ep 27

2.2K 137 1
                                    

jungkook တို့ မိသားစုလဲ park အိမ်တော်ရောက်သွားတော့ တခြားဧည့်သည်အချို့လဲရှိနေကြပြီး mr park နှင့် သူ့ဇနီးကတော့ သူတို့သမီးရဲ့ အခေါင်းနားမှာထိုင်ကာငိုနေကြသည်  mr joenတို့လဲ mr park တို့နားသွားကာ  နှစ်သိမ့်စကားသွားပြောတော့ jungkook လဲ လိုက်သွားလိုက်သည် mrs park က jungkook ကိုလဲမြင်ရော

mrs park:  သမီးလေးရေ မင်းသိပ်ချစ်တဲ့မင်း ကိုကို joen မင်းဆီရောက်လာပြီလေ ထကြည့်ပါအုံး omma ရဲ့သမီးလေးရယ် မေမေတို့ကိုဒီလိုကြီးထားမသွားပါနဲ့

mrs joen:  သူငယ်ချင်းရယ်စိတ်ထိန်းပါအုံး သမီးလေး sohee က ဒီလောကမှာမရှိတော့ဘူးလေ

jk:  အန်တီနဲ့အန်ကယ် ကျွန်တော့်ကိုခွင်လွှတ်ပါနော် sohee ကိုစိတ်ထိခိုက်အောင်လုပ်မိလို့ ကျွန်တော့်ကိုခွင့်လွှတ်ပေးကြပါ

mr park:  မဟုတ်တာ သားရယ် မင်းနဲ့မဆိုင်ပါဘူးကွာ အန်ကယ် တို့သမီးလေးကိုက အချစ်ကြီးပြီး မိုက်လုံးကြီးတာပါ အခုမှတော့ဘယ်သူ့ကိုမှလဲ အပစ်မတင်ချင်တော့ပါဘူးကွာ

jk: ဟုတ်ကဲ့ပါ အန်ကယ်

    jk လဲ mr park တို့အနားကနေထွက်ကာ sohee ရဲ့ အခေါင်းနားသွားလိုက်ပြီး sohee ရဲ့အခေါင်းရှေ့မှာဒူးထောက်လိုက်ကာ

jk: sohee ညီမလေး ကိုကို့ကို ခွင့်လွှတ်ပေးပါနော် ကိုကိုညီမလေးအပေါ်ရက်စက်သလိုဖြစ်ခဲ့ရင် ညီမလေးကကိုကို့ကိုဘယ်လောက်ချစ်လဲဆိုတာကိုကိုသိပါတယ် ဒါပေမဲ့ညီမလေးရယ် ကိုကိုဘဝမှာလေ ကိုကိုထယ့်ကိုဘဲချစ်ခဲ့တာ သူကလွဲရင်ကိုကိုဘယ်သူ့ကိုမှမချစ်နိုင်ခဲ့ဘူး  ကျောင်းတတ်ထဲက ညီမလေးကိုကို့ကိုစိတ်ဝင်စားတာကိုကိုသိပါတယ် ဒါပေမဲ့အဲ့ချိန်ထဲကနေခုချိန်ထိ ကိုကိုညီမလေးအပေါ်ကို ညီမလေးတစ်ယောက်ကိုချစ်တဲ့အချစ်ထက်မပိုခဲ့ဘူး ပြီးတော့ ကိုကို့သူငယ်ချင်းရဲ့ညီမလေးကကိုကို့ညီမလေးလို့ဘဲကိုကိုမှတ်ယူထားခဲ့တာ  မိဘတွေစီစဉ်တဲ့မင်္ဂလာပွဲကို ကိုကိုလက်ခံမိပြီး အခုလိုညီမလေးကိုနာကျင်စေမို့ ကိုကိုဘယ်တုံးကမှ မရည်ရွယ်ခဲ့ပါဘူးညီမလေးရယ် ကိုကို့ကိုခွင့်လွှတ်ပေးပါနော် ပြီးတော့ တမလွန်မှာအေးအေးချမ်းချမ်းအနားယူပါ

ထယ်ချစ်ရပါသောမောင် (Completed) Where stories live. Discover now