မုန့်ဆိုင်ကကောင်မလေး Ch (2)

13 0 0
                                    

မုန့်ဆိုင်ကကောင်မလေး Ch (2)

      ဒီနေ့က ကန်တော်ကြီးပန်းခြံမှာမိုးရွာတဲ့နေ့ပေါ့၊အရာရာကိုပြင်ဆင်ပြီးမှ ဒီနေရာကိုကျွန်တော်ရောက်လာခဲ့တယ်၊ပုံမှန်ဆို နီးစပ်ရာ တဲထဲဝင်မိုးခိုဖြစ်ပေမယ့် ဒီနေ့တော့မိုးရွာပါစေပဲ ဆုတောင်းထားတယ်၊ဒါမှ ငယ်ကျွန်တော့မျက်ရည်တေကိုမမြင်မှာ။
        တွေ့ပါပြီ၊မိုးခိုတဲထဲမှာ သူမကဟိုဘက်လျှောက်၊ဒီဘက်လျှောက်နဲ့ သူမကြည့်ရတာကျွန်တော့်ထက်တောင်စိတ်လှုပ်ရှာနေပုံရတယ်၊ဆံသားတွေကရေတွေရွှဲစိုနေတော့ သူမလိုပိန်ပိန်ပါးပါးလေးက ကြွက်စုတ်လေးလိုပဲ၊သူမချမ်းနေရှာပြီ ။

"ငယ် "
"မမ မမလာပြီလား၊ငယ်ရှင်းပြစရာရှိလို့ ငယ်ပြောတာအရင်နားထောင်ပေးနော် ၊မမအထင်မလွဲပါနဲ့ငယ် ကလေး မမကိုပဲချစ်တာပါ ယုံပါမမရယ်နော်"

ကျွန်တော့်လက်လေးကို သူကိုင်ပြီး အထပ်ထပ်အခါခါသူရှင်းပြရှာတယ်၊ငယ်ကလေ ဘယ်လိုနေနေသိပ်ချစ်ဖို့ကောင်းတာပဲ၊ငယ့်ရဲ့ခေါင်းကိုအရင်လို လက်လေးနဲ့ပုတ်ပြီး နှစ်သိမ့်ဖို့ပြင်ပြီးမှ ကိုယ့်လာရင်းအကြောင်းကိစ္စကိုသတိရသွားပြီး ငယ့်ကိုတွန်းထုတ်လိုက်တော့တယ်။

       "ငါ ဒီနေ့လာတာမင်းကိုပြောစရာရှိလို့ပဲ၊ ငါတို့လမ်းခွဲမယ်၊ငါလည်းငါ့တက်လမ်းရှိသေးတယ်၊ပြီးတော့ မင်းလို ဟိုလူနဲ့ရူပ်ရူပ်ရှက်ရှက် ၊ဒီလူနဲ့ရူပ်ရူပ်ရှက်ရှက်မျိုးကို ဒီ့ထပ်ပိုပြီး ငါလက်တွဲမထားနိုင်တော့ဘူး ၊နောက်တစ်ပတ်ထဲ ငါရန်ကုန်သွားပြီး လက်ထပ်တော့မယ်၊မင်းလည်းမင်းဘဝနဲ့မင်းနေလိုက်တော့ ဟေမာန်မှိုင်း"

တစ်ဖက်သတ်လမ်းခွဲခြင်းအမှု့ကို လုပ်ပြီးကျွန်တော် ငယ်ရှိတဲ့နေရာကနေ အပြေးကလေး ထွက်ပြေးလာခဲ့တယ် အနောက်ဟစ်အော်နေတဲ့အသံတေကတော့ မိုးသံလေသံနဲ့ရောပြီး ကျန်ရစ်ခဲ့တော့တယ်။

"မမရေ မမ ငယ်ကမမကိုတကယ်ချစ်တာပါ မမရဲ့ ငယ်မရူပ်တော့ပါဘူး တကယ်ပြောတာပါ မမရေ ပြန်လာခဲ့ပါမမရဲ့ မနွေးလဲ့ပြာရဲ့ ရှင်းပြတာလေးနားထောင်ပါအုန်းမမရဲ့ ငယ်မှားသွားပါတယ် ငယ်မရည်ရွယ်ရပါဘူး မမရေ"

မိုးတွေကလည်းသည်းလိုက်တာ ငယ်မမနောက်ကိုပြေးလိုက်ပေမယ့် ငယ့်ရဲ့အမြင်တွေကို မိုးနတ်မင်းကပိတ်ပင်ထားတယ် ငယ်ကများ မမနဲ့မထိုက်တန်လို့လားဟင် ငယ်ဆီကို မမကိုပြန်လွှတ်ပေးကြပါ ငယ်လိမ္မာပါ့မယ်၊အားးးး ငယ်မဆိုးတော့ဘူးလို့ ဒါနောက်ဆုံးပဲလို့ မမကိုရှာမတွေ့တော့ဘူး မမကငယ့်ကိုတကယ်မုန်းသွားပြီလာဟင်။

မုန့်ဆိုင်ကကောင်မလေးDove le storie prendono vita. Scoprilo ora