"နိုးပြီလား"
"အင်း"
သူ့မျက်လုံးကိုနှောင့်ယှက်နေသည့် နေရောင်ခြည်စူးစူးကြောင့်ချမ်းမြေ့မျက်နှာကိုလက်ဖြင့်ကာလိုက်မိသည်။
လွန်းနောင်ကတော့ဖွဖွရယ်ကာ ထိုလက်ကိုဆုပ်ကိုင်ဆွဲဖယ်လိုက်ပြီး ချမ်းမြေ့ပေါ်အုပ်မိုးလာသည်။" ဘာအိပ်မက်တွေမက်လဲ "
" ငါတို့ပထမဆုံးချိန်းတွေ့တုန်းကအကြောင်း ..."
"အဲ့လိုတွေမက်သေးတယ်လား"
ထို့နောက်သူက ပထမဆုံးချိန်းတွေ့တာ ဘယ်တုန်းကလဲ ဟု တစ်ကိုယ်တည်းသတိလက်လွတ် ရေရွတ်လိုက်သည်ကို ချမ်းမြေ့ကြားလိုက်ရသည်။
ချမ်းမြေ့ မသိစိတ်အလျောက် သူ့ကိုယ်ပေါ်မှလူအား ခပ်တင်းတင်းဆုပ်ကိုင်လိုက်၏။
လွန်းနောင်ကတိုးတိုးရယ်ပြီး ငုံ့ကိုင်းလာကာ ချမ်းမြေ့၏ မျက်ခွံပေါ်သူ့နှုတ်ခမ်းနှင့်အကြိမ်ရေအနည်းငယ်ဖိနမ်းလိုက်ပြန်လေသည်။
" ထတော့ အပြင်သွားမယ် "
ချမ်းမြေ့က ထိုအခါမှအိပ်ချင်စိတ်မပြေသေးဘဲကုန်းရုန်းထလိုက်ချိန် လွန်းနောင်ကပြင်ဆင်ဝတ်စားပြီးသားမှန်းတွေ့လိုက်ရတော့၏။
ထိုသူကပုဆိုးတစ်ထည်နှင့် ဆင်စွယ်ရောင်စတစ်လက်ရှည်ကိုတွဲဖက်ဝတ်ဆင်ထားပြီး သူ၏အဝေးကြည့်မျက်မှန်ကိုလည်းတပ်ထားသေးသည်။ ဖယောင်းသားကဲ့သို့ နက်မှောင်တောက်ပသောဆံနွယ်များကိုလည်း သပ်သပ်ရပ်ရပ်နောက်သို့လှန်တင်ထားသည်။
လွန်းနောင်၏ ကပြားရုပ်ရည်က မြန်မာဝတ်စုံနှင့်လည်းလိုက်ဖက်နေဆဲပါပေ။
ကျယ်ပြန့်တဲ့ပခုံး သေးသိမ်တဲ့ခါးနဲ့ခြေတံရှည်တွေ..
လွန်းနောင်က ပိန်သည်။ကြည့်ရဆိုးလောက်အောင် အရိုးပေါ်အရေတင်နေခြင်းမျိုးမဟုတ် ဆယ်ကျော်သက်လေးတစ်ဦးကဲ့သို့ လတ်ဆတ်နုနယ်နေခြင်းမျိုးပင်။
လွန်းနောင်က ချမ်းမြေ့သူ့ကို ပထမဆုံးစတင်တွေ့ဆုံခဲ့ရသည့် မှတ်ဉာဏ်ထဲမှပုံရိပ်များကဲ့သို့ တစ်ထပ်တည်းကျနေဆဲဖြစ်၏။
YOU ARE READING
လျော့ရဲရစ်နှောင်
Randomခေါင်းမာသူနှစ်ယောက်ရဲ့ဇာတ်လမ်း။ pic crd to pinterest_ published date_17.2.2022 enjoy ur reading