လှုပ်ရှားမှုမှမရှိပေ။
စုန့်ဟွိုင်က စိတ်လှုပ်ရှားနေပြီးသူ့ရဲ့အင်္ကျီတစ်ထည်လုံးလည်းရေတွေရွှဲနေကာ သူ့ရဲ့ခန္ဓာကိုယ်မှာကပ်နေသည်။
စုန့်ဟွိုင်က ရေချိုးဇလုံဇောင်းပေါ်တွင်ခေါင်းလေးတင်ကာ ငိုသံလေးနဲ့
"တုတု တုတုရဲ့အမြီးလေးကိုထိကြည့်ချင်လားဟင်"

လုမျန်ကမျက်လွှာချကာ ရေချိုးဇလုံရှေ့မှာဒူးထောက်လိုက်ပြီး ဆန္ဒတွေတောက်လောင်ကာအက်ရှနေတဲ့ခပ်သြသြလေသံနဲ့
"ဘယ်လိုထိရမှာလဲ..."
စုန့်ဟွိုင်ကရှက်သွေးဖြာနေရင်း လုမျန်ရဲ့လက်ကိုဆွဲကာသူ့အမြီးပေါ်မှာတင်ပေးလိုက်ပြီး
"အဲ့လို...အဲ့လိုမျိုးထိရင်ရပြီ"
လေထုက ချိုမြိန်ပြီး၀ိုးတ၀ါးအနေအထားဖြစ်နေသည်။
လုမျန်က အမြီးဆီမှကြေးခွံလေးတွေကို ညင်သာစွာပွတ်သပ်နေသည်။

ဒါက စုန့်ဟွိုင်အနေနဲ့အခြားလူတစ်ယောက်မှသူ့အမြီးကိုပထမဆုံးအကြိမ် ပွတ်သပ်ခြင်းခံရတာပင်။
ထိုပွတ်သပ်နေမှုကထူးဆန်းပြီးသက်တောင့်သက်သာဖြစ်စေကာ လုမျန်လက်ချောင်းတွေရဲ့အထိအတွေ့ကြောင့်တုန်ယင်နေမိသည်။
စုန့်ဟွိုင်ရဲ့ကျေနပ်နေတဲ့အမူအရာတွေကြောင့် လုမျန်က နက်ရှိုင်းတဲ့အသံနဲ့
"အဲ့လောက်ဆိုရင် ရပြီလား"
စုန့်ဟွိုင်ကပိုပို၍ရဲတင်းလာပြီး
"ဟင့်အင်း မရသေးဘူး"

စုန့်ဟွိုင်ကလက်ကိုဆန့်ကာလုမျန်ရဲ့လည်ပင်းကိုဖက်လိုက်ပြီး သူ့ရဲ့ပါးပြင်လေးနဲ့လုမျန်ရဲ့လည်တိုင်ကိုပွတ်သပ်နေသည်။
ထို့နောက် လုမျန်နားဆီကပ်ကာခပ်တိုးတိုးလေသံနဲ့
"မာမား မာမားပြောဖူးတယ်....heatကာလရောက်ရင် အဲ့လောက်နဲ့မလုံလောက်ဘူးတဲ့"
အခုထိရိုးသားနေသေးတဲ့ကောင်လေးရဲ့အကြည့်တွေကြောင့်သာမဟုတ်ရင် လုမျန်ကတော့ ကောင်လေးသူ့ကိုတမင်မြူဆွယ်နေတာလားလို့တောင်ယူဆမိလိမ့်မည်။
လုမျန်ရဲ့လက်ချောင်းတွေက ကောင်လေးရဲ့အမြီးကိုတုန်ယင်စွာဆက်လက်ပွတ်သပ်ပေးနေပေမယ့် မျက်လုံးမှိတ်ပြီးကောင်လေးရဲ့စကားသံတိုးတိုးလေးတွေကို လျစ်လျူရှုနိုင်အောင်ကြိုးစားနေရသည်။

ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီးကိုထိကြည့်ချင်လားဟင်(မြန်မာဘာသာပြန်)[Completed]Where stories live. Discover now