ep 22

2.1K 152 4
                                    

ထယ်ဒီနေ့ သားကိုခေါ်ကာဆေးရုံသွားရမှာမို့ စောစောထပြီးပြင်ဆင်ရသည် အကုန်အဆင်သင့်ဖြစ်လို့အောက်ဆင်းလာတော့ hyung တို့ကစောင့်နေတာနဲ့မနက်စာအတူစားရန် ဝင်ထိုင်လိုက်ပြီး မနက်စာစားလိုက်သည်

jin:  tae လေးစိတ်လှုပ်ရှားနေပြီလား ဒီနေ့ပြီးရင် မင်းတို့မိသားစုဘဝလေးပိုင်ဆိုင်ရတော့မှာနော်

tae: ဟုတ်တယ် hyung နည်းနည်းတော့စိတ်လှုပ်ရှားတယ်

joon: ဘားမှပူမနေနဲ့ အားလုံးအဆင်ပြေသွားလိုက်မယ် ထယ်လေး hyung တို့ကတော့ဒီနေ့အရေးကြီးအစည်းဝေးရှိလို့ ဆေးရုံမလိုက်တော့ဘူးနော်.

tae: ရပါတယ် hyung ရဲ့ အလုပ်ကိုသာအေးဆေးသွားပါ

jm: ဟုတ်တယ် hyung ရဲ့စိတ်မပူပါနဲ့ ကျွန်တော်တို့ပါတာဘဲဟာ

joon: အေးပါကွာ.

    မနက်စာစားပြီးတာနဲ့ jin hyung ရယ် ကျွန်တော်ရယ် jimin ရယ် သားရယ်က ဆေးရုံကိုထွက်လာလိုက်သည် jin hyung ကားမောင်းပေးတာကြောင့် သားနဲ့ကျွန်တော်ကအနောက်ခန်းမှာဝင်ထိုင်လိုက်သည်  jimin ကပါ ကျွန်တော်တို့နဲ့အတူလာထိုင်ပြီး စိတ်လှုပ်ရှားနေလို့အေးစက်နေတဲ့ ကျွန်တော့်လက်လေးတွေကိုစုပ်ကိုင်ပေးထားတာကြောင့် ကျွန်တော်လဲ တည်တည်ငြိမ်ငြိမ်ဖြစ်ရန် ကြိုးစားလိုက်ရသည် ဆေးရုံရောက်တော့ သွေးစစ်တဲ့ဌာဏ နားမှာကကျွန်တော်တို့လေးယောက်သားထိုင်စောင့်နေကြသည် မောင်တို့ကမရောက်သေးဘူးလေ ခဏကြာတော့ mr joen နဲ့ mrs joen တို့လင်မယားဆေးရုံထဲဝင်လာတာလှမ်းမြင်တော့ လက်ပြကာ လှမ်းခေါ်ရင်း အနောက်ကမြင်ခွင်းက ရင်နာရပြန်သည်

  မောင်နဲ့အတူ ဝင်လာတဲ့ မိန်းမတစ်ယောက် မောင့်လက်ကိုလဲ တွဲထားသေး မောင်ကလဲ မဖြုတ်ဘဲငြိမ်ခံနေတယ် အဲ့မိန်းမကဘယ်သူလဲ ပြီးတော့မောင်နဲ့ဘယ်လိုပတ်သတ်တာလဲ တွေးနေတုံး အနားရောက်လာကြတဲ့ သူတို့ကြောင့်အတွေးတွေကိုဖျောက်ကာ အန်တီနဲ့အန်ကယ်ကို နှုတ်ဆက်လိုက်သည်

tae: မင်္ဂလာပါ အန်ကယ်နဲ့အန်တီ

mr joen mrs joen:  မင်္ဂလာပါကွယ်

tae: ဟုတ်ကဲ့ ကျွန်တော်တို့အဆင်သင့်ဖြစ်ပါပြီ

mr joen:  ကောင်းပါပြီ ဟိုဒါကလေ သားရဲ့ သူငယ်ချင်းပါ ထယ်ယောင်း သူကလိုက်ချင်တယ်ဆိုတာနဲ့ခေါ်လာလိုက်တာ စိတ်ထဲမထားဘူးမှတ်လား သားထယ်ယောင်း

ထယ်ချစ်ရပါသောမောင် (Completed) Where stories live. Discover now