ချစ်ရပါသော ငယ်(U+Z)

1.7K 156 3
                                    


"တူ...တူ...တူ''

"လူကြီးမင်းခေါ်ဆိုနေသော ဖုန်းမှာ''

လက်ပွန်းမတတ်ဆက်နေသည့် ဖုန်း၏ ခေါ်ထားသည့် အကြိမ်အရေအတွက်ကို ကြည့်လိုက်တော့ အကြိမ်သုံးဆယ်တိတိ။

နောက်ဆုံးတစ်ခေါက်ဟု သဘောထားကာ ph calledလေးကို နှိပ်လိုက်ချိန်တွင်တော့ ငယ် သတိရလွမ်းဆွတ်နေခဲ့သည့် မမက ဖုန်းကိုင်ခဲ့လေသည်။

ငယ် ဝမ်းသာအားရစွာနှင့်

"မမ ဒီနေ့''

"မင်း ဘာလို့ ဒီလောက်တောင် လူမူရေး နားမလည်ရတာလဲငယ်''

ငယ် ဘာမှမပြောရသေးခင် ဒေါသတကြီးထွက်လာသည့် မမအသံကြောင့် ထိတ်လန့်သွားခဲ့ရတယ်။

"မကိုင်ဘူးဆိုမှတော့ စကားမပြောချင်လို့ပေါ့ဟဲ့၊ ဖုန်း ထပ်ဆက်ရဲ ဆက်ကြည့်၊ ထပ်ဆက်ရင် မင်းနဲ့ငါ ပြတ်ပြီပဲ့''

ဒီနေ့က ငယ်တို့ ချစ်သူသက်တမ်း ဆယ်နှစ်ပြည့်လေ၊
အဲ့ဒီနေ့မှာ မမ ပထမဆုံးပြောတဲ့စကားက ငယ့်ကို အရမ်းသွေးပျက်ခြောက်ခြားသွားစေခဲ့တယ်၊
ငယ်က မမကို မှီခိုအသက်ရှင်နေရတဲ့ ကောင်မလေး တစ်ယောက်လေ၊
မမ မရှိရင် ငယ် ဆိုတာလဲ ရှိမှာမဟုတ်ဘူး၊

မမကို ပေးရန် ဝယ်ထားသည့် လက်စွပ်လေးကို လက်ထဲဆိုပ်ကိုင်ရင်း ဖုန်းထပ်မဆက်ရဲတော့ဘဲ တိတ်တိတ်လေး ကြိတ်ငိုနေမိတယ်၊

"ငယ်က မမကို ဒီလက်စွပ်လေး ပေးချင်လို့ပါ''

မမနှင့်ငယ်တို့ ချစ်သူဖြစ်ခဲ့ကြပုံကတော့ လူနာတွေ အများကြီး ရောက်လာတတ်ကြတဲ့ ဆေးရုံတစ်ခုမှာပေါ့။ ကျန်းမာရေးချူချာလွန်းတဲ့ ငယ့်ကို ဆေးရုံတင်ရတဲ့ နေ့တစ်နေ့မှာ မမနဲ့ဆုံခဲ့တယ်၊ မမက ငယ့်ကို ဆေးကုပေးရတဲ့ ဆရာဝန်မို့လေ၊၊

ဆေးရုံခဏခဏတက်ရတာကစပြီး ငယ်တို့ ရင်းနှီးလာခဲ့ကြတယ်၊ ပြီးတော့ အပြန်အလှန်သံယောဇဉ်တွေနဲ့ ချစ်သူဖြစ်ခဲ့ကြတယ်၊ မမက ငယ့်ကို အရမ်းချစ်ပေးသလို ငယ့်သူငယ်ချင်းတွေ အားကျရတဲ့အထိ အရမ်းလဲ ဂရုစိုက်ပေးတယ်လေ။

ကျောင်းကိုလည်း ကိုယ်တိုင် ကားမောင်းပို့ပေးပြီးမှ သူ့ဆေးရုံကို သွားတတ်သလို အလုပ်မအားတဲ့ကြားက dutyချိန်းပြီးတောင် ငယ့်ကို ကျောင်းလာကြို တတ်ခဲ့ပါတယ်၊

Short Stories CollectionNơi câu chuyện tồn tại. Hãy khám phá bây giờ