စွမ်းအား(U+Z)

1.3K 114 2
                                    


တကယ်လို့ ရှင်တို့တွေသာ စွမ်းအားတစ်ခုရလာခဲ့မယ်ဆိုရင် ဘယ်လိုစွမ်းအားမျိုးလိုချင်မလဲ ။

ကိုယ်ပျောက်နိုင်တဲ့အစွမ်းလား ၊ အတောင်ပံပေါက်ပြီးပျံလို့ရတဲ့အစွမ်းလား ၊
အချိန်တွေနောက်ပြန်ဆုတ်နိုင်မယ့်အစွမ်းလား ၊
ဒါမှမဟုတ် super manလို လူတွေကို ကယ်တင်ချင်တဲ့အစွမ်းလား စသည်စသည်ဖြင့် အမျိုးမျိုးရှိကြမှာပေါ့ ။

ခင်လေးဆိုသည့်သူမကတော့ သူများတွေနှင့်မတူ ထူးခြားနားစွာပင် စွမ်းအားတစ်ခုသာရလာမယ်ဆိုရင် တစ်ခြားသူတစ်ယောက်ဖြစ်ချင်မိတယ် ။

ခင်လေး ဘာလို့တစ်ခြားတစ်ယောက်ဖြစ်ချင်လဲဆိုသည်မှာလည်း အကြောင်းရှိသည်။

ခင်လေးက ရုပ်ဆိုးသည့်မိန်းကလေးတစ်ယောက်ဖြစ်သည့်အတိုင်း အသားက မည်း၊ လူက ဝတုတ်၊ မျက်နှာမှာလည်း ဝက်ခြံတွေအများကြီးဖြင့် အတန်းထဲ၌လည်း စာအညံ့ဆုံးကျောင်းသူဖြစ်၏။

ခင်လေးကိုဆို ဘယ်သူမှအပေါင်းအသင်းမလုပ်ချင်ကြပေ။ အမြဲတမ်း လှောင်ပြောင်ရယ်မောခံရ၊ ကောင်လေးတွေရဲ့နောက်ပြောင်တာတွေပဲ့ကြုံလာရတော့ ကိုယ့်ကိုယ်ကိုသိမ်ငယ်နေမိရင်း အမြဲတမ်း ဒီခန္ဓာကိုယ်ကြီးကွယ်ပျောက်သွားဖို့ တွေးနေမိသည်။

တစ်နေ့မှာတော့ ခင်လေးကျောင်းကပြန်လာချိန်၌ လမ်းဘေးတွင် အဝတ်အစားခပ်နွမ်းနွမ်းဝတ်ထားသည့်အဘွားအိုတစ်ယောက် တုတ်ကောက်ကိုထောက်ကာ လမ်းဖြတ်ကူးနေသည်။

ခင်လေးလည်း အဘွားအိုတစ်ယောက်တည်းတုန်ချိချိဖြစ်နေသဖြင့် အမြင်မတော်သည်မို့ အဘွားအိုလက်ကိုကူတွဲကာ လမ်းဖြတ်ကူးပေးခဲ့သည်။ တစ်ဖက်လမ်းကိုရောက်တော့ အဘွားအိုက ခင်လေး၌ ပိုက်ဆံအလှူခံလေသည်။

အဘွားအိုက အသက်အရမ်းကြီးနေပြီဖြစ်ကာ သားသမီးတွေက စွန့်ပစ်လိုက်ကြလို့ လမ်းပေါ်၌ဒုက္ခရောက်နေရသည်ဟုတွေးမိပြီး ဂရုဏာသက်သွားရင်း လွယ်အိတ်ထဲ၌ ပိုက်ဆံရှာမိသည်။

ခင်လေးက ဆယ်တန်းကျောင်းသူပေမယ့် အိမ်ကမုန့်ဖိုးသိပ်မပေးပေ။ကျန်းမာရေးထိခိုက်မှာစိုးလို့ဆိုပြီး အပြင်စာတွေမစားစေဘဲ ထမင်းဘူးတွေမုန့်တွေအိမ်ကထည့်ပေးသည်မို့ မုန့်ဖိုးသိပ်မရသဖြင့် ချွေတာစုဆောင်းထားသည့်ပိုက်ဆံသုံးထောင့်လေးရာကို အဘွားအိုအား လှူလိုက်သည်။

Short Stories CollectionWhere stories live. Discover now