Chapter: Four

397 49 4
                                    

Unicode Version

လျှို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဂျဲနိုရဲ့ဘဝက ထင်သလောက်တော့ မရိုးရှင်းခဲ့။ တစ်နေ့စာထမင်းတစ်နပ်စားနိုင်ဖို့အတွက် တစ်နေ့ရုန်းကန်ရတဲ့အခြေအနေအထိ မရောက်ခဲ့ပေမယ့် အဲ့လိုအခြေအနေအထိ မရောက်ခဲ့အောင် ထောက်ပံ့ပေးခဲ့တဲ့လူတွေက သူ့အတွက်တော့ တစ်သက်လုံးသစ္စာစောင့်သိသွားရမယ့် ကျေးဇူး‌ရှင်တွေ။ အဓိပ္ပါယ်မရှိတော့တဲ့ သူ့ရဲ့ဘဝက အထက်ကလူတွေရဲ့ သေဆိုသေ ရှင်ဆိုရှင် ဘဝဖြစ်ခဲ့ပေမယ့် အဲ့ဒီဘဝကလည်း ဂျယ်မင်းနဲ့ မတွေ့ခင်အချိန်အထိပဲ။

ဂျယ်မင်းနဲ့တွေ့ဆုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ မထင်မှတ်ပဲဖြစ်ပျက်ခဲ့တာဆိုပေမယ့် သူ့ဘဝရဲ့ အကြီးမားဆုံးအားအင်ဖြစ်နေခဲ့တယ်။ မိုးသားအရောင်ဆံနွယ်တွေနဲ့ကောင်လေးက မြင်ရုံနဲ့တောင် ရင်ထဲမှာအေးချမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အမြဲတမ်းဂစ်တာတစ်လုံးနဲ့ သံစဉ်တွေဖန်တီးလေ့ရှိတဲ့ ဂျယ်မင်းက တခါတလေဆိုရင် သူ့အတွက် ကိုယ်တိုင်သီချင်းတွေရေးစပ်ပေးတတ်သေးတယ်။ သူက ပီယာနိုကိုတီးပြီး ဂျယ်မင်းက ဂစ်တာတီးရင်း သူကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းစာပိုဒ်ကို ခပ်တိုးတိုးညည်းဆိုလေ့ရှိတဲ့ အချိန်တွေဆိုရင် သူတို့ပတ်ဝန်းကျင်မှာ ‌လွှမ်းခြုံထားတဲ့လေထုက နူးညံ့စွာပြောင်းသွားတတ်တယ်။ ဂီတကို မြတ်နိုးတဲ့ကောင်လေးက သူ့ရဲ့သီချင်းဆိုသံကိုလည်း ကြားချင်သေးတာ။ ဂီတဆိုရင် ပီယာနိုတီးတာကလွဲပြီး ကျန်တာမသိတဲ့ သူ့အတွက်တော့ ဂျယ်မင်းရဲ့တောင်းဆိုချက်က အနည်းငယ်မြင့်မားနေခဲ့သည်။ ဒါပေမယ့်လည်း ဂျယ်မင်းက အချိန်ရတိုင်း သူ့ကိုသီချင်းဆိုပြဖို့ တောင်းဆိုနေတုန်း။

တခါတလေတော့လည်း တွေးမိတယ်။
ဂျယ်မင်းကသူလက်လှမ်းမမှီနိုင်တဲ့နေရာက လူတစ်ယောက်ဆိုတာ။ နေရောင်ခြည်လိုမျိုး နွေးထွေးတဲ့အပြုံးတွေနဲ့ကောင်လေးကို ဖမ်းဆုပ်ထားဖို့မဝံ့ရဲခဲ့ပါလေ။ ဂျဲနိုက ဂျယ်မင်းကို ကောင်းကင်မှာလွင့်မြောနေတဲ့ ဖမ်းဆုပ်ဖို့ခက်တဲ့ တိမ်တိုက်တွေနဲ့တူတယ်လို့ တွေးခဲ့မိတယ်။

ခရစ်စမတ်နေ့ပြီးကတည်းက သူ့အိမ်ကို အမြဲတမ်းလိုလိုရောက်လာတတ်တဲ့ ဂျယ်မင်းက ရိုးရှင်းတဲ့ Date တွေနဲ့ပဲ ရောင့်ရဲခဲ့တယ်။ ဒီလိုအခြေအနေမျိုးကို မကြုံဖူးတာ မဟုတ်ပါပဲနဲ့ကို နှစ်ယောက်သားက အပြင်မှာချိန်းတွေ့ကြတိုင်း ဆယ်ကျော်သက်လေးတွေလိုမျိုး ရင်ခုန်သံတွေမြန်လာတတ်ကြတယ်တဲ့လေ။

CLOUD Where stories live. Discover now