Ch(3)

10 0 0
                                    

မုန့်ဆိုင်ကကောင်မလေး Ch (3)

Flash back...
ဒီနေ့တော့ ပုံမှန်မဟုတ်ပဲ ရာသီဥတုက မှိုင်းအုံ့နေတယ်၊နေမပူတော့နေလို့ကောင်းနေတာပေါ့၊အပြင်ကို လမ်းထွက်လျှောက်ချင်တယ်၊ဒါနဲ့ပဲ အပြင်ကိုထွက်လာတယ် တီရှပ်အဖြူဗြောင်တစ်ထည်နဲ့ ဘောင်းဘီအနက်ရောင် ဒူးဖုံးတစ်ထည်ကို ဝတ်ပြီး စီးကရက်ဘူးကို အိတ်ထဲထည့် မီးချစ်ကိုလက်ထဲကိုင်ပြီး ကန်တော်ကြီးတလျှောက် ကန်ဘောင်အတိုင်းလမ်းလျှောက်လာခဲ့တယ်၊ကန်ဘောင်ဆိုတော့ လေကဖြူးနေတာပဲ ၊မိုးအနံ့အသက်လေးတွေနဲ့ ဗေဒါပင်တွေစီရီလို့ နေ့လည် 2နာရီလောက်ဆိုပင်မယ့် မိုးအုံ့နေတော့ လမ်းလျှောက်လို့ကောင်းလိုက်တာ။

"ဟိုလေ အရှေ့ကမမ ခဏလောက်စောင့်ပါအုန်း"

အမ်၊ဟိုကောင်မလေးအသံပဲ ဘယ်ကနေအော်နေတာလည်း။
"အာ့ ၊သေစမ်း ဘယ်လိုဖြစ်လို့မင်းပဲဖြစ်နေတာလည်း"

အသံကြားလို့လှည့်အကြည့် ကိုယ့်ရင်ခွင်နဲ့ ဝင်ဆောင့်မိသွားတယ်၊ဒီကောင်မလေးတက်လည်းတက်နိုင်တယ် ၊တော်တော်လည်းဝင်တိုက်နိုင်တဲ့ဟာမလေး။

"ဆော...ဆောတီးးမမ ထပ်ဖြစ်ပြန်ပြီ ဟဲဟဲ"
ပြောပြောဆိုဆို ကျွန်တော့ လက်ကိုဆွဲပြီးတံတောင်စစ်ကိုစစ်ဆေးနေလေရဲ့၊ကောင်မလေးကကျွန်တော့ထပ်ပုတော့ ကျွန်တော်က ငုံ့ကြည့်နေရတယ်၊တော်တော်လှတယ်၊ဂုတ်ထောက်နေတဲ့ဆံပင်နဲ့ နီရဲနေတဲ့ နှခေါင်းလေးနဲ့ သမင်ပေါက်စလေးလိုပဲ၊စိတ်ကနောက်မှ လက်ကအရင် ကောင်မလေးရဲ့ပါးကိုသွားညှစ်မိတော့တယ်။

"အာ...ဆောတီး ကိုယ်က ပါးမှာသစ်ရွက်ကပ်နေလို့ဖယ်ပေးတာ"
"ဟုတ် ရပါတယ် ဒါနဲ့လေ မမတံတောင်ဆစ်မှာအမာရွတ်ကျန်မှာဆိုးနေတာ မကျန်ဘူးပဲ၊ပြီးတော့ထပ်ပြီးတိုက်မိလို့ တောင်းပန်ပါတယ် မမကိုရုတ်တရပ်တွေ့လိုက်တော့ ဝမ်းသာသွားလို့ပါ၊ညီမလေး အမည်က ဟေမာန်မှိုင်းပါ မမကရောဟင်"

ဒီကောင်မလေးကတော်တော်စကားများလွန်းတယ်၊စိတ်ရူပ်တယ်ပြောဖို့လုပ်ထားတဲ့ ပါးစပ်ကသူမရဲ့မျက်လုံးဝိုင်းဝိုင်းနဲ့ပေကလက်ပေကလက် လုပ်ပြီးကြည့်နေတာမြင်တော့ ဒီပါးစပ်ကြီးကစွံအသွားတယ် ၊စိတ်ထဲကမပါပဲ ။

"ကိုယ့် အမည်ကနွေးလဲ့ပြာပါ"

"ဝါးး တော်တော်လှတာပဲမမအမည်က မမလိုပဲနော် လှနေတာပဲ"
"ကျေးဇူး"
"မမဟိုလေ အခုလေတစ်ယောက်နဲ့တစ်ယောက်သိသွားပြီဆိုတော့လေ သူငယ်ချင်းလုပ်ကြရအောင်လားဟင် Face bookသုံးတယ်မလား အချင်းချင်းအပ်ကြရအောင်လေနော်"

မအပ်ချင်ဘူးပြောမယ်လုပ်လိုက်တော့ ခုနလိုပဲ သူမရဲ့မျက်လုံးဝိုင်းဝိုင်းကြီးက ကြည့်နေပြန်တော့ကိုယ်လည်းသက်ပြင်းအသာချပြီး ။

"အင်းအဲ့မှာaddလိုက်ပြီးရင် လက်ခံလိုက်မယ် ဒါပဲမလားသွားပြီ"

Ch (4)မျှော်...

မုန့်ဆိုင်ကကောင်မလေးWhere stories live. Discover now