ကမ္ဘာကျော် မြန်မာ့ခရီးသွားနယ်မြေများ(ကမ်ဘာကျော် မြန်မာ့ခရီးသွားနယ်မြေများ)

2K 88 0
                                    

ခရီးသွားလုပ်ငန်း အရှိန်အဟုန်မြင့်မားလာသည့် ယနေ့ကမ္ဘာတွင် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စား သည့် စာရင်းတွင် တစ်ခုအပါအ၀င်ဖြစ်လာခဲ့သည်။ထို့ကြောင့်နိုင်ငံတကာခရီးသွားလုပ်ငန်းများက မြန်မာနိုင်ငံသို့သွားရောက် မည့် ခရီးသြားမ်ားအား မြန်မာနိုင်ငံတွင် လည်ပတ်သင့်သည့်နေရာများကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံကိုအရှေ့တောင်အာရှတွင် ထူးခြားဆန်းပြားသောနိုင်ငံတစ်ခုဟုဖော်ညွှန်းကြပြီးမြန်မာတို့၏ယဉ်ကျေးမှုနှင့်ထွေ ပြားသောပထ၀ီအနေအထားများက ထူးခြားသောသမိုင်းနှင့်အသွင်လက္ခဏာများကို ထိန်းသိမ်းထားနိုင်ခဲ့သည်ဟုဆိုကြသည်။ ထို့ ကြောင့် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ကြသူများသည် ကိုလိုနီခေတ် အဆောက်အအုံများ၊သစ်ပင်များအုပ်ဆိုင်းနေသည့် ရိပ်သာလမ်းများ၊ရေအိုင်ကြီးများ၊ပန်းခြံများရှိနေသည့် ရန်ကုန်မြို့နှင့် ရွေတိဂုံစေတီတော်ကို လည်ပတ်ရန် လမ်းညွှန်ကြသည်။
ထို့အတူ ရန်ကုန်မြို့မှ မြောက်ဘက်သို့ကီလိုမီတာ ၇၀၀ ကွာဝေးပြီး မြန်မာတို့၏ နောက်ဆုံးနန်းမြို့ဖြစ်ခဲ့သည့် မန္တလေး၊ မန္တလေးမြို့မှတောင်ဘက်သို့ ၁၉၃ ကီလိုမီတာ ကွာလှမ်းသည့်နေရာတွင် ၄၂ စတုရန်းကီလိုမီတာကျယ်ဝန်းသည့် အ၀န်းအ၀ိုင်း အတွင်း အနော်ရထာမင်းထူထောင်ခဲ့သည့် ပထမမြန်မာနိုင်ငံတော်၏ မြို့တော်ပုဂံ၊ရှမ်းပြည်နယ်တောင်ပိုင်းရှိတောင်တန်းများအကြား ရေမျောစိုက်ခင်းများရှိနေသည့် ငါးကီလိုမီတာရှည်လျားသည့် တောင်ပေါ်ရေအိုင်အင်းလေး တို့ကိုလည်း ညွှန်းလေ့ရှိကြသည်။
ရခိုင်ဘုရင်များ ၁၅ ရာစုတွင် စိုးစံခဲ့သည့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ရှေးဟောင်းမြို့တော်မြောက်ဦး၊ထင်းရှူးပင် များ၊လှပသောရှုခင်းများနှင့် အေးချမ်းသောရာသီဥတုရှိသည့် ပြင်ဦးလွင်၊မြန်မာနိုင်ငံ၏ အပူအိုက်ဆုံးနွေရာသီမှာပင် အေးမြနေ သည့် ကလောမြို့၊ဗုဒ္ဓရုပ်ပွားတော် ၈၀၀၀ ကျော်ရှိသည့် ပင်းတယလိုဏ်ဂူ၊ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် ကျိုက်ထီးရိုးစေတီတော်၊ မန္တလေးမှ အနောက်မြောက်သို့ ၁၃၆ ကီလိုမီတာဝေးသည့် မုံရွာအပြင် မော်လမြိုင်နှင့်မြိတ်ဒေသများသို့သွားရောက်လည်ပတ်ရန် ညွှန်း ဆိုလေ့ရှိသည်။ကမ်းခြေခရီးအဖြစ် ငပလီနှင့် ငွေဆောင်များကို ဖော်ပြကြသည်။
ယင်းတို့အနက် ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်မှုအရှိဆုံး မြန်မာ့ခရီးသွားနယ်မြေ ၁၀ ခုကို ကမ္ဘာ့ ခရီးသွားလုပ် ငန်းတစ်ခုဖြစ်သည့် Tour Opia က ထုတ်ပြန်ခဲ့သည်။
အနောက်နိုင်ငံများက မြန်မာဟူသည့် တရားဝင်အမည်ထက် ဘားမား ဟု ပိုမိုသိရှိကြသည့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နှင့်ပင်လယ်ကမ်းခြေကို နှစ်သက်သော ခရီးသွားများမဖြစ်မနေသွားရောက်သင့်သည့် နိုင်ငံဖြစ်သည်။မြန်မာနိုင်ငံတွင် ထောင်ပေါင်း များစွာသော ဗုဒ္ဓဘာသာဆိုင်ရာစေတီပုထိုးများရှိသည်။သန့်ရှင်းပြီးပျက်စီးမှု မရှိသေးသော ပင်လယ်ကမ်းခြေ ဖြူလွလွများသည် ဘင်္ဂလားပင်လယ်အော်နှင့်မုတ္တမပင်လယ်တစ်လျောက်တွင်တည်ရှိနေသည်။ မြန်မာနိုင်ငံတွင်ခရီးသွားလုပ်ငန်း တစ်ဖြည်းဖြည်း ပွင့် ထွန်းလာပြီဖြစ်သဖြင့် မြန်မာတို့၏ ထုံးဓလေ့များကိုပိုမိုတွေ့ထိခံစားလိုကြသူများသည် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်နိုင်ကြ ပေသည်။
ရွှေမော်ဓောစေတီ
စေတီကို လွှမ်းခြုံထားသည့် ၀င်းလက်နေသောရွှေရောင်များကို မိုင်အတော်ဝေးဝေးမှမြင်ကြရ သည့်အတွက် ရွှေမော်ဓော (Great Golden God) ဟု အမည်တွင်ခဲ့သည်။စေတီတော်ထိပ်ရှိ စိန်ဖူးတော်သည်လည်း ပြိုးပြိုး ပြက်ပြက် လင်းလက်နေသည်။
ရွှေမော်ဓောစေတီတော်၏ ဥာဏ်တော်သည် ၁၁၄ မီတာ( ၃၇၅ ပေ) ရှိသဖြင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးစေတီ တော်ဖြစ် သည်။ ရွှေမော်ဓောသည် ဗုဒ္ဓဘုရားရှင်၏ဓာတ်တော်များကို ဌာပနာထားသည့် စေတီတော်ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားသော စေတီတော်တစ်ဆူဖြစ်သည်။ပဲခူးမြို့တွင် တည်ရှိပြီး လွန်ခဲ့သော နှစ် ပေါင်း ၁၀၀၀ ကျော်က တည်ထား ခဲ့သည့် ရွှေမော်ဓောစေတီသည် ရွှေချထားသည့် သေးငယ်သော စေတီငယ်များ၊ ရုပ္ထုမ်ား၊ အဆောက်အဦများစွာဖြင့် ၀န်းရံနေ သည့် စေတီအစုအဝေးတစ်ခုဖြစ်ပေသည်။
ဧရာဝတီမြစ်ကြောင်းခရီး
မြန်မာနိုင်ငံ၏ အရှည်လျားဆုံးမြစ်တစ်စင်းဖြစ်သည့် ဧရာဝတီသည် ဟိမ၀န္တာ တောင်တန်းမြင့်များမှ မြစ်ဖျားခံခဲ့သည်။
မုတ္တမပင်လယ်သို့ စီးဝင်သွားသည့် ဧရာဝတီသည် လမ်းတစ်လျောက် မြန်မာနိုင်ငံကို နှစ်ပိုင်းဖြတ်ကာ စီးဆင်းလာခဲ့သည်။ဧရာဝတီ မြစ် တစ်လျောက် လှေ၊သင်္ဘောကြီးများသွားလာနိုင်သဖြင့် မန္တလေး နှင့် ပုဂံ အကြား မြစ်ကြောင်းသွား ခရီးစဉ်များသည် လျင်မြန်စွာ လူသိမ်ား ထင်ရှားလာခဲ့သည်။
မန္တလေးနှင့် ပုဂံဒေသ နှစ်ခုလုံးသည် ဗုဒ္ဓသာသနိက အဆောက်အဦများနှင့် စေတီ ပုထိုးမ်ား ဗုဒ္ဓ ရုပ်ပွားတော်များ ပေါများ လှသည်။ဧရာဝတီ မြစ်ကြောင်းသွား ခရီးသည်များသည် မြစ်ကမ်းဘေးမှ ကျေးရွာများနှင့် နှုတ်သီးမဲ့လင်းပိုင် (ဧရာဝတီ လင်းပိုင်) မ်ားကို (မင်းကွန်း အထက်ပိုင်းတွင်) တောတောင်များနှင့် နက်ရှိုင်းသော ချောက်များကို ဖြတ်သန်းရင်း တွေ့ရှိနိုင်ကြပေသည်။
ရွှေနန်းတော် ကျောင်း
မန္တလေးမြို့ရှိ ရွှေနန်းတော် အဆောက်အုံသည် သမိုင်းဝင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ပြီး Golden Palace ဟု ထင်ရှားကာ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိနေသည်။ရွှေနန်းတော်သည် မူလက မန္တလေးနန်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး နန်းတော်ဝင်းအတွင်း၌ တော်ဝင် အဆောက်အအုံ တစ္ခု အဖြစ် တည်ရှိခဲ့သည်။
မန္တလေးဘုရင်(မင်းတုန်းမင်း) နတ်ရွာစံအပြီးတွင် သားတော်ဖြစ်သူ(သီပေါမင်း)က ဖခင်တစ္ဆေ ခြောက်လှန့်လွန်းသဖြင့် နန်းတော် အပြင်သို့ ရွှေ့ပြောင်းခဲ့ သည်ဟု ဆိုကြသည်။နောက်ပိုင်းတွင် ရွှေနန်းတော်ကို ဘုန်းတော်ကြီးကျောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။
တစ်ချိန်က ရွှေနန်းတော် သစ်သားအဆောက်အအုံ အတွင်းပိုင်းအား အမ်ားဆုံး ရွှေချခဲ့သည်။ရွှေနန်းတော်၏ အပြင်ပိုင်းကို ဗုဒ္ဓ၀င် ဖြစ်တော်စဉ်များကို ထုလုပ်ထားသည့် ကျွန်းပန်းပုရုပ်များဖြင့် အလှဆင်ထားသည်။ကျွန်းသစ်အပြင် ကျောက် စေသာ အခြားပစ္စည်းများဖြင့် ထုလုပ်ထားသည့် လက်ရာများကိုလည်း ရွှေနန်းတော်တွင် မြင်နိုင်ကြပေသည်။
ငပလီ ကမ်းခြေ
ငပလီသည် မြန်မာနိုင်ငံအတွင်း ကမ္ဘာငယ် နှစ်ခုကို ပေါင်းစပ်ပေးထားကာမြန်မာနိုင်ငံ၏ ပထမတန်းစား အပန်းဖြေ မြို့ တစ်မြို့ ဖြစ်သည်။ဘင်္ဂလားပင်လယ်အော်၏အပြာရောင်ရေပြင်ကို ဖြူဖွေးသော သဲသောင်ကမ်းခြေများဖြင့် အနားသပ်ထားသည့် ငပလီကမ်းခြေတွင် ဇိမ္ခံ ဟိုတယ်များရှိပြီးအနားယူ အပန်းဖြေရန် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်။
ငပလီကမ်းခြေအနီးရှိတံငါရွာများတွင် ဒေသခံ စားသောက်ဆိုင်များရှိရာ လတ်လတ်ဆတ်ဆတ် ဖမ်းယူပြီး ချက်ပြုတ်ထား သော(ရေခဲ ရိုက်မထားသော) အစားအစာများကိုရနိုင်သည်။နွားလှည်းများကိုလည်း တက္ကစီများအဖြစ် စီးနင်းနိုင်ကြပေသည်။ ဒေသခံ မ်ားက ငပလီဟူသည့် အမည်ကို အီတလီနိုင်ငံ နေပယ်လ်မှ နာပိုလီ အမည်ကိုယူကာ မှည့်ခေါ်ထားသည်ဟု ယူဆကြ သည်။ငပလီသို့နှစ်စဉ် နိုဝင်ဘာလမှ မတ်လအတွင်းခရီးသည်များ လာရောက်လည်ပတ်လေ့ရှိကာ ကျန်လများတွင် ငပလီသည် အိပ်ပျော်နေသောကမ်းခြေ မြို့ကလေး တစ်မြို့အဖြစ် တည်ရှိနေပေသည်။
မြောက်ဦး
မြောက်ဦးသည် ရှေးဟောင်းသုတေသနနယ်ပယ်တွင် အရေးကြီးသော နယ်မြေ တစ်ခုဖြစ်သည်။မြောက်ဦးမြို့တွင် မြင် တွေ့ ကြရသည့် ထူထဲသော မြို့ရိုးများကြောင့် မြောက်ဦးသည် မူလက ခံတပ် တစ်ခုဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။ သို့သော် မြို့ရိုးများသည် မြို့အတွင်းရှိ စေတီ ပုထိုးမ်ား အား ပြင်းထန်သော လေပြင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် တည်ဆောက်ခဲ့ ခြင်း ဖြစ် ကြောင်းနှင့် ကျူးကျော်လာသူများ၏ရန်ကို ကာကွယ်ရန် ဆောက်လုပ်ထားခြင်းမဟုတ်ကြောင်းတွေ့ရှိကြရသည်။မြောက်ဦးနေရာ အနှံ့တွင် ကျောက်သားများဖြင့် ပြုလုပ် ထားသော ပုထိုးများကိုလည်း မြင်တွေ့နိုင်ကြသည်။
အလယ်ခေတ်က ထူထောင်ခဲ့သည့် မြောက်ဦးသည် တစ်ချိန်က ရခိုင်တို့၏အရေးပါသော မြို့တော်နှင့် ကုန်သွယ်စခန်း တစ်ခုဖြစ်ခဲ့သည်။ဝေးလံသည့် ဤဒေသသို့ ရောက်ရှိရန် ကုလားတန် မြစ်ကြောင်းကို ဆန်၍ လေးနာရီ မွ ခုနစ္နာရီ ကြာ မော်တော် စီးနိုင်သည်။နှစ်စဉ် မိုးရေချိန် ၄ ပေ ရွာသွန်းသည့် မြောက်ဦးသို့ လာမည်ဆိုပါက မိုးကာအင်္ကျီ ယူလာကြရပေလိမ့်မည်။
အင်းလေးကန်
ကျယ်ဝန်း၍ လွပေသာ မြင်ကွင်းများရှိသည့် အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများအနက် ထိပ်ဆုံး တွင်ပါဝင်သော နေရာတစ်ခုဖြစ်သည်။လှပသော သဘာဝ အလှအပများအပြင် အရှေ့တောင်ဒေသနေ မွန် လူမျိုးမှ ဆင်းသက်လာ ကြ သူများဖြစ်သည့် အင်းသားတို့၏ ခြေတံရှည်အိမ်များသည်လည်း ခရီးသြားမ်ားအား အင်းလေးကန်သို့ လာရောက်ရန်ဆွဲဆောင် လျက် ရှိနေသည်။
အင်ဂျင်သံ ဆူညံနေသည့် ရှည်မျောမျော၊ ကျဉ်းမြောင်းမြောင်း စက်လှေတစ်စီးဖြင့် အင်းလေးကန်၏ မြောက်ဖျားအထိ ရောက်အောင် တစ်နေ့ခရီး သွားနိုင်ကြသည်။အင်းလေးကန်အတွင်း လည်ပတ်သည့် ခရီးတွင် ခြေတံရှည်အိမ်များပေါ်မှ အလုပ်ရုံ ငယ်များ၊စေတီပုထိုးများ၊ဈေးများသို့ သွားရောက်လည်ပတ်မှုများလည်း ပါဝင်သည်။အင်းလေးကန် အတွင်း လှေကို ခြေဖြင့် ထူး ခြား စြာ လှော်ခတ်ကြသည့် ရေလုပ်သားများကို မြင်တွေ့ရခြင်းကိုလည်း ခရီးသွားများကနှစ်ခြိုက်ကြသည်။ထို့အတူ အင်းလေးကန် အတွင်း ကျွန်းမျောများပေါ်တွင် စိုက်ပျိုးထားသည် ဟင်းသီးဟင်းရွက် ၊ အသီးအနှံစိုက်ခင်းများကိုလည်း မြင်ကြရပေသည်။
ပုပ္ပားတောင်ကလပ်
မီးတောင်သေ တစ္ခု၏ ထိပ်တွင် တည်ထားသည့် ဘုန်းကြီးကျောင်းတစ်ခုသည် မြန်မာနိုင်ငံ၏ ရင်သပ်ရှုမောဖွယ် အကောင်း ဆုံး မြင်ကွင်းများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။ပုပ္ပါးတောင်ကလပ်ထိပ်သို့ ရောက်ရှိရန် လှေကားထစ်ပေါင်း ၇၇၇ ထစ် ရှိသည့် စောင်းတန်းရှည်ကြီးကို တက် ကြရသည်။တောင်ပေါ်သို့တက်သည့် လမ်းတစ်လျောက်တွင် အစာတောင်းနေသည့် မျောက်များကိုတွေ့ကြရသည်။ တောင်ကလပ်ထိပ်ပေါ်မှ လွပေသာ မြင်ကွင်းကျယ်ကို ရှုမြင်ခံစားကြရပြီး အဝေးရှိ ပုဂံရှေးဟောင်း မြို့ဟောင်းနှင့်ကွင်းပြင်တွင် ထီးထီး တည်ရှိနေသည့် ကန်တော့ပုံ ပုပ္ပားမီးတောင်ထိပ်ကိုလည်း မြင်နိုင်ကြပေသည်။
ရွှေတိဂုံ
ဗုဒ္ဓဘုရားရှင်၏ ဆံတော်နှင့် အခြားဓာတ်တော်များ ကိန်းဝပ် တည်ရှိနေသည့် ရွှေတိဂုံသည် ဗုဒ္ဓ ဘာသာဝင် မြန်မာ လူမျိုး များအထွတ်အမြတ်အထားဆုံး နေရာတစ်ခုဖြစ်သည်။ရွှေတိဂုံစေတီကို မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့သည်။ရာစုနှစ်များစွာအတွင်း မူလဥာဏ်တော်ထက် ၈ မီတာ မွ ၉၉ မီတာ (၂၆ ပေမှ ၃၆၆ ပေ)အထိ မြင့် လာခဲ့သည်။
ရွှေတိဂုံစေတီတော်အား မွန်လူမျိုးများက တည်ထားခဲ့သည်ဟု ခန့်မှန်းကြ ပြီးစေတီတော်တစ်ခုလုံးအား ရွှေချထားသည်။ စေတီတော်ထပ်ရှိ ထီးတော်တွင် စိန်အလုံးရေ ၄၅၃၁ လုံးရှိသည်။ရွှေတိဂုံစေတီရင်ပြင်တွင် များပြားသော စေတီပုထိုးများရုပ်ပွား တော်များ၊ ရုပ္ထုမ်ားကို မြင်တွေ့နိုင်ကြသည်။စေတီတော်သို့ လာရောက်ကြသူများသည် ဖိနပ်စီးခွင့် မရှိပါချေ။
ကျိုက်ထီးရိုး
ကျိုက်ထီးရိုး သို့မဟုတ် ရွှေရောင်ကျောက်တုံးကြီးသည် အံ့မခန်းသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ကျောက်တောင်စွန်း တစ္ခု၏ အဖျားတွင် ပြုတ်ကျလုနီးပါး ရှိနေသည့်ကြီးမားသော ကျောက်တုံးကြီး၏ ထိပ်တွင် စေတီ တစ်ဆူကို တည်ထားသည်။ စေတီတော်နှင့် ကျောက်တုံးကြီး နှစ်ခုလုံးကို ရွှေများချထားသည်။ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၁၀၀၀ အမြင့်တွင်ရှိနေသည့် ကျိုက်ထီးရိုး စေတီတော်အား ဒေသခံများက ဗုဒ္ဓ၏ ဆံတော် ကိန်းဝပ်ရာ နေရာတစ်ခုဟု ယုံကြည်ကြသည်။မြန်မာနိုင်ငံ အနှံ့မှ ဗုဒ္ဓဘာသာဝင် အများအပြားလာရောက်လေ့ရှိသည့် ကျိုက်ထီးရိုးစေတီတော်သည် ရန်ကုန်မြို့မှ ငါးနာရီခန့်ကားမောင်းရသည့် အကွာအဝေး တွင်ရှိ သည်။ကျိုက်ထီးရိုးစေတီတော်သို့ ရောက်ရှိရန် ခရီးရှည်လမ်းလျှောက်ကြရသည်။
ကျိုက်ထီးရိုး ရင်ပြင်သို့ လှေကားထစ်များမှ တက်ရောက်ကြရပြီး ရင်ပြင်ပေါ်တွင် ကျိုက်ထီးရိုးကျောက်တုံးကိုဖူးမြင်နိုင် သည့် နေရာများ၊ ရှုမျှော်ခင်းများကို ကြည့်ရှုနိုင်သည့် နေရာများနှင့်တန်ဆောင်းဇရပ်များရှိသည်။
ပုဂံ
ဗုဒ္ဓဘာသာ စေတီပုထိုး ကျောင်းကန် များအကြား တစ်နေတာလည်ပတ် သြားလာ နိုင်သည့် ခရီးစဉ်သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတွင်သာ ရှိသည်။ မြန်မာနိုင်ငံအတွင်း အထင်ရှားဆုံး ခရီးသွားနယ်မြေဒေသဖြစ်သည့် ပုဂံ သည် ၉ ရာစုမွ ၁၃ ရာစု အတွင်း ပထမမြန်မာနိုင်ငံတော်ကြီး၏ မြို့တော်ဖြစ်ခဲ့သည်။ကမ္ဘာလှည့် ခရီးသည် မာကိုပိုလို က ပုဂံကို ရွေရောင်လွှမ်း သော မြို့တော်ဟု ဖော်ပြခဲ့သည်။ ပုဂံသည် ၁၁ ရာစု အထွတ် အထိပ်ကာလတွင် စေတီ ပုထိုးပေါင်း ၁၃၀၀၀ ကျော်ရှိခဲ့သည့် နေရာ ဖြစ်သည်။ယနေ့ အချိန်တွင် ထင်ရှားသော အာနန္ဒာ ဘုရားအပါအ၀င် ရွှေရောင်များ ၀င်းလက်နေသည့် စေတီ ပုထိုးမ်ားစြာ ကျန် ရှိနေ ပေသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ.....
17.10.17(Tue)

Knowledge of MyanmarWhere stories live. Discover now