Part - 12

7.2K 669 17
                                    

Unicode -----

Except you { 12 }
.
.
.
.
.
.
.

မင် Jungkook မရှိတုန်း မီးဖိုချောင်ထဲ၀င်တော့
ဈေးသွားမယ့်သူမရှိတာကြောင့် Jimin ဈေးခြင်းလေးကိုယူကာ ဈေးကိုထွက်လာလိုက်သည်

သူမီးဖိုထဲ၀င်တော့လဲ ဘယ်သူကမှ သူ့ကိုအလုပ်မပေးတာကြောင့် ဈေးခြင်းလေးဆွဲယူကာ ထွက်လာခဲ့ခြင်းဖစ်သည်

မဟုတ်ရင် မင် အရမ်းတွေစိတ်ညစ်လွန်းလှပြီ
Jungkook ရဲ့ဟိုဟာလုပ်လဲမကြိုက်
ဒီဟာလုပ်လဲမကြိုက်
ဆေးရုံပြန်လုပ်ချင်တယ်ဆိုတော့လဲ
လက်ထပ်ပြီးမှတဲ့
မင် ပျင်းလို့ သမီးကို ထိန်းပြန်တော့လဲ
မကြိုက်ပြန်...ကြာလာတော့
မင် Jungkook ကိုအမြင်ကပ်လာမိသည်

တီ...တီ...တီ...

" အမလေး "

Jimin သူ့အကြောင်းစဉ်းစားနေတုန်း
ကားဟွန်းသံကြောင့် ခြေထောက်ချော်ကာ
လဲသွားတော့သည်

Yoongi မထင်မှတ်ထားပဲ
မင့်ကိုတွေ့လိုက်တာကြောင့် ၀မ်းသာသွားပြီး
ကားဟွန်းတီလိုက်တော့ Jimin လန့်ကာ
လဲသွားသည်

Yoongi ကားကိုလမ်းဘေးချရပ်လိုက်ကာ
ကားပေါ်ကအမြန်ဆင်းသွားပြီး

" ရရဲ့လား...ကိုယ်တောင်းပန်ပါတယ်
ကိုယ် ဒီက ညီကိုမြင်ပြီး ၀မ်းသာသွားလို့
ဟွန်းတီးလိုက်မိတာ "

Jimin သူ့ရှေ့မှာ အရမ်းစိုးရိမ်ပြနေကာ
သူ့ကိုအရမ်းရင်းနှီးသလိုပြောနေတဲ့သူကြောင့်
မျက်မှောင်လေးကုတ်လိုက်ကာ

" ကျွန်တော့်ကို သိလို့လား "

" ဟာ သိတာပေါ့ ညီရဲ့
ကိုယ်က ဟိုနေ့က Jungkook တို့အိမ်လာတဲ့
တစ်ယောက်လေ "

" ဟင် "

Yoongi သူ့ကို မင် မသိသလိုပြန်ကြည့်နေတာကြောင့် ပြုံးလိုက်ကာ

" ညီ မမှတ်မိဘူးထင်တယ်..
Jungkook အမေရဲ့သူငယ်ချင်းလေ
ဟိုနေ့ကအိမ်ကိုလာသွားသေးတယ်လေ "

" အော်...ခင်ဗျားကို "

မင် ပြောလိုက်တော့ yoongi ၀မ်းသာကာခေါင်းငြိမ့်ပြသည်

မင် မမေ့ပါဘူး အဲ့နေ့က အဲ့လူရှေ့မှာ ပြုံးပြလို့ဆိုပြီး ဟိုလူ့ဂွစာ တစ်နေကုန်ပြသာနာရှာတာ မပြီးနိုင်မစီးနိုင်
အခုလဲ အဲ့ကိစ္စနဲ့ မင့် ကိုစကားမပြော
မပြောလဲနေပေါ့ မင် က၀မ်းတောင်သာသေးတယ်

Except You ( U+Z ) [ Complete ]Where stories live. Discover now