ကြွေပေမဲ့မနွမ်းသေးသောပန်း

9.2K 26 0
                                    


မနက်ခင်းတစ်ခုမှာ ဖုန်းကနှိုးစက်အသံနှင့်အတူ ဆုဆု
တစ်ယောက်နိုးလာခဲ့သည်
ဘေးမှာ ယောက်ျားဖြစ်သူ မောင်သန့်စင်တစ်ယောက်ကတော့ အိပ်မောကျလျှက်...
ညက မောင်တစ်ယောက် ဘယ်အချိန်အိပ်ယာဝင်လဲတော့
ဆုဆု မသိပါ..
မောင်က စာရေးဆရာ တစ်ယောက်ပီပီ သူစိတ်ကူးရရင်
ရသလို ညနက်တဲ့ အထိ စာရေးလေ့ရှိတယ်လေ။
ဆုဆုကတော့ ကုမ္မဏီ ဝန်ထမ်းဆိုတော့
အိပ်ချိန် ထချိန် မှန်တာပေါ့...
မောင်နဲ့အတူ အိပ်ယာဝင်ချိန် မတူတာ တော်တော်ကြာခဲ့ပြီလေ...
နိုးသည်နှင့် အိပ်ယာထ
ရေချိုး အလှပြင်.. မောင့်အတွက် မနက်စာပြင်ပေးကာ
အိပ်နေတဲ့ မောင့်ကို အနမ်းတစ်ချက်ပေးပြီး
အိမ်ကထွက်လာခဲ့သည်.. ။
ရန်ကုန်မြို့ကားပိတ်တာကြောင့် အိမ်ကကားတောင်
မစီးဖြစ်တော့ပါဘူး အတွေးများတဲ့ ကျွန်မအတွက်
ရုံးသူရုံးသားတွေနဲ့ အတူ ဖယ်ရီစီးတာ ပိုအဆင်ပြေတယ်လေ။

အခုနောက်ပိုင်း သတိထားမိလာတာ တစ်ခုက
ကျွန်မ လမ်းလျှောက်သွားတိုင်း မသိမသာ လိုက်ကြည့်ကြတဲ့ အမျိုးသားတွေ များလာတာကိုပဲ..
များရင်လဲ များချင်စရာ ဒီနှစ်ပိုင်းမှ ကျွန်မရဲ့ ရင်သားတွေ
တင်ပါးတွေ ပိုပြီးတင်းကားလာတယ်လေ။
မောင်နဲ့ ပုံမှန်မဆက်ဆံ ဖြစ်လို့လား.. ဆက်ဆံတိုင်းလဲ
မောင်ကအပြီးမြန်ပြီး.. ကျွန်မ အာသာမပြေပဲ ကျန်ခဲ့ရတာ များလို့များလား မသိတော့ပါဘူး ။
မောင်က အရက်ကလဲ ပုံမှန်သောက် ၊ဆေးလိပ်ကလဲ
လက်ကမချဆိုတော့  ညှားခါစက လို မသန်မာ
နိုင်တော့ဘူးဆိုတာတော့ သတိထားမိလာတယ်။
ဒါကို ကိစ္စမရှိပါဘူးလေဆိုပြီး စိတ်ထဲမှတ်ထားပေမဲ့
အသက် 28 အရွယ်ကောင်းပီပီ
တစ်ခါတစ်ရံသွေးသားကတော့ တောင့်တမိတာပေါ့ ။

အတွေးတွေများနေလိုက်တာ ရုံးရှေ့ရောက်လို့ ဖယ်ရီ
ကားတုန့်ခနဲ့ ဘရိတ်အုပ်မှပဲ အသိဝင်တော့တယ်

"မမဆု ဆင်းမယ်လေ..ဘာတွေတွေးနေတာလဲ
ဘာလဲ ရုံးမရောက်သေးဘူး ယွကျားကို သတိရနေပြီလား
ခစ် ခစ်"

ရုံးက ဆုဆုလက်အောက်က စူပါဘိုက်စာမလေး
သီရိက လှမ်းစသည်.. ဆုဆုနဲ့ သီရိနဲ့က ညီအမတွေလို
ခင်ကြတယ်လေ
ဆုဆုဘာမှပြန်မပြောဖြစ် ရယ်ကျဲကျဲလေး ပြုံးပြပြီးတော့
ကားပေါ်ကဆင်းခဲ့သည်။

ရှာဖွေမိသောအပြာဇာတ်လမ်းရှည်များWhere stories live. Discover now