"အီး.....ဟင့်"
ကြည်လင်တဲ့မျက်လုံးဝိုင်းလေးကနေ မျက်ရည်တွေ
တပေါက်ပေါက်ကျလာတဲ့ကလေးကြောင့်
ဒေါ်မြတ်ပန်းတော်ဝင် စိတ်ရှုပ်စွာဘေးက
ကုတင်ပေါ်ထိုင်ချမိသည်။အသက်ကြီးမှရတဲ့ကလေးဖြစ်တဲ့အပြင်
တစ်မျိုးလုံးထဲမှာအငယ်ဆုံးလေးမို့ နိုဘယ်တော်ဝင်က
ကြီးလေဆိုးလေပင်ဖြစ်သည်။ခုလည်း
ကုတင်အောက်ခြေမှာဖြစ်သလိုထိုင်ချရင်း
အော်ငိုကာ ဂျစ်နေလေသည်။"နိုနို မေမေစိတ်တိုလာပြီနော်!!"
အီး....ဟင့်
အသံမာလိုက်တော့ ပိုငိုပြလာတဲ့နိုဘယ်တော်ဝင်က
တကယ်အဆိုးလေးပင်ဖြစ်လေသည်။"ကလေးလေးဆီ သွားမှာလို့"
"မေမေကမသွားနဲ့လို့ပြောနေလို့လား၊
သွားပြီးရင်ပြန်လာလို့ပြောတယ်လေ""သားက ကလေးလေးနဲ့နေချင်တာပါဆို အီး"
အသက်အရွယ်ငယ်ကာ ကလေးဖြစ်သူပီပီ
နိုဘယ်တော်ဝင်ကအဆော့သန်သူလေးပင်။
ဆိုပေမယ့်လို့ တော်ဝင်စံအိမ်မှာရွယ်တူမရှိသည့်အတွက်
သူ့မှာအမြဲလိုလိုတစ်ယောက်တည်းသာဆော့ရပြီး
အမြဲတမ်းအထီးကျန်ရသည်။ဒါကြောင့် တော်ဝင်ယောက်ျားနဲ့နွေရတုမွေးစားထားတဲ့
ကလေးလေး "နွေဦးတော်ဝင်" နဲ့သာအတူဆော့ရဖို့စိတ်အားသန်နေခြင်းပင်ဖြစ်လေသည်။
နွေဦးလေးကလည်း အဆော့သန်သဖြင့်
နိုနိုနဲ့ဘက်ကျလေသည်။"ကျောင်းလည်းပိတ်တာကို မေမေကမသွားခိုင်းဘူးလား"
ငိုပြတာတောင် ဒေါ်မြတ်ပန်းတော်ဝင်က
ဂရုမစိုက်သဖြင့်နိုနိုကနည်းလမ်းပြောင်းကာ မျက်ရည်တွေသုတ်ကာဖြင့်မျက်လုံးလေး
ကလယ်ကလယ်နဲ့ချစ်ဖို့ကောင်းစွာပြောလေသည်။ဒေါ်မြတ်ပန်းတော်ဝင်ကတော့ သားဖြစ်သူကိုကြည့်ကာ
စိတ်လေနေလေပြီပင်။သူမအနေနဲ့ တူလေးတို့အိမ်ကို
မသွားစေချင်တာမဟုတ်ပေ။သူမဖြစ်စေချင်တာက
နိုနို့ကို တစ်နေကုန်လည်ပြီးညနေကျအိမ်ပြန်လာစေချင်သည်။
ဒါကို နိုနိုကအဲ့အိမ်မှာပဲကျောင်းမဖွင့်မချင်းနေချင်သည်
ဆိုသဖြင့် စိတ်ရှုပ်ရခြင်းသာ။
အလိုလိုက်ထားသဖြင့် နိုနိုကဆိုးလေသည်။
YOU ARE READING
NIGHT CHANGES
RandomEven when the night changes, it will never change me and you. ဝဠာထွဋ်ခေါင် × နိုဘယ်တော်ဝင်