ခုရော မင်းနွေးသွားပြီမလား

606 65 7
                                    

(Unicode)

February 2 nd , 1999

ဒရေကို လက်နှစ်ဖက်ကို ပွတ်ချေရင်း အအေးဒဏ်လျော့စေရန် လေပူတွေနဲ့ မှုတ်နေမိသည်။ ခုက ဒီလရဲ့အအေးဆုံးညလို့ပင် လူတိုင်းကပြောကြသည်။ သူအခန်းထဲမှာပဲ နေလို့ရပေမဲ့လဲ သိပ်တော့ ထူးမခြားနားပေ။ ဘလေ့စ်က ပင်စီကို လာမည့်စာမေးပွဲအတွက် စာကြည့်တိုက်မှာ စာသင်နေချိန်ဖြစ်ကာ သီအိုကတော့ သူကြိုက်တဲ့တစ်ယောက်ကို ရဖို့ကြိုးစားနေသည်။ဒရေကို တစ်ယောက်ထဲ လေ့လာပြီးလို့ အရန်သင့်ဖြေယုံသာရှိတော့သည်။

ဒရေကိုအတွက်တော့ ဆေးရုံဆောင်က အလုံခြုံဆုံးလို့ ခံစားမိသည့်နေရာပင်။

"ဒရေကို၊ ကလေးမင်းဒီမှာရှိနေတုန်းလား"

မဒမ်ပွန်ဖရေးက ဒရေက်ို ထိုင်နေသည့်ကုတင်လွတ်တွင်ဝင်ထိုင်ကာ ပုခုံးပေါ်ကိုလက်တင်ကာ မေးသည်။

"ကလေး၊ မင်းအဆောင်ခန်းကို ပြန်လို့ရတာကိုသိတယ်မလား၊ ခုချိန်မှာ ဘယ်သူမှဒီမလာတော့ပါဘူး"

"အန်တီ ပွန်ဖရေး၊ ကျွန်တော်အဆင်ပြေပါတယ်၊ ကျွန်တော်ဒီနေရာကို သဘောကျတာမို့"

လပေါင်းများစွာအတူတူလုပ်ငန်းလုပ်လာတော့ မျိုးရိုးနာမည်ထက် သူမနာမည်ကိုသာ ခေါ်ဖြစ်တော့သည်။

"ကျောင်းအုပ်ဆရာမကြီးဆီသွားချင်ရင်သွားလေ၊ တစ်ယောက်ယောက်အကူညီလိုရင် ကျွန်တော်ဒီမှာရှိသားပဲ"

"မင်းက တကယ့်ကို ကောင်းမွန်တဲ့ကလေးပဲ၊ ဒရေကို"

ပုခုံးပေါ်တင်ထားတဲ့လက်ကိုဖယ်ကာ ထိုအစားခေါင်းအား မှီချလာသည်။

"မင်းအနာဂတ်မှာ ကောင်းမွန်တဲ့အရာတွေပဲရမှာပါ ကလေး"

"ကျေးဇူးပါ၊ အန်တီပွန်ဖရေး"

သူခပ်ပြုံးပြုံးနဲ့ကျေးဇူးတင်စကားဆိုတော့ သူမက ဆေးရုံဆောင်မှ ထွက်သွားလေသည်။

သူတစ်ယောက်တည်း ဖြစ်ရပြန်ပြီ။ သူ့မှာ အဖော်ဆိုလို့ လဝန်းကြီးပဲရှိသည်။ ဒါက တစ်နာရီ ဒါမှမဟုတ် တစ်နာရီထက်ကို ကျော်လွန်နေတာလဲဖြစ်မယ်။ ဒရေကို ညကောင်းကင်ပြာကြီးကို ကြည့်နေတုန်းမှာပဲ ဆေးရုံဆောင်ကို တစ်ယောက်ယောက်လာနေသည့်အသံက သူ့အာရုံကို ဖမ်းးသွားသည်။
မဒမ်ပွန်ဖရေးဖြစ်မယ်ထင်ထားခဲ့သည်။

The Warmest Place is you/ မင်းက အနွေးထွေးဆုံးပဲ (Mm Translation )Where stories live. Discover now