Part - 4

7.4K 684 13
                                    

Unicode -----

Except you { 4 }
.
.
.
.
.
.
.

" ရော့ "

Jimin သမီးလေးအတွက်
အ၀တ်အစားတွေထည့်နေတုန်းသူကန်းပေးလာတဲ့စာရွက်ကိုကြည့်ပြီး မော့ကြည့်တော့

" မင်းအတွက်လေ တော်ကြာ
မင်းငါ့ကိုမယုံမှာဆိုးလို့ "

သူပြောတော့ မင် မျက်စောင်းလေးထိုးလိုက်ကာ

" ရပါတယ် မလိုပါဘူး "

" ဟာဗျာ..မရဘူး လိုလိုမလိုလိုထိုး..ငါကသေချာတာပဲကြိုက်တယ် "

မင် သူ့ရဲ့အပြောကြောင့် မျက်လုံးလေးပြူးကာစာဖတ်မလို့ပဲရှိသေး
လက်မှတ်ကိုအမြန်ထိုးခိုင်းပြီး ပြန်ဆွဲယူသွားသည်

" ဒီမှာ Jeon Jungkook ငါဖတ်ကြည့်ဦးမယ် "

Jungkook သူလက်မှတ်ထိုးထားတာလေးကိုကြည့်ပြီး သဘောကျပြုံးလိုက်ကာ
ထိုကောင်လေးကိုပြန်ကြည့်ပြီး

" မင်း ငါ့ကိုယုံလိုက်ပါ
ငါမဟုတ်တာမထိုးခိုင်ပါဘူး
ဒါက မင်းလဲသမီးလေးကိုပိုင်တယ်ဆိုတာထိုးခိုင်းတာ "

သူပြောလာတာကြောင့် မင် ငြိမ်သွားပြီး
သမီးအ၀တ်တွေဆက်ခေါက်နေလိုက်သည်
Jungkook မျက်မှောင်ကျုတ်ပြီး ‌ခါးထောက်ကာ

" အဲ့တာ ဘာလုပ်ဖို့လဲ "

ကလေးအ၀တ်အစားတွေကိုမေးငေါ့ပြီးမေးတော့ မင် သူ့ကိုမျက်၀န်းလေးလှန်ကြည့်ကာ
မျက်တောင်ရှည်ကြီးတွေတဖျက်ဖျက်ခတ်လိုက်ပြီး

" သမီး အတွက် အ၀တ်တွေလေ "

" သိတယ်လေ ဘာလုပ်ဖို့လဲမေးတာ "

Jungkook စကားကြောင့် မင် မျက်စောင်းထိုးကာ

" ဘာလုပ်ရမှာလဲ သမီးအ၀တ်အစားတွေ သမီး၀တ်ဖို့ယူသွားမလို့လေ "

" အလေးခံပြီးသယ်မနေနဲ့ ဟိုမှာသမီးအတွက်အ၀တ်အစားတွေ၀ယ်ထားတာ
တစ်ခန်းလုံးပြည့်နေတာပဲ လောလောဆယ်၀တ်ဖို့ပဲယူထား "

Jimin မဲ့လိုက်ပြီး

" ခင်ဗျား တို့ချမ်းသာမှန်းသိပါတယ် ထပ်ကပ်ကြွားမနေနဲ့ "

သူ့ကိုပြောနေတဲ့ကောင်လေးကြောင့် Jungkook မဲ့ကာ

" ငါကပ်ကြွားနေတာမဟုတ်ဘူး အရှိအတိုင်းပြောနေတာ ကပ်သာကြွားရင် မင်းအနားကခွာလို့ရမှာမဟုတ်တော့ဘူး "

Except You ( U+Z ) [ Complete ]Where stories live. Discover now