595 30 0
သုံးလူ့ထွက်ထား သဗ္ဗညူရှင်တော်မြတ်ဘုရားသည် ဘုရား အဖြစ်သို့ မရောက်မီ ရှည်ကြာသော ကာလကပင် ရာမညက ကရဏ္ဏကတိုင်း သုဘိန္နနဂရ ဟုထင်ရှားသော ပြည်ကြီးရှိလေသည်။ ထိုပြည်တွင် မြတ်စွာဘုရားပွင့်တော်မူမီ နှစ်ပေါင်း (၅၀)လောက်ကပင် တိဿရာဇာအမည်ရှိသော ဘုရင်မင်းမြတ်သည် ထီးနန်းကနုက်ကိုကို မပျက်မပြတ် စိုးစံတော်မူရာသီရိကပ္ပာမဟာဒေဝီ မဟသီနာမံ တောင်နန်းစံမိဖုရားကြီးမှာ သားတော်နှစ်ပါးထွန်းကားတော်မူသည်။
သားတော်ကြီးမှာ ဖွားမြင်တော်မူစဉ်ကပင် လက္ခဏာဖတ် ပုရောဟိတ် ပုဏ္ဏားတော်တို့က ထိုမင်းသားသည် နူးညံ့သိမ်မွေ့ခြင်း၊ ပညာအရပ်ရပ်တို့ကို တက်မြောက်ကျွမ်းကျင်ခြင်း၊ သူတော် သူမြတ်တို့၏ အလေ့အလာ သိက္ခာတို့နှင့် ပြည့်စုံခြင်းဂုဏ်တို့နှင့် ပြည့်စုံသော သားကောင်းရတနာတစ်ဦးဖြစ်မည့် အကြောင်းကောင်းစွာ ဟောပြော နိမိတ်ဖတ်ကြသောကြောင့် ခမည်းတော် ဘုရင်ကြီးသည် အလွန်ပင် ချစ်မြတ်နိုးတော်သဖြင့် တိဿကုမာရဟု ဘွဲ့နာမံတပ်လျက် ပေးအပ်သနားတော်မူ၏ သားတော် အငယ်မှာမူ ခြင်္သေ့မင်း၏ စက်လက္ခဏာပါလျက် ဖွားမြင်တော်မူသောကြောင့် သီဟကုမာရဟု ဘွဲ့နာမံ တံဆိပ် ခတ်နှိပ်တော် မူလေသတည်း။
မင်းသားနှစ်ပါး ရသေ့လုပ်ရန် တော်ထွက်ခြင်း
တိဿကုမာရ မင်းသား သက်တော် (၂၃)နှစ်၊ သီဟကုမာရ မင်းသား သက်တော် (၂၁)နှစ် ရှိကြသောအခါ တစ်နေ့သ၌ တိဿရကုမာရ နောင်တော်ကြီးကား သမ္မာသတိဉာဏ်အကြံဖြစ်တော်မူ၍ ညီတော်သီဟကုမာရကိုခေါ်ပြီးလျှင် တိုင်ပင်တော်မူသည်မှာ နောင်တော်နှင့် ညီတော်တို့သည် ဒုလ္လဘ ငါးပါးတွင် လူ့ဘဝကို ရရန်မှာ
အလွန်ခဲယဉ်းခြင်းဖြစ်ပါလျက် ကုသိုလ်ကံ အကြောင်းကောင်းမြတ်သဖြင့် ယခုလူ့ဘဝကို ရကြပေသည်။ နောင်အနာဂတ်များစွာတို့၌လည်း ယခုထက်တိုး၍ ကောင်းကျိုးမြင့်မြဲ ဆင့်တက်ကဲလျက် မဂ်ဖိုလ်နိဗ္ဗာန်၏ အခြေပြ ရုက္ခမူလ ဧကစာရတည်းဟူသော တောတောင်ပျော်မွှေ့ ရသေ့ ရဟန်းပြုလုပ်ကြပြီးလျှင် သိက္ခာသီလနှင့် သမထ ဝီပဿနာ ဘာပနာကမ္မဋ္ဌာန်းတို့ကို ကြိုးပမ်းအားထုတ် စီးဖြန်းကြရသော် လျော်ကန်သင့်မြတ်မည်ဟု ထင်မြင်သဘောရတော်မူသည်။ အကယ်၍ တိုင်းပြည်နိုင်ငံနှင့် တကွ ထီးမွေ နန်းမွေ ခံယူလေက ယွင်းသွေတိမ်းပါးမတရားခဲ့သော် ရှည်လျားသံသရာဝန်လေးစွာသော အကြောင်းများကို မိန့်ဆိုမြွှက်ကြား ဖော်ပြတိုင်ပင်တော်မူရာ ညီတော်လည်း
Knowledge of MyanmarWhere stories live. Discover now