Part - 10

7.8K 647 47
                                    

Unicode -----

Except you { 10 }
.
.
.
.
.
.
.

" အဘွား ကျွန်တော် တို့ကိုခေါ်တယ်ဆို "

Jungkook နဲ့ မင် အခန်းထဲ၀င်လာပြီးမေးတော့
မယ်မယ်ကြီးခေါင်းငြိမ့်ပြကာ

" ဟုတ်တယ် မြေးတို့ထိုင် "

Jungkook နဲ့ မင် အဘွား ဆိုဖာပေါ်တွင်၀င်ထိုင်လိုက်တော့ အဘွားက သူတို့နှစ်ယောက်ကိုသေချာကြည့်ကာ

" အဘွားခေါ်တာက
တခြားအကြောင်းမရှိပါဘူး
မြေးတို့ရဲ့ မဂ်လာကိစ္စ အကြောင်းကို
ပြောမလို့ "

" ဗျာ "

Jimin မျက်၀န်းတွေပြူးကျယ်သွားသလောက်
Jungkook ကတော့အေးဆေးပင်

မင်သူ့လိုလူ့ဂွစာကို
တကယ်လက်ထပ်ရတော့မှာလား

" အဘွားမေးချင်တာက သား မင် ကို "

" ဗျာ..မင့် ကိုဟုတ်လားအဘွား
ဟုတ်ကဲ့ မေးပါ "

" သားမှာက အုပ်ထိန်းသူရှိသေးလား "

" ဟုတ်ကဲ့အဘွား
အဒေါ်တစ်ယောက်ရှိပါတယ် "

" ဟုတ်လား အဲ့တာဆို သားအဒေါ်ကိုအကြောင်းကြားရမယ်
သားဘက်က အုပ်ထိန်းသူရှိတော့ပိုကောင်းတာပေါ့ "

" ဟုတ်ကဲ့ "

" ဒါနဲ့ သားပုံကိုကြည့်ရတာ
ပညာတော့တတ်မယ့်ပုံပဲ "

အဘွားမေးတော့ Jungkook က မင့် ကိုဖြေလိုက်လေဆိုသောသဘောဖြင့် မျက်ခုံးပင့်ပြသည်

မင် မျက်စောင်းလေးထိုးပြီး
အဘွားဘက်သို့ပြန်လှည့်ကာ

" ဟုတ်ကဲ့အဘွား မင် က နှလုံးအထူးကု
ဆရာ၀န်ပါ "

{ A/N : မင့်ကြောင့်လောင်ကျွမ်းနေတဲ့ ဒီကလူရဲ့နှလုံးသားကိုကုသပေးပါ jiminshi 😭 }

မင် ဖြေ‌လိုက်တော့ အဘွားမျက်နှာကြီး
ပြုံးရွှင်သွားကာ

" အဘွားထင်တော့ထင်သားပဲ
ဒါပေမယ့် ဆရာ၀န်လို့တော့မထင်ဘူး
မြေးကတော်လိုက်တာ ငါ့မြေးနှစ်ယောက်လုံးကတော်နေတော့ မွေးလာမယ့်
နောက်မြစ်လေးကျ ညဏ်အရမ်းကောင်းမှာ "

အဘွားပြောတော့ မင် မျက်နှာလေးရဲသွားကာ
ဘေးကသူကိုတောင်မကြည့်ရဲ့တော့
သေချာတယ်အခုလောက်ဆိုလူယုတ်မာပြုံးပြုံးနေပြီ

Except You ( U+Z ) [ Complete ]Where stories live. Discover now