3 - အထီးကျန်ရောဂါ

13 3 0
                                    

ပြူတင်းပေါက်မှန် ကိုတစ်ဖျောက်ဖျောက်ရိုက်ခတ်နေသည့် မိုးသံဝိုးတဝါးကြောင့် ချမ်းမြေ့ အိပ်တစ်ဝက်နိုးတစ်ဝက်မိန်းမောနေမိသည်။
မနက်စောစောမှာမိုးရွာနေတာဖြစ်၍ထင်
သူ့ခြေထောက်တွေအေးစက်နေတာကိုလည်းခံစားရသည်။

သို့သော် သူ့ဘေးတွင်အိပ်ပျော်နေသည့် လွန်းနောင်ကတော့ တစ်ကိုယ်လုံးတွင်နွေးထွေးသောနေရာဟူ၍ကိုမရှိ။

ထွေးပွေ့ဖို့ရာရည်ရွယ်ချက်ဖြင့် ချမ်းမြေ့သူ၏ကိုယ်ကို လွန်းနောင်ရဲ့မျက်နှာချင်းဆိုင်အနေအထားရောက်အောင်တစ်ဖက်လှည့်လိုက်သည်။  သို့သော်လမ်းတစ်ဝက်မှာတွန့်ဆုတ်သွားမိကာမပွေ့ဖက်ဖြစ်ခဲ့။

ထိုအစားလွန်းနောင်ရဲ့ခန္ဓာကိုယ်ကိုစောင်နဲ့ထွေးထုပ်ပေးလိုက်၏။
လွန်းနောင်၏မျက်နှာကို ဘယ်စာဘယ်ကဗျာနဲ့ညွှန်းပြဖွဲ့ပြရမလဲချမ်းမြေ့မစဥ်းစားနိုင်အောင်ရှိရသည်။

နတ်သျှင်နောင်က သောကမီးဝေနေသည့်ရာဇဓာတုကလျာ၏အလှကို ရတုစပ်ဆိုပြီးချစ်မေတ္တာကိုစာဖွဲ့ဖော်ပြနိုင်ခဲ့ပေမဲ့
ချမ်းမြေ့ကတော့ ဘယ်မှာနတ်သျှင်နောင်လောက်အဖြစ်ရှိပါမည်နည်း။
လွန်းနောင်က အလှတရားဖြစ်သည်ကိုသာ သူသိသည်။

လွန်းနောင်ရဲ့ ပြေပြစ်သောမျက်ခုံးတန်း
မျက်အိမ်ကျဥ်းကျဥ်းကို အုပ်ကာထားသော မျက်တောင်ပါးပါးလေးများနှင့် အမြဲတစေဖြူလျော်နေတတ်သည့် မထူမပါးနှုတ်ခမ်း။
အစိတ်အပိုင်းတစ်ခုချင်းဆီကပြီးပြည့်စုံလွန်းသည်ဟုသာ အကဲဖြတ်ချင်မိသည်။

ခြုံငုံလိုက်ရင်တော့လွန်းနောင်ရဲ့သွင်ပြင်သဏ္ဍန်ကိုကချမ်းမြေ့ရဲ့ အလှတရားစံသတ်မှတ်ချက်တစ်ခုပါပေ။
ဒီအလှတရားဟာ ဘယ်လိုအခြေအနေမျိုးမှာမဆိုချမ်းမြေ့အမှတ်ရနေချင်တဲ့အရာတစ်ခုဖြစ်မည်။

စိတ်မကောင်းစရာက ချမ်းမြေ့ကဒီလိုတွေးတဲ့တစ်ယောက်တည်းသောသူမဖြစ်နိုင်လောက်သည်ပေ

စွဲမက်စရာကောင်းသလောက် ကြောက်ဖို့လည်းကောင်း၏။

အမြဲတမ်းအနားမှာလူမပြတ်တဲ့လွန်းနောင်        ဘယ်သူနဲ့မဆိုပြုံးရယ်တတ်ပြီး အချိန်မရွေးလဲငြီးငွေ့လွယ်တတ်တဲ့ မင်းအနား ငါဆိုတဲ့ချမ်းမြေ့ကလွဲ ဘယ်သူကများ ဆယ်စုနှစ်တစ်ခုလောက်ကြာအောင်နေချင်မှာတဲ့လဲ နေရောနေနိုင်ကြမှာလား။

လျော့ရဲရစ်နှောင်Where stories live. Discover now