Chapter 13

1.6K 117 69
                                    

Unicode

Candy Contract Chapter 13

ယနေ့က ပထမဆုံး Training စတင်တဲ့နေ့မို့ နုန်းကျောင်းမသွားရဘဲ မိုးလင်းကတည်းက အိမ်မှာသာခြေငြိမ်နေရသည်။ ထည်ဝါငှားပေးထားတဲ့ ဆရာတွေ တစ်ယောက်ပြီးတစ်ယောက်လာနေတာက မကုန်နိုင်။ မနက်ရှစ်နာရီလောက်ကတည်းက ညနေခင်းလေးနာရီလောက်အထိ တစ်ချိန်ပြီးတစ်ချိန် ဆက်တိုက်သင်နေရတော့ ခေါင်းတွေလည်းပူလာပြီးတစ်ကိုယ်လုံးလည်း အားမရှိတော့သလိုခံစားလာရသည်။

နုန်းကတော့ စိတ်ထဲကပဲ လှမ်းပြီးကျိန်ဆဲလိုက်သည်။ အနှီထည်ဝါခမ်းမဟာနဲ့ အရင်ဘဝက ဘယ်လိုရန်ငြိုးတွေရှိလာတယ်မသိ။ သူ့ကိုတစ်ချိန်လုံးနှိပ်စက်နိုင်လွန်းသည်။

"ဟူး........."

ဆရာက ခဏလေးနားခိုင်းသည့်အခိုက် ပြောင်လက်နေသောပါကေးကြမ်းပြင်ပေါ် နုန်းခြေပစ်လက်ပစ်လှဲချလိုက်သည်။ တစ်ခန်းလုံးမီးတွေထိန်နေအောင်ထွန်းထားတာကြောင့် အရာရာကပြောင်လက်လင်းထိန်နေသည်။ မျက်နှာကျက်မှာချိတ်ဆွဲထားသည့် စိန်ရောင်လိုလက်ဖြာနေသော မီးဆိုင်းကလည်း သူ့ကိုငုံ့မိုးကြည့်နေသလိုပင်။ အခန်းကအတော်ကျယ်ပြီး မြင့်လည်းမြင့်တာကြောင့် အဝေးမှမြင်နေရသည့်တိုင် ထိုမီးဆိုင်းစျေးကမနိမ့်လှကြောင့် သိသာနေသည်။

နုန်းလေ့ကျင့်သည့်အခန်းဆိုလည်း ထည်ဝါသေချာပြင်ပေးထားတာကြောင့် အတော်ကိုကုန်ကျသွားလောက်သည်။ သို့သော် ထည်ဝါက သူကုန်သမျှမှတ်ထားပြီး နုန်းဆီကပြန်တောင်းရမယ် ပြောနေသေးသည်။ ဘယ်လိုတောင် သူ့ဆီကရှိသမျှတောင်းချင်နေတဲ့လူကြီးပါလဲ။

"အိမ်ပဲပြန်ချင်တယ်....."

မီးဆိုင်းကိုကြည့်နေရာကနေ နုန်းမျက်လုံးများမှိတ်ထားလိုက်သည်။ စိတ်ထဲ အိမ်ကိုပြန်ရအောင်လုပ်ဖို့နဲ့ သူ့မိဘတွေနဲ့သာအတူတူပြန်နေဖို့ ကြိုးစားမယ်ဆုံးဖြတ်ထားတာကြောင့် ပင်ပန်းသော်လည်းသည်းခံလိုက်မည်ဟု ဆုံးဖြတ်ထားသည်။

ထိုအခိုက် ဖုန်းထဲမက်ဆေ့ချ်တစ်စောင်ဝင်လာလို့ နုန်းကြည့်လိုက်တော့ ပန်းချီ့ဆီကစာဖြစ်နေသည်။ သူ့ကိုစိတ်ဆိုးပြေဖို့ ချော့မော့ထားတဲ့စာကိုကြည့်ရင်း နုန်းဖျက်ပစ်လိုက်သည်။ နောက်ပြီး ဒီကောင်မလေးက ဘာကြောင့်များသူ့ကိုထားခဲ့ပြီးမှ ပြန်လာချင်နေသလဲဆိုတာကိုလဲတွေးမိသည်။ သူ့ဆီက တစ်ခုခုလိုချင်တာရှိနေလို့လားဟုတွေးရအောင်လဲ သူကဘာမှမပိုင်ဆိုင်တော့တာကို သိနေပြီးသားမို့မဖြစ်နိုင်ဘူးဟုတွေးမိသည်။ နောက်ပြီး ပန်းချီနဲ့တွဲတာသိပ်မကြာလိုက်တာမို့ မိသားစုအကြောင်းများများစားစားမသိသော်လည်း ပန်းချီငွေသုံးနိုင်သည့်ပမာဏကိုကြည့်ရုံနှင့် မိသားစုနောက်ခံတောင့်တင်းတယ်ဆိုသာသေချာသည်။

Candy Contract (BL OC) Where stories live. Discover now