Chapter: Six

419 50 5
                                    

Unicode Version

ဒီနေ့မှ ဆိုးလ်ရဲ့ရာသီဥတုက အုံ့မှိုင်းနေသလို။ အကျဉ်းထောင်ထဲကိုလျှောက်လှမ်းလာတဲ့ ဂျယ်မင်းရဲ့ခြေလှမ်းတွေက ပထမဆုံးအကြိမ်မဟုတ်တာတောင် အခုထိတွန့်ဆုတ်နေတုန်း။ အခုနဲ့ဆိုရင် ထောင်ဝင်စာ သွားတွေ့တာ ငါးကြိမ်မြောက်။ အတွေးကမ္ဘာထဲမှာ တဝေ့လည်လည်ဖြစ်နေတဲ့ဂျယ်မင်းက အခန်းတစ်ခန်းရဲ့အရှေ့ကိုရောက်တော့မှ အာရုံကိုပြန်စုစည်းနိုင်တယ်။

မီးခိုးရောင်သံတိုင်တွေရဲ့အနောက်မှ သူ့ရဲ့ ရင်နှစ်သည်းချာရှိတယ်။ အတွေးနဲ့တင် ခမ်းခြောက်နေတဲ့ မျက်ရည်ကပြန်ဝဲစပြုလာတယ်။ လက်နဲ့ခပ်ကြမ်းကြမ်းဖိပွတ်လိုက်ပေမယ့် နာကျင်မှုကိုမခံစားနိုင်တော့။

သံတိုင်တွေနဲ့ ပိတ်ထားတဲ့ဂိတ်တစ်ခုကိုဖြတ်ကျော်ပြီး ထုထည်ကြီးမားတဲ့ သံတံခါးကြီးအရှေ့မှာ ရပ်လိုက်တယ်။ တစ်ဖက်တစ်ချက်စီမှာ သတိအနေအထားနဲ့စောင့်နေတဲ့ စစ်သားနှစ်ယောက်က သံတံခါးကိုဆွဲဖွင့်လိုက်တယ်။ ကျွီခနဲ နားစည်ကိုထိုးပေါက်လာတဲ့ စူးရှတဲ့အသံက ကြက်သီးထချင်စရာ။ တွန့်ဆုတ်နေတဲ့ခြေလှမ်းတွေနဲ့ သံတံခါးရဲ့တစ်ဖက်နေရာကို ခြေချလိုက်တယ်။

လေထုကအစ ထိုင်းမှိုင်းနေတဲ့အခန်းထဲကို လွမ်းနေခဲ့ရတဲ့ မျက်နှာပိုင်ရှင်ကဝင်လာခဲ့တယ်။ အပြစ်သားဝတ်စုံကိုဝတ်ထားတဲ့ ခန္ဓာကိုယ်က အရင်ကလိုမျိုး တောင့်တောင့်တင်းတင်းမရှိတော့။ ပိန်ကျသွားတာ သိသာလွန်းတယ်။

" ဂျယ်မင်း... "

တိုးဖျော့သော အသံပင်ဖြစ်သည်။ မျက်ဝန်းညိုတွေက အရင်ကလိုမျိုး တောက်ပမနေခဲ့တော့။ ဖူးယောင်နေတုန်းဖြစ်‌တဲ့မျက်နှာတစ်ခြမ်းကိုကြည့်ပြီး ဂျယ်မင်းသက်ပြင်းတစ်ချက်ချမိတယ်။ ဘာပဲဖြစ်ဖြစ် အစကထက်တော့ တော်တော်လေးသက်သာလာပါပြီ။

" မပင်ပန်းဘူးလား ကိုယ့်ကိုလာလာတွေ့နေရတာ "

" မြောက်ကိုရီးယားက သူလျှိုကိုမှ ချစ်ခဲ့မိတာကို "

ငိုသံစွက်ချင်နေတဲ့ အသံကိုအားတင်းကာ ထိန်းပြီးတစ်လုံးချင်းစီပြောလိုက်ရတယ်။ ဂျဲနိုက သူငိုနေတာကိုမကြိုက်ဘူးလေ။

CLOUD Where stories live. Discover now