Part - 9

7.5K 699 36
                                    

Unicode -----

Except you { 9 }
.
.
.
.
.
.
.

Hobi တစ်ယောက်ကခပ်တည်တည်အူတိုနေသလောက် တစ်ယောက်ကဆိုဖာပေါ်မှာ
မျက်နှာလေးရဲကာထိုင်နေတာကိုကြည့်ပြီး
ပြုံးချင်သော်လဲ Jungkook ရဲ့မျက်နှာတည်တည်ကြီးကြောင့်မပြုံးရဲဖစ်နေကာ

" ဟုတ်ပါပြီ Jungkook ပြောတဲ့အတိုင်းလုပ်လိုက်ပါ့မယ် "

" ကောင်းပြီ နောက်ကော ဘာပြောစရာရှိသေးလဲ Hyung "

အလုပ်စားပွဲခုံမှာထိုင်ပြီး computer အနှိပ်မပျက် မျက်နှာတည်ကြီးနဲ့ သူ့ကိုမေးတော့
Hobi ခေါင်းငြိမ့်လိုက်ပြီး

" ဒီနေ့ အကျီဒီဇိုင်းအသစ်နဲ့ ကားမော်ဒယ် ကြေညာဖို့ မင်းသမီး ရယ် ရိုက်ပေးမယ့် ဒါရိုက်တာရယ်နဲ့တွေ့ဖို့ရှိပါတယ် "

Jungkook ခေါင်းငြိမ့်လိုက်ပြီး

" အင်း...ဘယ်အချိန်လဲ Hyung "

" 1 နာရီခွဲ Jungkook "

" ကောင်းပြီ အချိန်တိကျဖို့တော့တစ်ဖက်ကိုပြောထားနော် "

" အင်း.. Hyung ပြောထားလိုက်မယ် "

Jungkook ကအလုပ်လုပ်တဲ့နေရာမှာ
အချိန်ကိုလေးစားတတ်သူဖစ်ပြီး
အချိန်မလေးစားတဲ့သူတွေဆို ဘယ်တော့မှလက်တွဲမလုပ်

ဒါကြောင့်လဲ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတာ လူတိုင်းကလေးစားအားကျရတဲ့သူဖစ်နေတာပေါ့

" အော်ပြီးရင် ကျွန်တော့ ယောကျာ်းအတွက် အသီးတွေနဲ့
coffee တစ်ခွက်လာပို့ပေးဦးနော် "

" ဟုတ်ပါပြီ...နေ့လည်စာရောမှာပေးရဦးမလား Jungkook "

" ရတယ်မမှာနဲ့တော့...အပြင်ထွက်စားမှာ "

" အင်းအင်း Hyung သွားပြီ
ဒီက ညီလေး လဲ ခွင့်ပြုပါဦး "

Hobi မင် လေးကိုနှုတ်ဆက်ပြီး
Jungkook ကိုကြည့်လိုက်တော့
ကြောက်စရာကောင်းတဲ့မျက်လုံးနဲ့
အေးစက်စက်ကြည့်နေတာကြောင့်
ကျောလေးတွန့်ပြီး ရုံးခန်းထဲကအမြန်ပြေးထွက်လာခဲ့ရသည်

သူ့ဗလကိုကြောက်ပါတယ်ဆို အကြည့်နဲ့ဖြဲချောက်နေတယ်

မင့် ကိုနှုတ်ဆက်တော့ မင် ပြန်ပြုံးပြလိုက်တယ်

Except You ( U+Z ) [ Complete ]Where stories live. Discover now