မုန့်ဆိုင်ကကောင်မလေး

30 1 0
                                    

မုန့်ဆိုင်ကကောင်မလေး...

    ရပ်ကွက်ထဲကို မုန့်ဆိုင်အသစ်လာဖွင့်တယ်၊ကျောက်ဆည်ဘက်ကပြောင်းလာတယ်ဆိုပဲ။
အိမ်ထဲကအိမ်အပြင်မထွက်ဖြစ်ရင်တောင် တစ်ရပ်ကွက်လုံးပတ်နေတဲ့ အမေကြောင့်သတင်းကတော့စုံပါတယ်ဗျာ။
         တစ်ရက်တော့‌အမေက ဆနွင်းမူန့်ဝယ်ဖို့ အနီးဆုံးမှာရှိနေတဲ့ အဲ့ဆိုင်အသစ်ကိုပဲ စေလွှတ်လိုက်ပါတော့တယ်။
       "  ဆနွင်းမူန့် တစ်ရာတန်တစ်ထုပ်ပေးပါ"ဆိုင်ထဲမှာတော့ဘယ်သူမှရှိပုံမပေါ်ဘူးဗျ။
        "   ဗျို့လူရှိလား ဆနွင်းမူန့်တစ်ရာတန်တစ်ထုပ်ပေးပါ" နှစ်ခေါက်လောက်အော်မှ နောက်ဖေးကနေပြေးလာပုံရတဲ့ကောင်မလေးတစ်ယောက် ဆံပင်ကအတိုဂုတ်ဝဲလေးနဲ့ ဘောင်း‌ဘီကပေါင်တိုနဲ့ အမောတကောပြေးလာလေရဲ့။
"ဆောတီးပါ မမရယ် နောက်ဖေးမှာပဲဟင်းအိုးတင်ထားတာဆူလာလို့သွားချတာ၊ ဘာယူမှာလည်း မမ ဆနွင်းမူန့်ပဲနော် တခြားပါသေးလားမမ ၊ မမကဒီရပ်ကွက်ထဲကပဲလား တစ်ခါမှ မတွေ့ဖူးဘူးနော် ဘယ်နားမှာနေတာလည်းဟင် ခင်လို့ရလား၊ရော့မမ ဆနွင်းမူန့် မမကလှသားပဲနော်"

"အင်း" အဲ့တလုံးပဲဖြေပြီး ဆနွင်းမူန့်ထုတ်ကိုယူပြီး ပြန်လာလိုက်တယ်၊ကောင်မလေးကတော့ ကြောင်တောင်တောင်လေးနဲ့ကြည့်နေလေရဲ့။

       နောက်နှစ်ရက်လောက်နေတော့ ကိုယ်ဗလာစာအုပ်လိုလို့ သွားထပ်ဝယ်ရတယ် အဲ့ဆိုင်ကိုပဲ။
     "ဗလာစာအုပ် 200တန်တစ်အုပ်လောက်ပါ"
ဒီနေ့တော့အဲ့ကောင်မလေးရှိပုံမရဘူး၊သူထပ်အသက်ကြီးတဲ့အန်တီတစ်ယောက်နဲ့ဦးလေးကြီးတစ်ယောက်တော့ထိုင်နေတယ်။
"အေးအေး သမီးဒါပဲလား ဘာပါသေးလည်း"
"မပါတော့ပါဘူး အန်တီဒါပါပဲ"

ကိုယ်လည်းပိုက်ဆံပေးပြီး ပြန်အထွက် အပြင်ကနေပြေးဝင်လာတဲ့သူတစ်ယောက်နဲ့တိုက်မိပြီး ကိုယ်ကဖင်ထိုင်ရက်ပြုတ်ကျသွားတယ်၊ဝင်တိုက်တဲ့ကောင်မလေးကတော့ ကိုယ့်အပေါ်မှာ ။

"အား ကျွတ်ကျွတ် နာသွားပြီ "
အပေါ်ကနေပြီနာနေတာလား ၊အခုမှကိုယ့်ကိုတွေ့ပုံရတယ် ၊ကိုယ့်တွေ့မှ လန့်သွားတဲ့ပုံနဲ့ ဇတ်လေးပုဝင်သွားတယ်။

"ဆောတီးမမ မတော်တဆပါ"

"အင်း မဖယ်သေးဘူးလား"
ပြောခါမှထပြီး ဖုန်တွေပါတွေခါနေသေးတာ။

"သမီးရေ အဲ့ကောင်မလေးက အက်လိုပဲ အမြဲပြာနေတာ ခိုက်မိသွားသေးလားသမီး ဆေးထည့်မလား အန်တီ့ကြည့်ကြည့်မယ်"

"ရတယ်အန်တီ ပြုတ်ကျရုံပဲ ဘာမှမဖြစ်ပါဘူး သွားလိုက်ပါအုန်းမယ်"

ဆိုင်ထဲကထွက်လာပြီး အိမ်ပြန်မယ့်လမ်းထိပ်အရောက် အနောက်နေပြီး တစ်ယောက်ယောက်အော်သံကြားလိုက်ရတယ်။
"မမရေ ဟိုရှေ့ကမမလှလှ ခဏလောက်ရပ်ပါအုန်းမမရေ"
ငါ့ကိုခေါ်နေတာလား ၊ဪ ဟိုကလေးမပဲ။

"ဘာဖြစ်လို့လဲ"
ဘာလို့ပါလိမ့်။
"အမလေးမမရယ် လမ်းလျှောက်တာမြန်လိုက်တာ အပြေးမြန်တဲ့သူတောင်မမှီဘူး မောလိုက်တာ ခဏနော် ခဏပဲ"

ကိုယ့်လက်ကိုလှမ်းဆွဲယူပြီး ပလာစတာကပ်ပေးလိုက်တယ်၊ဪ အခုကြည့်မှ ပြုတ်ကျသွားတုန်းက ပွန်းသွားတာဖြစ်မယ်၊အက်တာကြောင့်လိုက်လာတာလား ၊ဘယ်လိုဟာမလေးပါလိမ့်။

"တောင်းပန်ပါတယ်မမ ၊ငယ်လေးကလေအရမ်းပြာသွားလို့ပါ၊နာလားဟင်"
"မနာပါဘူးရပါတယ်"

ပြောပြီးကိုယ်လည်းလှည့်ထွက်လိုက်တယ်၊ဒါပေမယ့် ကိုယ့်လက်က သူ့လက်ထဲမာ
"မမ ဟိုလေ ငယ်လေးနဲ့သူငယ်ချင်းဖြစ်ချင်လားဟင်၊ငယ်လေးမှာသူငယ်ချင်းမရှိလို့ပါ ၊အခုမှစရောက်တာဆိုတော့လေ အသိမရှိလို့ပါ ဟီးဟီး"

သွား32ချောင်းလူံးပေါ်အောင်ဖြီးပြီးရီပြနေလေရဲ့။
"မရဘူး ငါမအားဘူး"
ပြောပြီးလှည့်သာထွက်ခဲ့တော့တယ် ၊နောက်ပြန်မလှည့်ကြည့်ခဲ့၊ပြန်လှည့်ကြည့်လိုက်ရမလား၊မဟုတ်ဘူး မကြည့်တာပိုကောင်းပါတယ်၊ဟုတ်တယ်ပိုကောင်းတယ်။

မုန့်ဆိုင်ကကောင်မလေးWhere stories live. Discover now