ဇွန်လလယ်လောက်တွင်ဖြစ်ပေါ်နေတတ်သည့်ရာသီဥတုမျိုးကိုချမ်းမြေ့သဘောမကျပေ။
စိုထိုင်းထိုင်းအပူငွေ့များ ကိုမည်သို့သောပုံမှန်လူတစ်ယောက်ကသဘောကျပါမည်နည်း။ညလယ်ခင်းလေပြေအေးအေးဆိုသည်မှာ ဤလတွင်မရနိုင်သည့်တောင့်တမှုဖြစ်သည်။
ချမ်းမြေ့ကားကို အလင်းရောင်မှိန်မှိန်တံတားလမ်း၏ တစ်ဖက်ခြမ်းတွင်ထိုးရပ်လိုက်ပြီးစီးကရက်တစ်လိပ်ကိုမီးညှိလိုက်သည်။
စီးကရက်၏ဆေးရွက်များက မီးစရဲရဲကိုလောင်စာပေးရာမှ အငွေ့အဖြစ်တရိပ်ရိပ်လျော့ပါးသွားကာ မီးစကသူ့လက်ချောင်းများကိုလောင်ကျွမ်းသွားသည်အထိတိုင် ချမ်းမြေ့စီးကရက်ကိုမဖွာရှိုက်ခဲ့ပေ။
ထိုအစားသူက ကားမှန်ကိုဖြတ်၍မြင်နေရသည့် မွဲပြာပြာမြစ်ရေပြင်ကိုသာ တစိုက်မတ်မတ်ငေးကြည့်နေခဲ့သည်။
နီယွန်မီးတစ်ခုတစ်လေပင်ရှိမနေသော တံတားခပ်ကျဥ်းကျဥ်းပေါ်မှ မှောင်မဲနေသည့်မြစ်ရေအားကြည့်ရသည်က ဘာများစိတ်ဝင်စားဖို့ကောင်းသလဲဟု မေးလာလျှင် သူအဖြေမပေးတတ်လောက်ချေ။
အချိန် ခဏမျှဆက်လက်ကြည့်ရှုလိုသည့်ဆန္ဒလေးတော့ရှိသည်။
ချမ်းမြေ့က ကားမှန်ကိုချလိုက်ပြီး မီးစာကုန်သွားကြောင်းသေချာပြီဆိုမှ စီးကရက်တိုကို တံတားပေါ်ရှိ အမှိုက်ပုံးထဲသို့ပစ်ထည့်ခဲ့လိုက်သည် ။
ဆေးလိပ်နံ့က သူ၏ကိုယ်ပေါ်၌ခြေရာကျန်ရစ်ခဲ့လျှင်ပင်လုံလောက်ချေပြီ။တံတားကိုဖြတ်ကျော်လာခဲ့ပြီးသည့်နောက်တွင်ကားလမ်းဘေးတစ်လျှောက်၌ မီးရောင်စုံများကိုပေါပေါများများတွေ့လာရပြီဖြစ်၏။
' အသက်ဝင်နေတာပဲ '
ချမ်းမြေ့ကားကိုအရှိန်လျော့လျက် လမ်း၏ဘေးတစ်ဖက်တစ်ချက်ဆီကအား ဟိုဟိုဒီဒီငေးကြည့်လာခဲ့သည်။
baby storeတဲ့ ဆိုင်အသစ်လား
ဘာလို့ဖွင့်တာလဲ
လူဦးရေတိုးပွားလာမှုကိုတွက်ချက်မျှော်ကိုးပြီးတော့လားတစ်ခုခုဝင်ဝယ်သင့်လား ကလေးရှိလာတဲ့အခါသုံးဖို့ဖြစ်ဖြစ်
YOU ARE READING
လျော့ရဲရစ်နှောင်
Randomခေါင်းမာသူနှစ်ယောက်ရဲ့ဇာတ်လမ်း။ pic crd to pinterest_ published date_17.2.2022 enjoy ur reading