မင်းငါ့ကို သဘောကျလား

693 68 30
                                    

(Unicode)

(သတိပေးခြင်း- အကျယ်တဖွင့် နမ်းရှိုက်ခြင်းများပါဝင်ပါသည်။)

May 31st, 1999

"ငါတို့တောင် ဘွဲ့ရပြီဆိုတာ ငါမယုံနိုင်ဘူး၊ ငါတို့ခု လူကြီးတွေဖြစ်ပြီ"

ပင်စီရဲ့စကားကို နားထောင်ရင်း သူတို့ ခန်းမထဲက ထွက်ခဲ့ကြသည်။ မနက်မိုးလင်းကတည်းက အခမ်းအနားက စတင်လာလိုက်တာ နေ့လည်ခင်းကျတော့ ပြီးဆုံးသွားသည်။ ကျောင်းသားတွေ အိမ်ပြန်ဖို့ ပြင်ဆင်လို့ရအောင်တဲ့လေ။ ပရောဖက်ဆာအကုန်လုံးရော ကျောင်းအုပ်ဆရာမကြီးပါ အပါဝင် မိန့်ခွန်းပြောကြသည်။ ဂရင်းဂျာတို့ ဝီစလေတို့လို တစ်ချို့ကျောင်းသားတွေ‌‌တောင် ပြောကြသေးသည်။ ဟယ်ရီလဲအပါဝင်ပေါ့။

ဒရေကိုက ဒီကိစ္စကို သူများတွေထပ်အရင်သိခဲ့တာပေါ့။ ဟယ်ရီပြောမည့်စကားတွေကို သူကိုယ်တိုင်လုပ်ပေးခဲ့တာလေ။ အဲ့နေ့ကဆို ညလုံးပေါက်အတူတူ ရှိနေပေးပြီး အစမ်းလေ့ကျင့်ကျသေးတယ်။

"နင် ဂရင်းဂျာရဲ့မိန့်ခွန်းကို ကြားလိုက်တယ်မလား၊ အဲ့တာက စိတ်ဝင်းဖို့ကောင်းတယ်မလား"

"အင်း ပင်စီ ငါကြားလိုက်တယ်"

ဒရေကို ပင်စီရဲ့ပျော်နေတဲ့မျက်နှာကို ပြုံးပြီးသာ ကြည့်လိုက်သည်။ ဂရင်းဂျာမိန့်ခွန်းပြောနေတုန်ကဆို ပင်စီက အဲ့ဒီအရာပေါ်မှာပဲ ထဲထဲဝင်ဝင် အာရုံစိုက်နေမြန်းသိသာသည်။ ဒါက သူမကို အကျိုးသက်ရောက်မှုရှိနေတဲ့ပုံဆိုတာ သူသိသည်။

"နင်ကတော့ အရှင်းလင်းဆုံးကြားလိုက်ရမှာမြန်းတော့ ငါသိတယ်ဟေ့"

သီအိုက ခပ်ရွတ်ရွတ်ဆိုကာ ပါးစပ်ကို လက်မောင်းဖြင့် အုပ်ကာ ရယ်သွမ်းလေသည်။

"နင့်ခေါင်းကြီးက အဲ့ကောင်မလေးဘက်ကို ချာချာလည်နေတာပဲ"

"ဟေ့ အနည်းဆုံးတော့ ငါက ဘလေ့စ်လောက်တော့ မဆိုးဘူးဟေ့"

ပင်စီက ပြောပြီးသည်နှင့် ပါးစောင်းထိုးကာ နားထောင်နေသည့်လူတိုင်းအားရုံက ဒရေကိုဘေးနားက လမ်းလျှောက်လာသည့် ဘလေ့စ်ဆီသာ။ ဘလေ့စ်မျက်နှာကတော့ ဟာသအပေါ်တုံ့ပြန်မှုမရှိ၊ ပုံမှန်အတိုင်းပင်။

The Warmest Place is you/ မင်းက အနွေးထွေးဆုံးပဲ (Mm Translation )Where stories live. Discover now