Part 12

13.1K 895 59
                                    


''ခေါင်"

ခေါင်းမနိုင်တော့ဘဲ ဟိုဘက်ယမ်း၊ဒီဘက်ယိုင်
ဖြစ်နေတဲ့ခေါင်က စာရေးရင်းတန်းလန်းငိုက်နေခြင်း။
နိုနိုက ခေါင့်ပခုံးကိုအသာပုတ်ကာ
ခေါ်တာကိုပင် မကြားပေ။

''အဲ့ကောင် အပျင်းကြီးနေတာ နိုနို"

ရဲသီဟမောင်က နှုတ်ခမ်းထော်ကာ
မေးထိုးပြသည်။နိုနိုက ရဲသီဟမောင်ဘက်လှည့်ကာ
မျက်စောင်းထိုးလိုက်သည်။
ခေါင့်ကိုမကောင်းပြောတာ နိုနိုမကြိုက်ဘူး။

''ကိုမောင် အသာနေပါ"

မောင့်မှာ ထပ်ပြီးအထွန့်တက်ချင်ပေမဲ့
နိုနိုကဆက်ပြောခွင့်မပေးတော့ နှုတ်ပိတ်နေလိုက်ရသည်။

''ခေါင်"

ဒုတိယမြောက်ပခုံးပုတ်ကာ နှိုးချိန်မှာတော့
ခေါင်ကမျက်လုံးပွင့်လာ၏။

''ကလေးလေး"

''ခေါင် အိပ်ချင်နေတာလား"

''ဟင်...ကိုကိုမအိပ်ချင်ပါဘူး ကလေးလေးရဲ့"

''ဗြောင်လိမ်နေတာ"

ရဲသီဟမောင်က မကျေမနပ်ဝင်ပြောလာသည်။
အိပ်ချင်နေလို့အိပ်ငိုက်နေတာကို ဗြောင်လိမ်သေးတာ။

''ကလေးတွေ မုန့်စားရအောင်"

နွေရတုက နို့သုံးခွက်နှင့်ကိတ်မုန့်အိအိလေးကို
ဗန်းနဲ့ထည့်ယူလာသည်။
တော်ဝင်ယောက်ျားကတော့ အိပ်ခန်းထဲမယ်
ကလေးထိန်းနေရစ်၏။
စားပွဲပေါ်ဗန်းချပေးပြီးနောက် နွေရတုက
မီးဖိုခန်းထဲမှအရှုပ်တွေရှင်းဖို့ရာအတွက်
ပြန်ထွက်သွားသည်။

ငြိမ်နေတဲ့နှစ်ယောက်ကို နိုနိုကပဲဦးဆောင်ကာ
ကိတ်မုန့်ကိုသုံးပိုင်းခွဲသည်။
တစ်ပိုင်းကို ကျန်နှစ်ပိုင်းထက်ပိုပြီးကြီးအောင်
ခွဲသည်။
ခေါင်နှင့်မောင်ထင်လိုက်တာက သူစားဖို့
နိုနိုက ခပ်ကြီးကြီးပိုင်းလိုက်တယ်ပေါ့။
သူတို့အထင်အမြင်လွဲမှားကြောင်းကို
ခေါင့်ရှေ့တိုးပေးလာတဲ့ကိတ်မုန့်ပိုင်းကြီးကြီးက
သက်သေခံသည်။

''ခေါင်...စား"

''ဟမ်"

''မောင့်ကျတော့ သေးသေးလေး"

NIGHT CHANGESWhere stories live. Discover now