တောင်းပန်ခြင်း

1.2K 99 7
                                    

(Unicode)

November 22 nd , 1998

ဆေးရုံအဆောင်အတွင်း ဒရေကိုတစ်ယောက် ပျင်းတိပျင်းရွဲဖြင့် ခြေထောက်ကို ရှက်တိုက်ရင်း လမ်းလျှောက်ကာ ထိုင်ရမည့်နေရာရှာနေမိသည်။
ထိုင်ရမည့်နေရာတစ်နေရာ၊ တစ်နည်း ကုတင်အလွတ်ကိုတွေ့သောကြောင့် ထိုနေရာတွင်သာထိုင်လိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း ပြတင်းပေါက်အပြင်ဘက်မှ ထွန်းလင်းနေသော လဝန်းလှလှအား ငေးကြည့်နေလိုက်သည်။

ညဥ့်အတော်နက်ပြီးဖြစ်သော်လည်း အဆောင်ခန်းသို့ ပြန်ချင်စိတ်မရှိပေ။

နောက်ဆုံးနှစ်ကို တတ်ဖို့ ဟော့ဝေါ့စ်ကို ပြန်လာကတည်းက အထီးကျန်မှုကို သူခံစားနေခဲ့ရသည်။

သူ့သူငယ်ချင်းတွေအကုန်က သူအတွက် ရှိနေပေးတာတောင်မှ တစ်ခုခုကို ပျောက်ဆုံးနေသလို ခံစားနေရသည်။ သူ့နှလုံးသားမှာ ပျောက်ဆုံးနေတယ်။ အဲ့အရာကို သူဖြည့်စည်းပစ်ချင်တယ်။

ခဏအကြာတော့ မဒမ် ပွန်ဖရေးဟာ ရောက်လာပြီး သူမရဲ့လက်ကို သူ့ပုခုံးပေါ်တင်လိုက်သည်။

"ဒရေကို၊ ငါ့အစား ဆေးရုံဆောင်ကို ခဏကြည့်ထားပေးနိုင်မလား၊ ငါ မင်နီကို သွားတွေ့ချင်လို့"

ဒရေကိုဟာ ခေါင်းကို ငြိမ့်ပြလိုက်တော့ သူမက ပုခုံးကို အသာပုတ်ကာ ထွက်သွားသည်။

အတိအကျဆိုရရင် လွန်ခဲ့တဲ့သုံးလက သူရဲ့နောက်ထပ်အသစ် စူးစမ်းရမည့်အရာက တစ်ခြားတစ်ပါးသူကို ကုသပေးရသည့်အလုပ်ဖြစ်ကြောင်း သိလာခဲ့သည်။ ဒီအချင်းအရာက ဒရေကို ကိုပင် အံ့သြစေခဲ့သည်။

အဲ့အချိန်တုန်းက ကျောင်းသားတိုင်းစားခဲ့ကြတဲ့ ရွှေဖရုံသီးပိုင်မုန့်ကြောင့် အစာအဆိပ်သင့်ခဲ့ကြတယ်။ ကုသမှုတွေ အလျင်ပဲ လိုအပ်ခဲ့ကြတယ်။

ဒရေကိုပဲ မစားခဲ့တဲ့ အနည်းစုသော လူနည်းစုထဲတွင် ပါဝင်ခဲ့သည်။ ဘာလို့ဆို သူက ရွှေဖရုံသီးတွေကို မုန်းတယ်လေ။

ဖြူဖျော့ဖျော့နှင့် အလွန်မင်းအားနည်းနေသော ပင်စီကို ကူတွဲကာ ဆေးရုံဆောင်သို့ လာခဲ့ရသည်။ အဲ့ဒီမှာလဲ ကျောင်းသားတွေနဲ့ပြည့်နေခဲ့တာကြောင့် အဆုံးမှာ ပင်စီဒီထက်အခြေနေမဆိုးခင် သူကိုယ်တိုင်ပဲ ကုပေးခဲ့ရသည်။

The Warmest Place is you/ မင်းက အနွေးထွေးဆုံးပဲ (Mm Translation )Where stories live. Discover now