Part 30

14.6K 851 51
                                    


''ညနေကျလာခေါ်မယ်နော် ခေါင်"

ဆိုသည့်စကားနှင့်အတူ လက်ပြနှုတ်ဆက်သွားသည့်
ကိုနွေ့ကို မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ
ခေါင်ငေးမောကြည့်နေမိသည်။
ထို့အပြင်လက်ထဲမှပါတီပွဲဖိတ်စာကိုလည်း
ဖင်ပြန်ခေါင်းပြန် မကြာခဏပွတ်သပ်မိသည်အထိ။
စာလုံးတွေကိုခေါင်နားမလည်ပါသော်လည်း
နိုဘယ်တော်ဝင်ဟူသည့်ထင်းထင်းလင်းလင်းရေးထားသည့်
စာလုံးကိုတော့ကောင်းကောင်းဖတ်တတ်သည်။

ထို့နောက် ညာဘက်လက်မှကိုင်ထားသည့်
အဝတ်အစားထုပ်ထံအကြည့်ပို့မိသည်။
ကိုနွေပြောသွားတာတော့ ပွဲတက်ဝတ်စုံပါတဲ့လေ။
ဒါ့အပြင် ဒီဝတ်စုံဟာကလေးလေးရဲ့လက်ဆောင်ဖြစ်ပြီး
သြဇီမသွားခင်ခေါင့်အတွက် နောက်ဆုံးလက်ဆောင်ပါတဲ့။

ဘယ်ဘက်ရင်ဘတ်မှ စူးခနဲအောင့်လာသဖြင့်
လက်ဖြင့်ဖိကာမျက်ရည်တွေကျဆင်းလာသည်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်တကယ်ပဲဝေးကြရတော့မည်။
ဒီညပါတီဟာ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်နိုင်ပေသည်။
ခွဲခွာရတော့မည်ဆိုတဲ့အသိက တွေးထင်ထားတာထက်
အဆတရာပိုသာနာကျင်လေသည်။

........................

မြင်ကွင်းရှေ့မှမီးရောင်ထိန်ထိန်လင်းလင်းများနှင့်
အဆင့်အတန်းရှိရှိဝတ်စားဆင်ယင်ထားသည့်
လူကုံထံတွေကြောင့် ခန္ဓာကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ရင်း
အမှောင်ကျသည့်ဘက်ခြမ်းသည့်တိုးထိုင်မိသည်အထိ။
ခပ်အေးအေးနေရတာကြိုက်သည့် ကိုနွေဟာလည်း
ခေါင်နဲ့အတူချောင်ကျသည့်စားပွဲဝိုင်းမှာ
အတူထိုင်နေခြင်းသာဖြစ်သည်။
ကိုတော်ဝင်နှင့်နွေဦးလေးကတော့ အနားမှာမရှိပေ။

ညပါတီရဲ့အဓိကပုဂ္ဂိုလ်ဖြစ်သည့် ခေါင့်ရဲ့ကလေးငယ်ကတော့ အများနှင့်မတူဘဲ
အဖြူရောင်ရှပ်ကိုနှင့် အနက်ရောင်စတိုင်ပန်ကိုသာ
ရိုးရိုးရှင်းရှင်းဝတ်ဆင်ထား၏။
ပါတီကိုလာသည့်ဧည့်သည်တွေကို အဖိုးဖြစ်သူနှင့်
လိုက်မိတ်ဆက်ရင်း အနားမှာလည်းရဲသီဟမောင်က
တကောက်ကောက်လိုက်လေသည်။

တစ်ခါမှမဝတ်ဆင်ဖူးသည့် ပိုးသားသဖွယ်နူးညံ့သော
ရှပ်အဖြူနှင့်စတိုင်ပန်က ခေါင့်ကိုသက်သောင့်သက်သာ
ဖြစ်မနေချေ။သို့မဟုတ် လူအများကြားမို့
စိတ်ကျဥ်းကျပ်နေတာလည်းဖြစ်နိုင်ပေ၏။
သေချာကြည့်ကာမှ ကလေးလေးနှင့်ခေါင်ဟာ
ဆင်တူဝတ်ဆင်ထားသလိုပင်။

NIGHT CHANGESWhere stories live. Discover now