တော်သလင်းလပြည့်နေ့ေတာ္သလင္းလျပည့္ေန႔

210 26 2
                                    

ေတာ္သလင္းလျပည့္ေန႔ကို ဗုဒၶဘာသာဝင္တို႔ရဲ႕ ေန႔ထူးေန႔ျမတ္ ဂ႐ုဓမၼအခါေတာ္ေန႔အျဖစ္ သတ္မွတ္ထားၾကတယ္။ ဂ႐ုဓမၼဆိုတာ တေလးတစားေစာင့္ထိန္းရမဲ့ (ဂု႐ုဓမၼ) ငါးပါးသီလကေန ဆင္းသက္လာတာပါ။

ျမတ္စြာဘုရားရွင္ ေဟာၾကားခဲ့တဲ့ တိကနိပါတ္ကု႐ုဓမၼဇာတ္ေတာ္မွာ ကု႐ုတိုင္း ဣႏၵပတၱန နဂိုရ္ျပည္နဲ႔ ကလိဂၤတိုင္း ဒႏၲဳပူရျပည္ဆိုတဲ့ ႏွစ္ျပည္ေထာင္ရွိခဲ့တယ္။

ကု႐ုတိုင္း ကၠႏၵပတၱန နဂိုရ္ျပည္ကေတာ့ မိုးေလဝသမွန္၊ ျပည္သာယာဝေျပာၿပီး ကလိဂၤတိုင္း ဒႏၲဳပူရျပည္ကေတာ့ မိုးေလမမွန္ ဒုဗၻိကၡႏၲရကပ္ က်ေရာက္ၿပီး ျပည္သူေတြ ငတ္မြတ္ေခါင္းပါး ေသဆုံးေနတာေပါ့။

ကလိဂၤတိုင္း ကလိဂၤဘုရင္က ကု႐ုတိုင္းမင္း ေကာရဗ်ဘုရင္မွာ ဆင္ျဖဴေတာ္ရွိေနတာေၾကာင့္ မိုး႐ြာတယ္လို႔ ယူဆၿပီး ဆင္ျဖဴေတာ္အလႉခံခဲ့ေပမဲ့လဲ မိုးကမ႐ြာ။ ဆင္ျဖဴေတာ္ကို ျပန္ပို႔ၿပီး ကု႐ုတိုင္းမင္းကို မိုး႐ြာေစတဲ့နည္းလမ္းရွိရင္ေပးပါလို႔ ေတာင္းျပန္တယ္။

ေကာရဗ်မင္းက သူနဲ႔ ကု႐ုတိုင္းသူျပည္သားေတြအားလုံးက်င့္သုံးတဲ့

"(၁)သူ႔အသက္ကို သတ္ျဖတ္ျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ (၂)သူတစ္ပါးဥစၥာကို ခိုးယူျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ (၃)သူတစ္ပါးသားမယားကို ကာမဂုဏ္ျပစ္မွားျခင္းမွ ေရွာင္ၾကဥ္ျခင္း၊
(၄)မဟုတ္မမွန္ေျပာဆိုျခင္းမွ ေရွာင္ၾကဥ္ျခင္း၊ (၅)အရက္ေသစာေသာက္စားျခင္းမွ ေရွာင္ၾကဥ္ျခင္း"
ဆိုတဲ့ ဂု႐ုဓမၼငါးပါးသီလကို ေ႐ႊေပလႊာမွာ ေရးသားပို႔ေပးခဲ့တယ္။

ကလိဂၤတိုင္းသူျပည္သားတို႔က ေ႐ႊေပလႊာရတဲ့ ေတာ္သလင္းလကေန စၿပီး ဂု႐ုဓမၼငါးပါးသီလကို ေဆာက္တည္က်င့္သုံးခဲ့ၾကတယ္။ မၾကာခင္မွာပဲ မိုးေလဝသမွန္ကန္ၿပီး ဆန္ေရစပါး၊ စားနပ္ရိကၡါေပါႂကြယ္ကာ သာယာဝေျပာလာခဲ့တယ္။

ဒါေၾကာင့္ ကု႐ုတိုင္းသူျပည္သားတို႔ အထူးဂ႐ုျပဳေစာင့္ထိန္းခဲ့ၾကတဲ့ ငါးပါးသီလကို အစြဲျပဳၿပီး ေတာ္သလင္းလျပည့္ ❝ ဂ႐ုဓမၼအခါေတာ္ေန႔ ❞ ရယ္လို႔ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

Crd#ေရးမယ္ထရိန္နင္
#ဂ႐ုဓမၼအခါေတာ္ေန႔
#ေတာ္သတင္းလျပည့္ေန႔

တော်သလင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် ဂရုဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ထားကြတယ်။ ဂရုဓမ္မဆိုတာ တလေးတစားစောင့်ထိန်းရမဲ့ (ဂုရုဓမ္မ) ငါးပါးသီလကနေ ဆင်းသက်လာတာပါ။

မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တိကနိပါတ်ကုရုဓမ္မဇာတ်တော်မှာ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နဲ့ ကလိင်္ဂတိုင်း ဒန္တုပူရပြည်ဆိုတဲ့ နှစ်ပြည်ထောင်ရှိခဲ့တယ်။

ကုရုတိုင်း က္ကန္ဒပတ္တန နဂိုရ်ပြည်ကတော့ မိုးလေဝသမှန်၊ ပြည်သာယာဝပြောပြီး ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကတော့ မိုးလေမမှန် ဒုဗ္ဘိက္ခန္တရကပ် ကျရောက်ပြီး ပြည်သူတွေ ငတ်မွတ်ခေါင်းပါး သေဆုံးနေတာပေါ့။

ကလိင်္ဂတိုင်း ကလိင်္ဂဘုရင်က ကုရုတိုင်းမင်း ကောရဗျဘုရင်မှာ ဆင်ဖြူတော်ရှိနေတာကြောင့် မိုးရွာတယ်လို့ ယူဆပြီး ဆင်ဖြူတော်အလှူခံခဲ့ပေမဲ့လဲ မိုးကမရွာ။ ဆင်ဖြူတော်ကို ပြန်ပို့ပြီး ကုရုတိုင်းမင်းကို မိုးရွာစေတဲ့နည်းလမ်းရှိရင်ပေးပါလို့ တောင်းပြန်တယ်။

ကောရဗျမင်းက သူနဲ့ ကုရုတိုင်းသူပြည်သားတွေအားလုံးကျင့်သုံးတဲ့

"(၁)သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၂)သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၃)သူတစ်ပါးသားမယားကို ကာမဂုဏ်ပြစ်မှားခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၄)မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ (၅)အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း"
ဆိုတဲ့ ဂုရုဓမ္မငါးပါးသီလကို ရွှေပေလွှာမှာ ရေးသားပို့ပေးခဲ့တယ်။

ကလိင်္ဂတိုင်းသူပြည်သားတို့က ရွှေပေလွှာရတဲ့ တော်သလင်းလကနေ စပြီး ဂုရုဓမ္မငါးပါးသီလကို ဆောက်တည်ကျင့်သုံးခဲ့ကြတယ်။ မကြာခင်မှာပဲ မိုးလေဝသမှန်ကန်ပြီး ဆန်ရေစပါး၊ စားနပ်ရိက္ခါပေါကြွယ်ကာ သာယာဝပြောလာခဲ့တယ်။

ဒါကြောင့် ကုရုတိုင်းသူပြည်သားတို့ အထူးဂရုပြုစောင့်ထိန်းခဲ့ကြတဲ့ ငါးပါးသီလကို အစွဲပြုပြီး တော်သလင်းလပြည့် ❝ ဂရုဓမ္မအခါတော်နေ့ ❞ ရယ်လို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Crd#ရေးမယ်ထရိန်နင်
#ဂရုဓမ္မအခါတော်နေ့
#တော်သတင်းလပြည့်နေ့

You've reached the end of published parts.

⏰ Last updated: Sep 29, 2023 ⏰

Add this story to your Library to get notified about new parts!

Knowledge of MyanmarWhere stories live. Discover now