2 - နေပူသောနေ့တစ်ရက်

18 4 0
                                    

ဥပေက္ခာပြုလို့မရဘူး မသိသလိုဟန်ဆောင်လိုက်ဖို့ခက်တယ်။
သူပေးတဲ့သိမ်ငယ်မှုတွေ သူကျွေးတဲ့ဆေးခါး။
နေ့စဥ်ရက်ဆက်သူ့ရဲ့ပြုမူပြောဆိုပုံတွေ။
_

ယိုင်နဲ့နဲ့ဒိုင်ယာရီစာအုပ်ဖုံးကိုချမ်းမြေ့အားနဲ့ဆောင့်ပိတ်လိုက်တာကြောင့် တဲတဲလေးပဲကျန်တဲ့စာရွက်အချို့ကစာအုပ်ဆီကပြုတ်ထွက်ကုန်လေသည်။

နေ့လယ်ထိအိပ်ထားလို့ ရှုပ်ပွနေတဲ့အိပ်ယာကိုလည်းထိုအတိုင်းပစ်ထားကာရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။

ရုတ်တရက် ရေချိုးခန်းမှန်ပေါ်ကသူ့ပုံရိပ်ကို မနှစ်မြို့စရာတစ်ခုလိုမြင်မိသွား၏။
မညီမညာရှည်လျားနေတဲ့ဝါဖျော့ဖျော့ဆံပင်တွေ
စီတန်းနေတဲ့နားပေါက်ဗလပွနဲ့  မျက်နှာအနှံ့ကpiercingအထပ်လိုက်
မထင်ရှားတဲ့နှာတံဘေးမှာကတော့ တောက်ပတဲ့မျက်ရည်ခံမှည့်နီတစ်စက်ကပနံမသင့်စွာစွန်းထင်လျက်။

ဒီပုံစံကသူကိုယ်တိုင်လိုလိုလားလားရှိခဲ့တဲ့သူ့ရဲ့ပုံစံဖြစ်ခဲ့ဖူးပေမဲ့...

လွန်းနောင်ပြောတတ်တဲ့ ချမ်းမြေ့၏ပေါ့ပါးလွန်းသောစရိုက်က သူ့အတွက်မနှစ်သက်စရာ ဆိုသည့်စကားတစ်ခွန်းနဲ့တင် သူချခဲ့ဖူးတဲ့ဆုံးဖြတ်ချက်တွေနဲ့ နေထိုင်ခဲ့ဖူးတဲ့ဘဝသက်တမ်းကိုတောင်ဇောက်ထိုးပြောင်းပြန်လန်ကာ နောင်တရလုမတတ်သက်ရောက်သည်ပေ။

လွန်းနောင်သမုတ်တဲ့ "မြေ့ " ဆိုတဲ့နာမ်စားလိုပဲ ချမ်းမြေ့ရဲ့ဘဝကလည်းလွန်းနောင်ကြောင့်တမြည့်မြည့်ဖြစ်နေရတယ်

အမေပေးတဲ့သူ့နာမည်ချမ်းမြေ့က သာယာတယ် အေးချမ်းတယ်ဆိုတဲ့ ကောင်းသောနမိတ်ပေမဲ့   လွန်းနောင်ညွှန်းဆိုလိုက်တဲ့မြေ့ကတော့ သူ့ဘဝကိုဆွေး​မြည့်စေတာပဲဖြစ်မယ်။

လွန်းနောင်..
သူ့ကို မမြင်ရတဲ့ကြိုးတွေနဲ့တုပ်နှောင်ပြီး တွန်းချေဆွဲချေလုပ်ရတာကိုပျော်တဲ့ကောင် ။ စိတ်ပျော်နေတဲ့အချိန်တွေမှာ ချမ်းမြေ့ဆိုတာသူ့ဘဝကြီးလိုပဲ ငြီးငွေ့နေတဲ့အချိန်တွေဆို ချမ်းမြေ့ဆိုတာလူလားလို့မေးမယ့်ကောင်။

နိဗ္ဗာန်တစ်လှည့် ငရဲတစ်လှည့် လွန်းနောင်စိတ်ရှိသလိုခြယ်လှယ်ပို့ဆောင်ပေးတတ်သည်။

လျော့ရဲရစ်နှောင်Where stories live. Discover now