ep 13

1.8K 143 4
                                    

ထယ် လဲ တက္ကဆီငှါးပြီး joen ကုမ္ပဏီကိုသွားလိုက်တယ် ကုမ္ပဏီရှေ့ရောက်တော့ဆင်းပြီးကားခရှင်းကာ ကုမ္ပဏီကိုမော့ကြည့်မိတော့ wow. တကယ်ကိုကြီးတဲ့ကုမ္ပဏီကြီးဘဲ မိုက်လိုက်တာ ထယ်လဲအထဲဝင်သွားလိုက်တော့

girl: ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး

tae: ဟိုကျွန်တော် online အင်တာဗျူးအောင်လို့ မနက် ၉ နာရီ လာတွေ့မို့ချိန်းထားလို့ပါ

girl:aww ဟုတ်ကဲ့ ခဏလေးစောင့်ပါနော် သူဌေးကိုအကြောင်းကြားပေးပါ့မယ်

tae: ဟုတ်ကဲ့ပါ

ထယ်လဲ ထိုအမရဲ့ အရှေ့ကခုံတန်းလေးပေါ်မှာဝင်ထိုင်ပြီးစောင့်နေလိုက်တယ် ခဏကြာတော့

girl: အကိုညီမနဲ့လိုက်ခဲ့ပါ သူဌေးအခန်းကိုလိုက်ပို့ပေးပါ့မယ်

tae: aww ဟုတ်ကဲ့ပါ

ထယ်လဲ ထိုမိန်းခလေးရဲ့ နောက်ကနေလိုက်သွားလိုက်ပြီး အပေါ်ဆုံးထက်ရောက်တော့ ကောင်မလေးက အခန်းတခန်းရှေ့မှာရပ်ကာ

girl: အကို ဒီအခန်းထဲဝင်သွားလိုက်ပါနော် အထဲမှာ သူဌေးကော အတွင်းရေးမှုးကောရှိပါတယ် ဒါဆိုညီမကိုခွင့်ပြုပါအုံး

tae: ဟုတ်ကဲ့ပါ ခုလိုလိုက်ပို့လို့ကျေးဇူးပါနော် ညီမ

girl: ဟုတ်ကဲ့ရှင့်

ထယ်လဲကောင်မလေးကိုနှုတ်ဆက်ပြီးထိုကောင်မလေးထွက်သွားတာနဲ့ အခန်းတံခါးကိုဖွင့်ပြီးဝင်သွားလိုက်တယ် wow တကယ်ကိုကောင်းလိုက်တဲ့ရုံးခန်းကြီး အိမ်ခန်းတခန်းစာလောက်ရှိပြီး တကယ့်ကိုအကျယ်ကြီးဘဲ

jh: kim tae hyung shi ကြိုဆိုပါတယ်ဗျ ထိုင်ပါအုံး

ထယ်လဲ အခန်းကိုငေးနေတုံး အရပ်မြင့်မြင့်အသားဖြူဖြူနဲံ လူတစ်ယောက်က အရှေ့မှာရပ်ကာ ကြိုဆိုကြောင်းပြောပြီး ခုံမှာဝင်ထိုင်ခိုင်းတာနဲ့ ဝင်ထိုင်လိုက်ရင်း

jh: kim taehyung shi က online အင်တာဗျူးအောင်ထားတယ်နော်

tae: ဟုတ်ကဲ့ ဒါကျွန်တော့်ရဲ့ cv ဖောင်ပါဗျ

jh: ဟုတ်ကဲ့ပါ

ထိုလူကတဆင့်ကျွန်​တော့်ရဲ့ cv ဖောင်ကို သူ့အနောက်ကစားပွဲမှာ ကျွန်တော်တို့ကိုကျောခိုင်းပြီး အပြင်ဘက်ကိုမျက်နှာမူထားတဲ့လူအားလှန်းပေးကာ

ထယ်ချစ်ရပါသောမောင် (Completed) Where stories live. Discover now