Part - 1

20.2K 931 8
                                    

Unicode -----

Except you { 1 }
.
.
.
.
.
.
.

ကြီးမားထည်ဝါခန့်ညားလွန်းလှသော
တော်၀င်စံအိမ်တော်ကြီးအတွင်း

ဆိုဖာကြီးပေါ်တွင်ထိုင်နေသော
စံအိမ်ကြီးရဲ့အရှင်သခင်မကြီး နဲ့
သမီးဖစ်သူ သခင်မလေး တို့ရဲ့ မျက်နှာပေါ်တွင် မာနအရောင်များက ကိုယ်မှာ၀တ်ထားသော
စိန်ရဲရဲလဲ့လဲ့တောက်နေသည်များနှင့်အပြိုင်တင်းမာနေပြီး
တစ်ခုခုကိုအလိုမကျသလိုဖစ်နေကြသည်

" မေမေ သမီးကတော့ လုံး၀ ခွင့်မလွှတ်နိုင်ဘူးနော် "

သမီးဖစ်သူကစကားဆိုတော့ သခင်မကြီးက ခေါင်းကိုညိမ့်ကာ

" ငါကရောခွင့်လွှတ်မယ်လို့ပြောနေလို့လား
ငါတို့မျိူးရိုးထဲမှာ အခုလို ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ မရှိဘူး ဒါကို ညည်းသားက မိုက်တွင်းနက်သွားတာကြည့် "

မာနရောင်နှင့်တင်းမာနေသော သားမိနှစ်ယောက်လုံးမျက်နှာကိုယ်စီပျက်နေကြသည်

အကြောင်းကတော့ တော်၀င်စံအိမ်တော်ရဲ့သားကြီး Jeon Seokjin ဟာ ချစ်သူအနောက်ကိုလိုက်ပြေးသွားခြင်းကြောင့်ဖစ်သည်

တော်၀င်စံအိမ်ဆိုတာမျိုးရိုးစဥ်ဆက်ချမ်းသာလာခဲ့ကြတဲ့ တော်၀င်မျိုးရိုး jeon မျိုးရိုးပင်ဖစ်ပေသည်

Jeon မျိုးရိုးရဲ့ ပိုင်ဆိုင်မှုဆိုတာ လက်ညိုးထိုးမလွဲအောင်များပြားနေကာ Jeon မိသားစုဆိုတာနဲ့လူတွေချက်ချင်းခေါင်းငုံအရိုအသေပေးပြီးသားဖစ်နေရတဲ့ အကြီးမားဆုံး ဩဇာအာဏာ ကြီးမားလှသည့် ဂုဏ်သရေရှိတဲ့စီးပွားရေး group ကြီးတစ်ခုပင်ဖစ်သည်

အခုလိုလူတကာအထင်ကြီးလေးစားရတဲ့အထိ တစ်ဟုန်ထိုးအောင်မြင် အောင် စီးပွားရေးလုပ်ငန်းတွေကိုအဓိကကြိုးကိုင်သူကတော့
Jeon group ရဲ့အမွေဆက်ခံသူတစ်ဦးဖစ်တဲ့ Jeon Jungkook ပင်ဖစ်သည်

အသက်အရွယ်ငယ်ငယ်နဲ့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဖစ်တာကြောင့်
သမီးရှင်တိုင်းရဲ့မျက်စိကျလောက်စရာ ယောကျာ်း‌တစ်ယောက်
ရုပ်ရည်မှာလဲပြောစရာမလိုအောင် မဟာသွေး မဟာနွယ်ဖစ်တာကြောင့်ချောမောခန့်ညားနေတာတော့အမှန်

Except You ( U+Z ) [ Complete ]Where stories live. Discover now