Chapter 11

2K 125 34
                                    

Unicode

Candy Contract Chapter 11

"ဒါ နုန်းအတွက် အချိန်စာရင်း...."

ထည်ဝါပေးသော စာရွက်လေးကို သေသေချာချာ ဖတ်လိုက်မိသည်။ မနက်ခင်းကတည်းက ညအထိစေ့နေသော အချိန်စာရင်းတွေကမနည်းမနော။

"ဒါတွေအားလုံး လုပ်ရမှာလား...."

ထည်ဝါက သူဝယ်လာပေးသော မြေအိုးမြီးရှည်ကိုတစ်ဇွန်းမျှခပ်စားလိုက်ပြီး

"ဒါပေါ့......"

ဟုအပြုံးနှင့်ပြန်ဖြေ၏။

နုန်းက စာရွက်ကို အချိန်ယူကာဖတ်နေပြီးမှ စားပွဲပေါ်အသာချထားလိုက်သည်။ လက်ထဲကဇွန်းကိုလည်းချထားလိုက်သည်။

"ကျွန်တော်ကျောင်းတက်ချင်သေးတယ်...ဒီအစီအစဥ်တွေထဲမှာ ကျွန်တော့်ကိုကျောင်းတက်ခွင့်ပေးဖို့ရောမပါဘူးလား...."

"ကျောင်းတက်ဖို့......"

"အင်း.....ဖြစ်နိုင်ရင် ကျွန်တော်တက်ချင်တယ်....ဒါပေမဲ့...."

နုန်းက ကြွေဇွန်းဖြူလေးကိုပြန်ကိုင်လိုက်ပြီး အစားကိုသာ မျက်လုံးရောက်စေလိုက်သည်။ မျက်လွှာကိုလည်းချထားသည်။ မာနခဲလေးက သူလုပ်ချင်တာ တောင်းဆိုနေတာတောင် ထည်ဝါ့ကိုတစ်ချက်မကြည့်။

"ခင်ဗျားက ခွင့်မပြုဘူးဆိုရင်တော့ အတင်းမတောင်းဆိုပါဘူး....ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ခင်ဗျားခိုင်းသလိုပဲလုပ်ရမှာဆိုတော့......."

"ကိုယ်တက်ခွင့်ပေးနိုင်ပါတယ်......"

ထည်ဝါက နုန်းအနားတိုးကပ်လာပြီးမှ ထပ်ပြောသည်။

"အပြန်အလှန်အနေနဲ့တောင်းဆိုချင်တာတော့ ရှိတာပေါ့..."

"ခင်ဗျား ဘာတွေပေါက်ကရတောင်းဆိုဦးမလို့လဲ...."

နုန်းက ပြန်လည်ရန်တွေ့နေတာတောင် သူ့ကိုမကြည့်ဘဲ မျက်လုံးများအောက်ချထားတာမို့ ထည်ဝါအသည်းယားလာတော့သည်။ နုန်းကိုကြည့်ပြီး တဖြည်းဖြည်း ဖျစ်ညှစ်ချင်လာသည်။ သူ့မျက်လုံးတွေကို ကြည့်ပြီး တော်ပါတော့ဟု တောင်းပန်ရလောက်အောင် ရန်တွေ့နေသောနှုတ်ခမ်းများကို နမ်းပစ်ချင်သည်။ ကြွေဇွန်းဖြူကိုကိုင်ထားသည့် ဖယောင်းလက်လေးများကို သွားရာအကွင်းလိုက်ထင်သွားအောင် ငုံခဲပစ်လိုက်ချင်သည်။

Candy Contract (BL OC) Where stories live. Discover now