ဝဠာထွဋ်ခေါင်
မိခင်ကသားဖြစ်သူကို အမြင့်ရောက်ပါစေ
ဟူသောသဘောဖြင့်နာမည်ပေးခဲ့သော်ငြား ဘဝပေးအခြေအနေအရ နေ့စဥ်နေ့တိုင်း လမ်းကြိုလမ်းကြားရေသန့်ဗူးခွံလိုက်ကောက်ကာ
ဝမ်းစာဖြည့်နေရသောကောင်ငယ်လေးပင်ဖြစ်သည်။
ကောင်ငယ်လေးကိုသတိထားမိစဥ်က
အသက်၈နှစ်ပင်ရှိသေးလေသည်။
Cafeဆိုင်ရှေ့ဂုန်နီအိတ်တစ်လုံးလွယ်ကာ ဖြတ်သွားဖြတ်လာလုပ်လေ့ရှိသောကောင်ငယ်လေးကို
တော်ဝင်ယောက်ျားက အရင်သတိထားမိတာပင်ဖြစ်သည်။
Cafeဆိုင်ထဲကိုမျက်လုံးတောက်တောက်တွေနဲ့
မကြာခဏကြည့်တတ်သောခေါင့်ကို
Royalက မုန့်ဘူးလေးတွေပေးကမ်းမြဲ။ရိုးသားသောကလေးကနောက်ပိုင်း Royalပေးတိုင်း cafeဆိုင်ကသန့်ရှင်းရေးပိုင်းကိုမုန့်ဖိုးအဖြစ်
သဘောထားခိုင်းလေသည်။
ကော်ဖီခွက်တွေပါဆေးကြောပေးလာလို့
မုန့်ဖိုးပဲဖိုးပိုက်ဆံပေးလျှင် 'ကျေးဇူးတင်လို့ပါ'ဆိုတဲ့စကားသာဆိုပြီး
ဘယ်သောအခါမှပိုက်ဆံမယူပေ။
နွေရတုကတော့ ခေါင်ပြန်လျှင်ခေါင့်ညီမအတွက်ပါ
မုန့်တွေထည့်ပေးတတ်မြဲ။အခုဆိုရင် ခေါင်ကနွေရတုတို့နဲ့ဆွေမျိုးရင်းချာတွေလိုပင်
ဖြစ်နေလေပြီ။ခေါင်ကရိုးသားသောကလေးဖြစ်၍
Royalရောနွေရတုရောက ခေါင့်ကိုညီအရင်းလိုပင်
ချစ်ကြလေသည်။အတော်လေးရင်းနှီးပြီးတဲ့နောက်ပိုင်း
အိမ်သို့အဝင်အထွက်ရှိလာကာ အိမ်အလုပ်တွေပါဝိုင်းလုပ်ကူလာလေသည်။ထိုအခါတွင်တော့
နွေရတုက မုန့်ဖိုးကိုဇွတ်ပေးတတ်၏။"ပဲမစားချင်ဘူးလို့!!"
ကလေးတွေထမင်းစားနေတာကိုကြည့်ရင်းအတွေးလွန်နေသောနွေရတုက နိုနို့ရဲ့ခပ်စူးစူးအော်သံကြောင့်ခုလက်ရှိအချိန်
ကိုစိတ်ပြန်ရောက်လာလေသည်။
နိုနိုက အစားရွေးသောကလေးပင်ဖြစ်သည်။အသားငါးသာအစားများပြီး အသီးအရွက်အစားနည်းသဖြင့်
လူကောင်လေးကသေးသေးလေးပင်ဖြစ်သည်။
နိုနိုနဲ့သိတာမကြာသေးတဲ့ခေါင်က နိုနို့ပန်းကန်ထဲ
ကုလားပဲချက်ထည့်ပေးရာကနေအော်သံထွက်လာခြင်းပင်။
နွေဦးလေးကတော့ Royalပေါင်ပေါ်ထိုင်ရင်း
မျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်နေလေသည်။
YOU ARE READING
NIGHT CHANGES
RandomEven when the night changes, it will never change me and you. ဝဠာထွဋ်ခေါင် × နိုဘယ်တော်ဝင်