တိတ်တခိုး(U+Z)

1.3K 124 5
                                    


လူတိုင်းလူတိုင်းမှာ တိတ်တခိုးချစ်ခဲ့ဖူးသူတစ်ယောက်တော့ရှိလိမ့်မယ်လို့ ခက်ထင်တယ် ။

ခက်မှာလဲရှိခဲ့ဖူးတယ် ၊ အခုထိလဲ တိတ်တခိုးချစ်နေမိဆဲပါပဲ ။

ရှင်တို့တော့မသိဘူး ၊ ခက်တိတ်တခိုးချစ်မိခဲ့တဲ့သူကမိန်းကလေးတစ်ယောက်ရှင့် ။

နာမည်က ရှင်းသန့်နွယ်တဲ့ ၊ ဘယ်လောက်လှပြီး ကဗျာဆန်လိုက်သလဲ ။

မမက ခက်ထက်တစ်နှစ်ကြီးတယ် ၊ ခက် မမကို စတွေ့ခဲ့တဲ့နေရာက အများသူငါလိုပဲ သိပ်မဆန်းပြားဘူး ။

ခက်က နယ်ကလေ မြို့မှာအဆောင်နေပြီးကျောင်းလာတက်တာ ၊ မမကတော့ ရန်ကုန်သူပေါ့ ။

အဲချိန်တုန်းက မမကဆယ်တန်း ခက်ကတော့ ကိုးတန်းလေ ။

မမကလေ စာတော်သလောက်နာမည်နဲ့လိုက်အောင် လှပကျော့ရှင်းနေတတ်တော့ ကျောင်းမှာအရမ်းနာမည်ကြီးတယ် ။

ရှင်းသန့်နွယ်ဆိုရင် တစ်ကျောင်းလုံးကသိကြတယ်လေ ၊ အဲလိုမျိုးပေါ်ပြူလာတစ်ယောက်ကို ခက်စိတ်ဝင်စားမိတာ သိပ်ပြီးလဲမထူးဆန်းဘူးမဟုတ်လား ။

မနက်ဆို အစောကြီးအဆောင်ကထွက်လာပြီး မမကျောင်းလာမှာကို ဆယ်တန်းအဆောင်ရှေ့မှာ နေ့တိုင်းနီးပါးလာစောင့်နေခဲ့ဖူးတယ် ။

မမကျောင်းမလာလို့ မတွေ့ရတဲ့ရက်တွေဆို ခက် တစ်နေ့လုံးမပျော်ရွှင်တော့ဘူး ။

ပြီးတော့မှတ်မိသေးတယ် ၊ အဲ့နေ့က ချစ်သူများနေ့ဆိုတော့ မမကို ချောကလက်နဲ့ပန်းစည်းပေးချင်တာနဲ့ မုန့်မစားဘဲစုထားတဲ့ပိုက်ဆံနဲ့ဝယ်ခဲ့တယ် ၊ ကျောင်းကိုဘယ်သူမှမရောက်ခင် စောကြီးလာပြီး မမထိုင်တဲ့စားပွဲမှာထားလို့ supriseလုပ်ခဲ့သေးတယ် ။

မမက ကျောင်းလာတော့ ခက်ရဲ့လက်ဆောင်ကိုတွေ့ပြီး မယူဘဲ အမှိုက်ပုံးထဲလွင့်ပစ်ခဲ့တယ်လေ ။

အဲဒီချောကလက်နဲ့ပန်းစည်းက ခက်လိုသာမန်လူတန်းစားတစ်ယောက်အတွက် စျေးကြီးပြီး အဖိုးတန်ပေမယ့်
မမလိုချမ်းသာသူအတွက် စျေးပေါလွန်းနေခဲ့တယ် ။

အဲဒီနေ့က အဆောင်မှာ ခက်တစ်ညလုံးငိုခဲ့ရတယ် ၊ အခန်းဖော်တွေကတော့ အိမ်ကိုလွမ်းလို့ငိုနေတယ်ထင်ခဲ့ကြတာပေါ့ ။ အဲချိန်ကစပြီး မမကို ခက်ဘယ်တော့မှလက်ဆောင်ပေးဖို့မကြိုးစားတော့ဘူး ။

Short Stories CollectionWhere stories live. Discover now