Chapter 8

2.1K 154 42
                                    

Unicode

Candy Contract Chapter 8

ထည်ဝါခမ်းမဟာ ဆိုသောလူကြီးနှင့် နှစ်ယောက်တည်းသာရှိနေခြင်းကြောင့်လားမသိ။ အခန်းအပူချိန်က နေလို့မကောင်းသည့် အပူချိန်မျိုးဖြစ်နေသည်။ ထည်ဝါပေးသော ရှည်လျားသည့် စာချုပ်ပါအချက်အလက်များကို ကြည့်နေရင်း နုန်းမျက်ခုံးတို့ကတွန့်ကွေးသွားသည်။

မနီးမဝေးမှာရှိနေသည့် ထည်ဝါကတော့ ကနုတ်ဖြူများရေးထိုးထားသော မီးအိမ်တင် စားပွဲရှည်ကို တင်ပါးလွှဲမှီထိုင်နေသည်။ အပေါ်ကုတ်ကိုချွတ်ကာ အနက်ရောင်ပိန်းပိန်းထနေသော အတွင်းရှပ်အင်္ကျီလက်ကို တံတောင်ထိ ခေါက်တင်ထားပြီး စာချုပ်ဖတ်နေသည့် နုန်းကိုလှမ်းကြည့်နေသည်။ နုန်းကိုသာ သိသိသာသာကြီးစိုက်ကြည့်နေသော ထည်ဝါ့မျက်လုံးများမှာ မရိုးမသားရှိလှ၏။

နုန်းကတော့ သူ့ကိုအာရုံမထား။ သူပြင်ဆင်ထားသော အချက်အလက်များကိုသာ အပြန်ပြန်အလှန်လှန်ဖတ်နေသည်။ စာရွက်ကိုလှန်နေသော နုန်းလက်ချောင်းလေးများ
က ဖယောင်းရည်နှင့်ထုသွန်းထားသလို ရှည်မျောမျောနှင့် ကိုင်ချင်စဖွယ်ဖြစ်သည်။ ထိုလက်ချောင်းများက ရန်ဖြစ်ပြီး အကြွေးဆပ်ဖို့ပိုက်ဆံရှာရမည့် လက်များမဟုတ်။ ထိုအစား သူ့ကိုသာကိုင်သင့်သည်။ ယခုနုန်းက မကိုင်ချင်တောင် တစ်ချိန်ကိုင်လာအောင်လဲ လုပ်ရမည်ဟု ထည်ဝါတွေးရင်း အာခြောက်လာသဖြင့် ရေတစ်ခွက်သောက်လိုက်သည်။
သို့သော် နုန်းကို ကြည့်နေမိခြင်းကြောင့်လေလားတော့မသိ။ ရေက သောက်လေသောက်လေ ငတ်မပြေဖြစ်နေသည်။

"ထည်ဝါ ထည်ဝါ ရေထက်ကောင်းတာတွေ့နေတော့လဲ...."

သူတစ်ယောက်တည်း သတိမထားမိဘဲ စကားပြောလိုက်မိတော့ နုန်းကမျက်လုံးပင့်ကြည့်လာသည်။ နုန်းမျက်လုံးများက ဘယ်လိုခံစားချက်မှမပါဝင်သလိုအေးစက်လှသဖြင့်ထည်ဝါတစ်ကိုယ်လုံး ရေခဲရိုက်ခံရသလိုပင် တောင့်တင်းချင်မိသွားသည်။

နောက် သူပြုံးပြလိုက်တော့မှ နုန်းကအကြည့်ပြန်လွှဲသွားပြီး စာပြန်ဖတ်နေသည်။

"ဘယ်လိုလဲ.....ဖတ်လို့ပြီးပြီလား.....နုန်း....."

ထည်ဝါ နုန်းအနားကိုမယောင်မလည်နှင့်ချဥ်းကပ်သွားပြီး နုန်းနံဘေးမှာ နီးနီးကပ်ကပ်သွားထိုင်သည်။ သူက လူချင်းမထိရုံတမယ် နီးကပ်စွာထိုင်တော့ နုန်းကနံဘေးကိုနှစ်လက်မလောက်ရွေ့သွားသည်။ ဒါကိုထည်ဝါကလည်း အလျှော့မပေးဘဲ ထပ်တိုးနေတော့ နုန်းစိတ်တိုလာသဖြင့် အသံကျယ်ကျယ်ဖြင့် အော်လိုက်ပေတော့၏။

Candy Contract (BL OC) Where stories live. Discover now