Ch(4)

10 0 0
                                    

မုန့်ဆိုင်ကကောင်မလေး Ch(4)

ဒီနေ့က ရန်ကုန်ကိုသွားမယ့် ရထားတွဲပေါ်မှာပေါ့။
ငယ့်ကိုထားခဲ့ပြီး ငယ်မုန်းတဲ့လုပ်ရက်ကိုလုပ်ဖို့ မမဒီရထားပေါ်မှာထိုင်နေတယ်ပြောရင် ငယ်စိတ်ဆိုးနေလောက်မှာ
ငယ်ပြောဖူးတယ်" မမတခြားတစ်ယောက်နဲ့အတူတူရှိနေတာငယ်အမုန်းဆုံးပဲ မမကငယ့်အပိုင် ငယ့်လူပဲတဲ့" မမသာတခြားတစ်ယောက်အတွက် ငယ့်ကိုစွန့်ခွာပြီးထားရစ်ခဲ့တာ ငယ်သိရင် မမကိုမုန်းသွားမလားငယ်ရယ်၊ ကျွန်တော့်ရဲ့ငယ်က အရမ်းငယ်သေးတယ် သူမလေးမှာတက်လမ်းတွေ ကုဍေကဋာနဲ့ချီပြီးရှိသေးတယ် ကျွန်တော်လိုလူကငယ့်ကိုဘာများလုပ်ပေးနိုင်မှာမို့လဲ ၊ဒါပေမယ့်လည်း ဒါပေမယ့်လည်း ငယ်ရယ် မမလေ မင်းနဲ့ပဲအတူရှိချင်တယ် မင်းနဲ့အဝေးကိုထွက်သွားရမှာ မမရင်နာလွန်းလို့ရူးမတက်ပဲငယ် ၊မဖြစ်ဖူး ငယ်ငါ့ကိုစောင့်နေလောက်တယ် အခုပဲငယ်ဆီသွားရမယ် ရထားမထွက်ခင် သွားရမယ် ငယ်စောင့်နေတော့မယ် ၊ရင်တွေခုန်လွန်းလို့ ရထားကဥ‌ဩဆွဲသံတောင် ကျွန်တော်ရင်ခုန်သံထက် တိုးလွန်းနေသလိုပဲ၊ကျွန်တော် ငယ်ဆီပြန်သွားချင်လွန်းလို့ ထိုင်ခုံကထဖို့လုပ်နေတုန်း အမေရဲ့လက်က ကျွန်တော်လှမ်းဆွဲပြီးတားထားတယ် ၊သူမ(အမေ)ခေါင်းခါပြတယ် ။
"မလုပ်ပါနဲ့ သမီးရယ် သမီးမိသားစုကို ပြန်ကြည့်ပါအုန်းတဲ့"

အွန့်...
မငိုဘူး ကျွန်‌ေတာ်လုံးဝမငိုဘူး၊ကျချင်နေတဲ့မျက်ရည်တွေကို ထိန်းဖို့အတွက် ကျွန်တော့်ရဲ့နူတ်ခမ်းကို ဖိကိုက်ခါထိန်းထားလိုက်တယ် နာတယ်အမေ ၊ဖိကိုက်ထားနူတ်ခမ်းကလည်း နာတယ်၊ရင်ဘတ်ထဲကလည်း အရမ်းနာနေတယ်အမေရယ် ကျွန်တော်နာကျင်နေတာကို ဘယ်သူ့ကိုများဝေမျှရမလည်း ငယ်ရော အခုချိန်ဆို ကျွန်တော့်လိုပဲ နာကျင်နေမလားး မမတောင်းပန်တယ်ငယ် မမ အမှားတွေပါ မမကိုခွင့်မလွှတ်ပါနဲ့။

နာကျင်မူ့တွေ ရင်မှာပိုက်ထားတဲ့ ရထားတစ်စီးက အနစ်နာခံမူ့တွေကို တပွေ့တပိုက်ဆွဲကိုင်ပြီး ဘူတာကြီးကနေ ထွက်ခွာလာခဲ့ပါပြီ ။


‌ "သမီး မှိုင်းလေး သမီး အိပ်ယာကထပြီး ဆေးလေးသောက်ပါအုန်းနော် သမီးထအုန်း"

"မေမေ ဟို မမ မမလာသေးလားဟင် မမ သမီးကိုလာကြည့်သေးလားဟင်"

"မလာဘူးသမီး အမေကြားတာ သူတို့ခရီးသွားတယ်ပြောတယ်၊ဘာလို့လည်း သမီးမှိုင်း "

မမက မမက ခရီးသွားတယ် မဟုတ်ဘူး မမပြောတာက သူလက်ထပ်တော့မယ်တဲ့ မဖြစ်နိုင်ဘူး ဘာလို့မမက အကောင်းကနေတန်းလက်ထပ်ရမှာလဲ၊မမကသူ့ကိုဆို ဒီလောက်ချစ်တာ ဒီကိစ္စအတွက်နဲ့မမက သူ့ကိုထားခဲ့တာလား မဖြစ်နိုင်ဘူး ငယ်မယုံဘူး မယုံဘူး မမဆီသွားကြည့်ရမယ် ။

"သမီးမှိုင်း သမီးထလို့မရသေးဘူးလေ ဘယ်သွားမလို့လည်း နေလည်းမကောင်းပဲနဲ့ သမီးကိုယ်ပူနေသေးတယ် ပြန်လှဲနေပါနော်သမီးရယ်"

"မမ မမဆီသွားရမယ် မမက မမကဒီလိုထွက်သွားလို့မဖြစ်ဘူး၊ငယ့်ကိုထားခဲ့လို့မရဘူး"

ဇောအပူတွေကို ကိုယ်အပူတွေက နိုင်သွားပြီးနောက် မှိုင်းတစ်ယောက် သတိလစ်သွားတော့တယ်။

"မမရာ ငယ့်အပေါ်ရက်စက်လိုက်တာဗျာ"
အပူရှိန်ကြောင့်လား၊ရင်ထဲကလှိမ့်တက်လာတဲ့ဝမ်းနည်းမှု့ကြောင့်လားမသေချာပေမယ့် သတိလစ်သွားတဲ့ငယ်တစ်ယောက် မျက်ရည်တွေစီးကျနေဆဲပါပဲ၊မှိုင်းရဲ့မိဘတွေကလည်း အံ့ဩထိတ်လန့်မှုတွေကြားက မှိုင်းကိုဆေးရုံအပြေးပို့လိုက်ရတော့တယ်၊ဆေးရုံပေါ်ရောက်တော့လည်း မှိုင်းရဲ့ မေ့မြောနေဆဲအခြေအနေမှာတောင် ခေါ်နေခဲ့တာက မမတဲ့လေ ၊မှိုင်းရဲ့မိဘတွေလည်း ရိပ်မိသွားပြီ။

တခါ‌တလေ သမီးဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်သမီး။(နွေးလဲ့ပြာရဲ့ အမေ)

သမီး သမီးကြိုက်နေတာက နွေးလဲ့ပြာလားသမီး၊မိုက်လိုက်တာသမီးရယ်(ဟေမာန်မှိုင်းရဲ့မိခင်)

Updateပျောက်သွားလို့ ဆောတီးပါနော်
Facebook errorနဲ့တိုးသွားလို့ပါ။
Wattpadမှာလည်း တင်ထားပါတယ် ဝင်ဖတ်ပေးကြအုန်းနော်❤️❤️❤️

မုန့်ဆိုင်ကကောင်မလေးWhere stories live. Discover now