ဥစ္စာတုန် (Unicode)

1.5K 161 5
                                    


ဥစ္စာတုန်
======

"တီ...တီ”

ညအိပ်ရာမဝင်မီ Facebook ခဏဝင်၍ ဟာသဗီဒီယိုအတိုလေးများ အပျင်းပြေရှာကြည့်နေစဥ် တတီတီ တတောင်တောင်နှင့် messenger သို့ ထူးထူးဆန်းဆန်း စာဝင်လာသဖြင့် အကူး ဘာပါလိမ့်ဟူသော သိချင်စိတ်ဖြင့် messenger သို့ ဝင်ကြည့်လိုက်သည် ။

💬ကွီးပြုတ်မ💬

အကူးလည်း Friendမဟုတ်သော အကောင့်တစ်ခုမှ အကြောင်းပြချက်မရှိ ပို့လာသော ထိုစာတိုကို ဖတ်၍ ဒေါသမှာ ထောင်းခနဲ ထွက်သွားရသည် ။

အကူးက သင်္ချာ final yearကျောင်းသူ ။ ပထမနှစ်တုန်းက မေဂျာ၌ queenရွေးရာတွင် အကူးက  ဆန်ခါတင်ပါဖူးသည် ။ သို့သော် အကူးက နည်းနည်းအကြွားသန်၏ ။ ကိုယ့်ရူပါကလည်း ကိုတိုင်း မောင်တိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတော့ ဘဝင်လည်း နည်းနည်းမြင့်ချင်သလို ရှိ၏။ အဲတုန်းက ဘယ်လိုဖြစ်ဖြစ် အကူးက ကိုယ့်ကိုယ်ကိုယ် သေချာပေါက် queenရွေးခံရမှာပဲ့ဟု မှတ်ပြီး အခြားသူတွေကို သင်္ချာမေဂျာqueenက ငါပဲ့ဟု စကားကျွံ နှုတ်လွန်ခဲ့ဖူးပြီး တကယ်တမ်းမှာတော ကျောင်းသား​တွေ မဲပေးရာတွင် အကူးက ဆန်ခါတင်မှာ ပြုတ်ခဲ့ရသည် ။ အရပ်နည်းနည်းပုလို့ဆိုသည့် အကြောင်းပြချက်ဖြင့် အကူးက queenပြုတ်ခဲ့ရပြီး အခြားသူတွေက အကူးကို ကွီးပြုတ်မဟု လှောင်ရယ်စနောက်ခဲ့ကြ၏ ။ queenဖြစ်ချင်လို့ ရူးနေပေမယ့် queenမဖြစ်လိုက်ရတဲ့ ကွီးပြုတ်မဟူ၍အမျိုးမျိုး ။ ဤဇာတ်လမ်းမှာ ခုထိမပြီးနိုင် ။ အကူးကတော့ အကူးကို ဒီလိုခေါ်ရင် သိပ်စိတ်ဆိုးသည် ။

💬နေဝန်းနောင်က ညီမချစ်သူ💬

💬ညီမရည်းစားကို ပေါ်တင်လုနေတာ မရှက်ဘူးလား ၊ အစ်မ ရုပ်နဲ့မှမလိုက် တော်တော်မျက်နှာပြောင်တာပဲ့💬

ထပ်ပို့လာသောစာကိုကြည့်၍ အကူးလည်း ကြောင်သွားသည် ။ နေဝန်းနောင်ဆိုသည်မှာ တက္ကသိုလ်ပထမနှစ်စတက်ကတည်းက ပေါင်းလာသော အဖွဲ့ထဲမှ သူငယ်ချင်းတစ်ဦး ။ အကူးလည်း ချက်ချင်း စာပြန်ပို့လိုက်သည် ။

💬ဘလိုင်းကြီးပါလားဟ ၊ နေဝန်းနဲ့ငါက သူငယ်ချင်းတွေ ၊ ဘာတွေဥစ္စာလာတုန်နေတာလဲ💬

Short Stories CollectionTempat cerita menjadi hidup. Temukan sekarang