Chapter: Three

402 47 4
                                    

Unicode Version

ညဘက် အိမ်မှာစားစရာ ဘာတစ်ခုမှမရှိတော့လို့ ခပ်ပျင်းပျင်းနဲ့ မုန့်ဆိုင်ကိုလမ်းလျှောက်ထွက်လာခဲ့တာ။ အနွေးထည်အထူကြီးဝတ်ထားတာတောင် အအေးဓာတ်ကပိုနေတာမို့လို့ ကိုယ်ကိုတောင်ကျုံ့လိုက်မိသေး။

ဝယ်လာတဲ့ ခေါက်ဆွဲခြောက်သုံးဗူးနဲ့ ဘီယာလေးဗူးကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး တစ်ဖက်စီလက်ကကိုင်ရင်းနဲ့ နှေးတုံ့နှေးတုံ့နဲ့ အိမ်ကိုပြန်လျှောက်လာခဲ့တယ်။ အိမ်ကိုပြန်နေရင်းနဲ့ ဘာစိတ်ကူးပေါ်လာလဲတော့ ကိုယ်တိုင်လည်းသေချာမသိ။ မနက်က ကောင်လေးနဲ့တွေ့ခဲ့တဲ့ ပန်းခြံဆီကို ဦးတည်ရာပြောင်းသွားတယ်။

ညဘက်အချိန်ပေမယ့် ကလေးကစားကွင်းပါတဲ့ ပန်းခြံမှာ မီးတွေထိန်ထိန်လင်းနေပြီး ကလေးတွေကလည်း ပြေးလွှားကစားနေကြတုန်း။ အနီးနားက သံကြိုးတွေနဲ့သွယ်ထားတဲ့ သစ်သားဒန်းလေးပေါ်မှာ ထိုင်ရင်းပတ်ဝန်းကျင်ကိုပဲ လိုက်ကြည့်နေမိတယ်။ ပုံမှန်ဆို အိမ်ထဲမှာပဲ နေတတ်တဲ့လူမလို့ ညဘက်ကြီး ကလေးကစားကွင်းက ဒန်းပေါ်မှာ ငုတ်တုတ်ထိုင်နေတာက အနည်းငယ် ကြောင်စီစီနိုင်တဲ့ အပြုအမူပဲ။ ဝယ်လာတဲ့ မုန့်ထုပ်တွေကိုပေါင်ပေါ်တင်ရင်း ခြေထောက်ကိုအသုံးပြုပြီး ဒန်းကို အရှေ့အနောက်လွှဲနေတုန်း ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကအသံပေးရင်း တုန်ခါလာတယ်။ အရေးကြီးမှ လာတတ်တဲ့ အဝင်ကောလ်ပဲ။

// အင်း မာ့ခ် //

// ဟင့်အင်း ဒီအတိုင်းပဲ စိတ်ဝင်စားစရာတစ်ခုတွေ့ခဲ့လို့ နောက်ကျသွားတာ //

// စိတ်ချပါ နောက်နေ့တွေ အလုပ်‌နောက်မကျစေရဘူး ဟုတ်ပြီလား?//

ထင်တဲ့အတိုင်း မနက်ကအလုပ်နောက်ကျတဲ့အကြောင်းကိုပြောပြီး ဗျစ်တောက်ဗျစ်တောက်လုပ်နေတာပဲ။ လီမာ့ခ်ဟာလေ တကယ်ဇီဇာကြောင်တဲ့လူ။

// ဒီနေ့လား?//

မျက်လုံးက ဘာရယ်မဟုတ် တောင်တောင်မြောက်မြောက်လျှောက်ကြည့်နေတုန်း အမှတ်မထင်တွေ့သွားတာက Hoodie အဖြူရောင်နဲ့ နောက်ကျောငယ်လေး။ မနက်ကတွေ့ခဲ့တဲ့ ခုံတန်းရှည်မှာပဲ ဟိုကြည့်ဒီကြည့်နဲ့ထိုင်နေခဲ့တာ။

CLOUD Where stories live. Discover now