ေစာလူးမင္း(ေကာဇာ ၃၉၇-၄၀၄)စောလူးမင်း(ကောဇာ ၃၉၇-၄၀၄)၊

487 34 3
                                    

မင္းလုလင္ ဟူ၍လည္း သမိုင္းတြင္ ထင္ရွားသည္။
ငယ္ရြယ္ေသာမင္း ဟုအဓိပၸါယ္ရွိသည္။
ဖခင္ျဖစ္သူ အေနာ္ရထာ တည္ေထာင္ခဲ့သည့္ တိုင္းျပည္ကို
အရည္အခ်င္းရွိရွိျဖင့္ ဆက္ခံႏိုင္သူမဟုတ္ဟု သမိုင္းကျပဆိုသည္။

ဖခင္ အေနာ္ရထာမင္း တည္လက္ဆ ေရႊစည္းခံုေစတီကိုလည္း
ၿပီးေအာင္မတည္ခဲ့ေပ။ ငယ္ရြယ္သူ ျဖစ္သည့္အေလွ်ာက္
တိုင္းျပည္အုပ္ခ်ဳပ္ေရး တြင္အားနည္းျပီး၊ အေပ်ာ္အပါးတြင္
၀ါသနာၾကီးသူအျဖစ္ ေဖာ္ျပေလ့ရွိၾကသည္။

တိုင္းျပည္အေျခအေန ယိုယြင္းလာမည္ကို ၾကိဳတင္ျမင္ၾကသည့္
ရွင္အရဟံႏွင့္ မႈးမတ္မ်ား၏ အၾကံျပဳခ်က္ေၾကာင့္ အေနာ္ရထာလက္ထက္က
နန္းေတာ္မွစကာ ထြက္ေျပးေနသည့္ က်န္စစ္သား အားျပန္လည္ေခၚယူခဲ့
သည္။

သို႔ေသာ္ မခံခ်င္စိတ္ျဖင့္ ပုန္ကန္သူ ပဲခူးစား ငရမန္ကန္းနွင့္
စစ္ျပဳရာ ၄င္း၏ ပရိယာရ္တြင္ က်ဆံုးရျပီး၊ ျပည္ေတာ္သာကၽြန္းတိုက္ပြဲတြင္
ရန္သူလက္သို႔ပါရသည္။

က်န္စစ္သားက ရန္သူတပ္တြင္း စြန္႔စား၀င္ေရာက္ကာ အခ်ဳပ္မွ ကယ္ရန္
က်ိဳးပမ္းေသာ္လည္း ယံုၾကည္ျခင္း မရွိ၍ ေအာ္ဟစ္ရုန္းကန္ေသာေၾကာင့္
ရန္သူလက္တြင္း၌သာ အဖမ္းခံဘ၀ႏွင့္ အသတ္ခံရျပီး ကြယ္လြန္ခဲ့သည္။
၄င္းကြယ္လြန္ေသာ္ က်န္စစ္သားက ပုဂံထီးနန္းကို ဆက္ခံျပီး
တိုင္းျပည္အေျခအေနကို ထိန္းသိမ္းခဲ့သည္။
17.10.17(Tue)

Uni
မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။
ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။
ဖခင်ဖြစ်သူ အနော်ရထာ တည်ထောင်ခဲ့သည့် တိုင်းပြည်ကို
အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။

ဖခင် အနော်ရထာမင်း တည်လက်ဆ ရွှေစည်းခုံစေတီကိုလည်း
ပြီးအောင်မတည်ခဲ့ပေ။ ငယ်ရွယ်သူ ဖြစ်သည့်အလျှောက်
တိုင်းပြည်အုပ်ချုပ်ရေး တွင်အားနည်းပြီး၊ အပျော်အပါးတွင်
ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။

တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့်
ရှင်အရဟံနှင့် မှုးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က
နန်းတော်မှစကာ ထွက်ပြေးနေသည့် ကျန်စစ်သား အားပြန်လည်ခေါ်ယူခဲ့
သည်။

သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူ ပဲခူးစား ငရမန်ကန်းနှင့်
စစ်ပြုရာ ၎င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင်
ရန်သူလက်သို့ပါရသည်။

ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှ ကယ်ရန်
ကျိုးပမ်းသော်လည်း ယုံကြည်ခြင်း မရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့်
ရန်သူလက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီး ကွယ်လွန်ခဲ့သည်။
၎င်းကွယ်လွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး
တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။
17.10.17(Tue)

Knowledge of MyanmarWhere stories live. Discover now