မင်းက ငါ့အတွက် တအားပြည့်စုံလွန်းတယ်

636 50 31
                                    

(Unicode)

December 24th, 1999

"ငါ့ကို ကြည့်ရတာ ဘယ်လို‌‌နေလဲ၊ အဆင်ပြေမယ်ထင်လား"

ဒရေကို သူ့ဝတ်စုံကို ငုံ့ကြည့်ရင်း တစ်ဆက်တည်း သူ့လက်ထဲက လက်ဆောင်ထုတ်တွေကိုပါ ကြည့်လိုက်သည်။

ရွန်က ဒီလိုလုပ်ဖို့ သူ့ကို အကြံပေးပြီးတော့ သူကိုယ်တိုင်ပဲ ခရစ္စမတ်ပွဲတော်နေ့မှာ ဘရူရို (Burrow) ကို ဟယ်ရီနဲ့တူတူ လာဖို့ ဖိတ်ထားတာ။ ဟုတ်တယ်၊ သူက ဟယ်ရီသူငယ်ချင်းတွေရဲ့ မျိုးရိုးနာမည်ကိုမဟုတ်ဘဲ နာမည်ရင်းကိုပဲ ခေါ်ဖြစ်တော့သည်။ သူနဲ့ ဟယ်ရီရဲ့ခင်မင်မှုသက်တမ်း ၁၀လလောက်ကြာတော့ သူက ရွန်နဲ့လဲ ရင်းနှီးလာတယ်။ ဟာမိုင်အိုနီနဲ့ကတော့ သုံးလလောက်၊ ဂျင်နီနဲ့ကတော့ ၆လလောက် ကြာတော့ သူတို့ခင်မင်သွားကြတယ်။

သူ စိုးရိမ်စိတ်တွေနဲ့ စိတ်လှုပ်ရှားနေတယ်။ ဝီစလေမိသားစုက ဟယ်ရီရဲ့ ဒုတိယမိသားစုပဲမလား၊ ဒါကြောင့် ဒရေကို့ကို သူတို့ သဘောကျစေချင်တယ်။

"ဒါပေါ့၊ စိတ်မပူပါနဲ့ ဒရေကိုရဲ့။ ငါမင်းကို ချစ်သလိုပဲ သူတို့ကလဲ မင်းကို ချစ်ကြမှာပါ"

ဟယ်ရီက ပြောပြီးပြီးချင်း ဒရေကိုအား သူ့ဘက်ကိုလှည့်စေကာ ခါးကနေ ဒရေကိုကို ဆွဲလိုက်သည်။ ဟယ်ရီလက်တွေက တဖြည်းဖြည်းနှင့် ဒရေကိုတင်ပါးအား ဖျစ်ညစ်လိုက်ပြီး သူ့နှာဖျားကလဲ ဒရေကို လည်ပင်းမှာ ဝေ့သီနေသည်။

"မင်းက မင်းငါ့ကို ချစ်သလို သူတို့ကို ချစ်စေချင်မယ်လို့တော့ ငါမထင်ပါဘူး"

ဒရေကို ရယ်သွမ်းကာ ပြောလိုက်သည်။ ဟယ်ရီရဲ့ နှာဖျားက ဒရေကိုလည်ပင်းမှာ ပွတ်သပ်နေပြီး အတော်လေးနစ်မြုပ်နေဟန်။

"ဟယ်ရီ၊ ငါတို့ ဒီလိုတွေလုပ်နေရင် အိမ်ပေါက်ဝကနေ အထဲကို မရောက်ဘဲ နောက်ကျလိမ့်မယ်နော်"

"အဲ့လိုမဖြစ်စေရပါဘူး၊ ခဏလေးပဲ"

ဟယ်ရီက သွားကြိမ်းစရာကောင်းလောက်တဲ့အသံနေထားနဲ့ပြောသည်။ သူတို့အိပ်ရာပေါ်က ကိစ္စတွေလုပ်တဲ့ အခါ ဒရေကို နောက်ကျောအား ပင့်တင်ထားချိန်ဆို ပြောတဲ့လေသံနဲ့ တစ်ထပ်တည်းပင်။

You've reached the end of published parts.

⏰ Last updated: Oct 26, 2022 ⏰

Add this story to your Library to get notified about new parts!

The Warmest Place is you/ မင်းက အနွေးထွေးဆုံးပဲ (Mm Translation )Where stories live. Discover now