ကိလေသာအရှုပ်

9.8K 24 0
                                    

ရေးသားသူ - ချမ်းမြေ့သာဇံ မောင်မောင်နှံ

မယုံတော့မရှိနဲ့ ဟင်းတခွက်ပေးရုံ ၊ လ္ဘက်ရည်တခွက် တိုက်ရုံနဲ့ သူနဲ့အိပ်ခွင့်ရတဲ့ မိန်းမတစ်ယောက် သီဟတို့ရွာမှာ တကယ်ရှိတယ်။ ဒါပေမယ့် ဒီမိန်းမက သီဟ တို့ ရွာသူ စစ်စစ်တော့ မဟုတ်ဘူး။ သူ့ ယောက်ျား ကိုစိန်ထွား က ဒီရွာသား။ ကိုစိန်ထွားနဲ့ညားတော့ သူလည်း ဒီရွာသူ ဖြစ်ရတော့တာပေါ့။

သူ့အသားရေက ဖြူဝင်းနေသည့်အတွက် သူ့နာမည်က မဖြူဝင်း ။ မဖြူဝင်း ဒီရွာကို ရောက်စက အ သက် ၂၀ ကျော်ရုံ ရှိအုံးမှာပါ။ သူ့ယောက်ျား စိန်ထွား က နယ်လှည့်ပြီး လက်သမားအလုပ် လုပ်သူဆို တော့ အဲဒီလို နယ်လှည့်အလုပ်လုပ်ရင်း မဖြူဝင်း နဲ့ ညားခဲ့တာပါ။ ကိုစိန်ထွား အသက်က ၃၀ ပေါ့။

မဖြူဝင်းက အချောအလှကြီးမဟုတ်ပေမဲ့ ပလီပလာ ခရာတတ်တဲ့ အမူအယာ ၊ ညှို့အားကောင်းပြီး ကြည်လင်တဲ့ မျက်လုံး ၊ ဆေးမဆိုးရပဲ အလိုလို နီမြန်းနေတဲ့ နှုတ်ခမ်းထူ တွဲတွဲ။ ရီလိုက်လျှင် အနည်း ငယ်ချိုင့်ခွက်သွားတဲ့ ပါးချိုင့်လေး။ ကြည့်လိုက်လျှင် ညှို့အားပြင်းတဲ့ မျက်လုံးရွဲကြီးတွေ။ အရပ် အမောင်း ခေါင်ကောင်းပြီး အများပြောတဲ့ ရွှေဘိုမင်းကြီးကြိုက် လုံးကြီးပေါက်လှ ကိုယ်လုံးကိုယ်ထည်။ ပြည့်ပြည့်ဖြိုးဖြိုး စွင့်စွင့်ကားကား ထွားထွားအိအိ တင်သား။ တင်းရင်းမို့မောက်နေတဲ့ ရင်သားအစုံ။

အားလုံးခြုံလိုက်တဲ့အခါ မဖြူဝင်းရဲ့ ရူပါရုံဓါတ်က ယောက်ျားတွေကို ဖမ်းစားနိင်စွမ်း ရှိလှပါတယ် ။ သူ့ ပုံကိုကြည့်ပြီး လူကြီးပိုင်း လူငယ်ပိုင်းတွေဟာ စိတ်နဲ့ပြစ်မှား ဖေါက်ပြန်မိတတ်ကြတာချည်းပဲ ။ ဒါပေမဲ့ တောဆိုတော့ ဟိုငဲ့ဒီငဲ့ ဟိုတွေးဒီတွေးနဲ့  ကိုယ်ထိလက်ရောက် တော့ မစရဲကြပါဘူး။ ဖေါက်ပြန် စိတ်ထဲမှာပဲ ဖေါက်ပြန်သောင်းကြမ်း နေကြတာပါ။

“ကိုစိန်ထွား မိန်းမရလာလို့တဲ့”
“ကောင်မလေးက ဖြူဖြူချောချောလေးတော့”

“အံမယ် လူပျိုကြီးက ရမဲ့ရတော့ တကယ့် ချောချောလှလှ”

တရွာလုံးနီးပါး ကလေးလူကြီး တရုံးရုံးနဲ့ပေါ့။ အဲဒီနေ့က ကိုစိန်ထွားအိမ်မှာ စည်လိုက်တဲ့ဖြစ်ခြင်း။ ပေ တစ်ရာ ပတ်လည်လောက်ရှိတဲ့ အိမ်ဝင်းကြီးတစ်ခုလုံး ကလေးလူကြီးယောက်ျားမိန်းမ အပြည့်ပါဘဲ။

ရှာဖွေမိသောအပြာဇာတ်လမ်းရှည်များWhere stories live. Discover now