နန္းတြင္းအေခၚအေဝၚမ်ားနန်းတွင်းအခေါ်အဝေါ်များ

558 45 0
                                    

#နန်းတွင်းအခေါ်အဝေါ်များ

#ကုန်းဘောင်ခေတ်  က အထက်တန်းလွှာ  #မင်းမျိုးမင်းနွယ်  တွေနဲ့ #မှူးမတ်  အိမ်တော်တွေကြားမှာ ထိပ်တင် ထိပ်စု ခင်ခင် မောင်မောင် စတဲ့ "ဂုဏ်ထူးနာမည်" တွေကို ရာထူးအဆောင်အယောင်အလိုက် နာမည်ရဲ့ ရှေ့နောက်က ဆက်ပြီး ခေါ်ဝေါ်ရတဲ့ ထုံးစံရှိပါတယ်

ဒါတွေဟာ ဘာကို #ကိုယ်စားပြု  သလဲ... အောက်မှာ ဆက်ကြည့်ပေးကြပါဦး

#ရွှေကိုယ်တော်ကြီးဘုရား
တောင်နန်းဒေဝီ #အဂ္ဂမဟေသီ  မိဖုရားခေါင်ကြီး က ဖွားမြင်တဲ့ သားတော်ကို "ရွှေကိုယ်တော်ကြီးဘုရား"လို့ ခေါ်ရပါတယ်

#ကိုယ်တော်ကြီးဘုရား / #ကိုယ်တော်မြတ်ဘုရား
မြောက်နန်းဒေဝီ စတဲ့ နန်းရဆောင်ရမိဖုရားတွေက ဖွားမြင်ရင်တော့ "ကိုယ်တော်မြတ်ဘုရား"လို့ သုံးနှုန်းရပါတယ်။
* ကျပင်းကိုယ်တော်ကြီး ၊ မက္ခရာကိုယ်တော်ကြီး

#ထိပ်တင်
ဧကရာဇ်ရဲ့ တူတော် ၊ မြေးတော် ၊ မြစ်တော်တွေကို ဘွဲ့အမည်ရဲ့ရှေ့မှာ "ထိပ်တင်" တပ်ခေါ်ဝေါ်ကြပါတယ်။

#မောင်မောင်
မှူးမတ်တွေရဲ့ သားမြေးတွေကို "မောင်မောင်" တပ်ခေါ်ကြပါတယ်။
* မောင်မောင်တုတ်

#ထိပ်စုမြတ်ဖုရား
ဧကရာဇ်ရဲ့ တောင်ညာစံ မဟေသီမိဖုရားကြီးက မြင်တော်မူသည့် သမီးတော်ကို "ထိပ်စုမြတ်ဖုရား"လို့ ခေါ်ဝေါ်ရပါတယ်။

#စုဖုရား
နန်းရမိဖုရားက ဖွားမြင်ပြီး မယ်တော်က မင်းမျိုးမဟုတ်သော်လည်း ဧကရာဇ်က "စုဖုရား"ခေါ်စေ အမိန့်တော်ရှိရင် "စုဖုရား"ခေါ်ရပါတယ်
* စလင်းစုဖုရား ၊ ပြင်စည်စုဖုရား

#ထိပ်စုဖုရား
မင်းမျိုးဖြစ်တဲ့ နန်းရမိဖုရားက ဖွားရင်တော့ "ထိပ်စုဖုရား"လို့ သုံးနှုန်းရပါတယ်။
* မိုင်းနောင်ထိပ်စုဖုရားကြီး ၊ မြတောင်ထိပ်စုဖုရားလတ် ၊ ရမည်းသင်းထိပ်စုဖုရားကလေး
အပေါ်က ၃ပါးစလုံးက အလယ်နန်းမတော်ရဲ့ သမီးတော် ၃ပါးပါ။ အလယ်နန်းမတော်က စစ်ကိုင်းမင်း(ဘကြီးတော်)နဲ့ နန်းမတော်မယ်နုရဲ့ သမီးတော်မို့ နန်းသွေးပါပါတယ်။

Knowledge of MyanmarWhere stories live. Discover now