4 - ဝေဒနာအစ

9 3 1
                                    

" ရို့ ချမ်းမြေ့ ကိုလူချောနဲ့ရုပ်ရှင်ကြည့်ရမှာတဲ့ဟေးးဘယ်လိုလဲကွ "

အပေါင်းအသင်းများမှ ပခုံးကိုလက်သီးဆုပ်နဲ့တွန်းတိုက်ရင်း လက်ခုပ်များတီးကြရင်း စနောက်ကြသောစကားများကို မကြားသယောင်ပြုလိုက်ပြီးသောက်လက်စ ရေဘူးကိုပဲအားကုန်ဆက်မော့လိုက်သည်။

' အဲ့လောက်လည်းမဆိုးနိုင်ပါဘူး ဟုတ်တယ်မဟုတ်လား '

" ကျစ် "
__
ယနေ့ကချမ်းမြေ့တို့ တက္ကသိုလ်၏အားကစားပြိုင်ပွဲနေ့ဖြစ်သည်။ ဗိသုကာကျောင်းသားတစ်ဖြစ်သော်လည်း ချမ်းမြေ့က tennisရိုက်ခြင်း basketballနဲ့ karatae အားကစားများကစားရာတွင်အလွန်နာမည်ကြီးသူတစ်ယောက်ပင်။

အားကစားကျွမ်းကျင်ခြင်းထက် သူ၏ရုပ်ရည်ကြောင့်ဟုဆိုလျှင် ပို၍မှန်မည်။

ယနေ့ပြိုင်ပွဲများတွင်လည်း ချမ်းမြေ့ကကျားမ မရွေး ဂျူနီယာလေးများနှင့်မေဂျာမတူသူများအားလုံးထံမှအာရုံစိုက်မှု အကုန်လုံးကိုသိမ်းကျုံးယူနိုင်ခဲ့သူဖြစ်သည်။

နေရောင်ခြည်အောက်တွင် ချမ်းမြေ့လှုပ်ရှားလိုက်တိုင်း သူ၏ဖျော့တော့သောဆံနွယ်များကအလင်းပြန်မှုကြောင့်တောက်ပစွာဝေ့ဝဲသွားပြီး ကြည်လင်ကာအားမာန်ပါသည့် အပြုံးမျက်နှာလေးထက်မှချွေးစက်များလွင့်စင်လို့သွားသည်။

နောက်ဆုံးသော ဘတ်စကတ်ဘောပွဲစဥ်တွင်လည်းချမ်းမြေ့၏အသင်းက တစ်ဖက်အသင်းကို၃မှတ်အကျော်နှင့်ဦးဆောင်နေခဲ့၏။ ပွဲစဥ်အပြီးမသတ်မီလေး ချမ်းမြေ့ဘောလုံးနောက်တစ်လုံးပစ်သွင်းဖို့ကြိုးစားနေသည့်အခိုက်အတန့်၌ ပရိတ်သတ်ခုံတန်းဘက်မှ သံပြိုင်စူးစူးဝါးဝါးအော်ဟစ်လိုက်သံက ချမ်းမြေ့ရဲ့သွင်းချက်ကိုဟန်ပျက်သွားစေခဲ့သည်။
ထိုစကားလုံးများကတော့...

"မြေ့ ဒီတစ်လုံးမသွင်းနိုင်ရင် ပရိတ်သတ်တွေထဲကတစ်ယောက်နဲ့ရုပ်ရှင်ကြည့်ဖို့ရွေးပေးပါ!!! "

ပစ်ချက်ကတော့လုံးဝလွဲချော်သွားခဲ့ပြီးဖြစ်၏။
ကောင်မလေးများကရှက်ရွံ့နေကြပြီး သူမတို့၏အော်သံကြောင့် အမှတ်မရလိုက်သည့်အပေါ် ချမ်းမြေ့စိတ်ဆိုးသွားမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။

လျော့ရဲရစ်နှောင်Where stories live. Discover now