''ပြန်ချင်လှပြီလား...နိုနို"
ဖင်တကြွကြွဖြစ်နေတဲ့နိုနို့ကို နွေရတုကပြုံးကာ
မေးလာသည်။နာမကျန်းရာမှနေကောင်းစပြုလာတဲ့
နွေရတုမျက်နှာက နွမ်းလျလျ။
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ပြူးကြောင်လေးနှင့်စုတ်ဖွားလေး
ဖြစ်တဲ့ကြောင်နှစ်ကောင်က ရှေ့ဆင့်နောက်ဆင့်
နှုတ်ဆက်ထွက်ခွာသွားသည်မဟုတ်လား။
ကြောင်နှစ်ကောင်ရဲ့စွန့်ခွာခြင်းက နွေရတုကို
အိပ်ယာထဲဘုန်းဘုန်းလဲကျစေသည်အထိ။
ကိုယ်တွေအမြင်မှာသာ ကြောင်နှစ်ကောင်ကို
ကလေးလို့မြင်နိုင်ပေမဲ့ ဆယ်နှစ်ကျော်သက်တမ်းဟာ
ကြောင်တွေအတွက်တော့ အသက်ကြီးပြီလို့ဆိုရမည်မဟုတ်လားလေ။''ပြန်ချင်လွန်းလှပြီတော့ မဟုတ်ပေမဲ့..."
နွေရတုက နိုနို့ကိုကြည့်ပြီးခပ်ဖွဖွရယ်သည်။
တော်ဝင်ယောက်ျားက ကျူရှင်တက်နေတဲ့နွေဦးတော်ဝင်ကို
သွားကြိုတာမို့အိမ်မှာမရှိ။''ခဏနေကျ သီဟလာတော့မယ်ထင်တယ်"
''ကိုမောင့်ချည်း ပြန်လိုက်ပို့နေရတာအားနာစရာ"
နှုတ်ကသာအားနာစရာလို့ဆိုလာပေမဲ့
မျက်နှာအမူအရာမှာတော့အားနာရိပ်တစွန်းတစမျှမရှိ။
ညစျေးမှာကုန်ထမ်းတဲ့ခေါင်က နေစောင်းမှသာ
အမြဲပြန်ရောက်လာတတ်သည်။
နိုနို့ဘာသာ ခေါင့်အိမ်ပြန်တတ်ပေမဲ့နွေရတုက
စိတ်မချဟုဆိုကာ ရဲသီဟမောင်ကိုပြန်လိုက်ပို့ခိုင်းတတ်သည်။
မောင်က ပြုံးရွှင်ကာဖြင့်သာနိုနို့အိမ်ပြန်လိုက်ပို့ခြင်းအမှုကို
ထမ်းဆောင်သည်။''ဆယ်တန်းအောင်စာရင်းထွက်တော့မှာမလား"
''ဟုတ်တယ် ကိုကိုနွေ"
''ဘယ်လိုမှမနေဘူးလား နိုနို"
''ဘယ်လိုနေရမှာတုန်း ကိုကိုနွေရဲ့၊
ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်မယ်၊
ဆယ်တန်းကျရင် အထက်တန်းပြန်တက်ယုံပဲပေါ့"နိုနို့အဖြေကြောင့် နွေရတုမျက်ခုံးနှစ်ဖက်ပင့်ခနဲ။
နိုနို့မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး။
အဖိုးရဲ့လမ်းညွှန်မှုကြောင့် အိမ်ရှိစီးပွားရေးလုပ်ငန်း
လည်ပတ်စဥ်ကို ငယ်ကတည်းကလေ့လာလိုက်စားခဲ့ပြီး
ဖြစ်သည်။နိုနို့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က
ခေါင့်အနားအမြဲကပ်တွယ်နေရဖို့ပဲ။
YOU ARE READING
NIGHT CHANGES
RandomEven when the night changes, it will never change me and you. ဝဠာထွဋ်ခေါင် × နိုဘယ်တော်ဝင်